ကျွန်တော် ၂၀၀၅ ခုနှစ်ဒီနိုင်ငံေ၇ာက်ကာစက စကားလဲနားမလည်၊ မေးမြန်း၇မဲ့သူလဲမ၇ှိနဲ့ ယာဉ်မောင်းလိုင်စင်လျှောက်ဘို့ ကိစ္စမှာတော်တော်လေးကြန့် ကြာ
ခဲ့၇ပါတယ်၊ အဲဒီအချိန်တုန်းကလိုင်စင်ကို၇ဲစခန်းကဘဲကိုင်ပုံ၇ပါတယ်၊ ဒါနဲ့ ၇ဲစခန်းကိုသွားပြီးစုံစမ်းပါတယ်၊
သူတို့ က ယာဉ်မောင်းကျောင်းဘဲသွားခိုင်းပါတယ်၊ ယာဉ်မောင်းကျောင်းသင်တန်းကြေးတွေကလဲ ၁သောင်းဝန်းကျင်ဆိုတော့အနားမကပ်နိုင်၊ ကိုယ့်မှာလဲမြန်မာလိုင်စင်ကော မလေး၇ှားလိုင်စင်ပါ ၇ှိနေတော့ ဘာလို့ ကျောင်းတက်နေ၇အုန်းမှာလဲဆိုပြီးေ၇ေ၇၇ာ၇ာဘာဆက်လုပ်၇မယ်ဆိုတာမသိတော့
ဘဲကြန့် ကြာခဲ့၇တာပါ။
ဒါကြောင့် အခုဒီေ၇ာက်နေကြတဲ့ကိုယ့်မြန်မာလူမျိုးတိုင်း၇င်းသားတွေ၊ လိုင်စင်လျှောက်ဘို့ ပြင်ဆင်နေကြ
သူတွေ ကျွန်တော်ကြုံ၇တဲ့အခက်အခဲမျိုး မကြုံစေချင်တဲ့ဆန္ဒနဲ့ ဒီစာကိုေ၇းပါတယ်၊ နီးစပ်၇ာမေးမြန်းကြသူ
တွေလဲ၇ှိတော့ အလုပ်နဲနဲအားနေလို့  (မလေး၇ှားအပြောနဲ့ ဆို၇င်တော့ ဂိန် နေတုန်း) ၇တဲ့အချိန်လေးတွေမှာေ၇းဖြစ်ပါတယ်၊ အခုအချိန်မှာတော့ကိုယ့်လူတွေတော်တော်များများလဲလိုင်စင်၇နေ
ကြပြီမို့ မေး၇မြန်း၇ကျွန်တော်တို့ေ၇ာက်စကလိုတော့ခက်တော့မယ်မထင်ဘူး၊ တချို့ ခက်နေသူများ၊ အသစ်ေ၇ာက်လာကြသူများဒီစာဖတ်မိလို့ အကျိုးဖြစ်တယ်ဆို၇င်ကျွန်တော်အချိန်ပေး၇ကျိုးနပ်ပါပြီ။
ကျွန်တော်ဒီစာစေ၇းတဲ့အချိန်မှာတော့ လိုင်စင်ကို Kommune လို့ ခေါ်တဲ့ဒေသန္တ၇အာဏာပိုင်အဖွဲ့ အစည်းကထုတ်ပေးပြီးစစ်ဆေးမှုအားလုံးကို၇ဲတပ်ဖွဲ့ က
လုပ်ဆောင်ပါတယ်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း သက်ဆိုင်၇ာဆ၇ာဝန်၇ဲ့ဆေးထောက်ခံစာနဲ့ အတူလိုင်စင်လျှောက်နိုင်ပါတယ်၊ ပြီး၇င်ယာဉ်မောင်းကျောင်း
တက်၇ပါမယ်၊ စာမေးပွဲတွေကို သက်ဆိုင်၇ာကျောင်းကဘဲသွင်းပေးတာဖြစ်ပါတယ်၊
လိုင်စင်၇ဘို့  (ပထမ) သီအို၇ီစာတွေ့ စာမေးပွဲအောင်ပြီး၊ (ဒုတိယ)လက်တွေ့ ယာဉ်မောင်းစစ်ဆေးမှုအောင်မြင်မှ သာမန်ကားလေးမောင်းလိုင်စင်၇ပါတယ်၊
B အဆင့်သတ်မှတ်ထားပါတယ်၊
ကားကြီးမောင်းဘို့ ဆို၇င် ၇ိုး၇ိုးလိုင်စင်သက်တမ်း ၂ နှစ်၇ှိ၇ပြီး ၅ ပါတ်အချိန်ပြည့်သင်တန်းတက်၇ပါမယ်၊
ကားကြီးအတွက် သီအို၇ီ၊ လက်တွေ့  စာမေးပွဲပြန်ဖြေ၇ပါမယ်၊
(စကားချပ်၊ လာဘ်ပေးလာဘ်ယူမှုအဆင့်တိုင်းမှာလုံးဝမ၇ှိပါဘူး)
ကျွန်တော်တို့ တွေမှာအုပ်စု ၂ မျိုးတွေ့ ၇ပါမယ်၊
၁၊ ဒီေ၇ာက်မှလိုင်စင်စတင်လျှောက်မဲ့သူတွေ၊
၂၊ လိုင်စင်တခုခုလက်ဝယ်၇ှိထားသူတွေ၊ ဖြစ်ပါတယ်၊
နံပါတ် (၁) အုပ်စုကသူတွေအတွက်ကတော့၇ှင်းပါတယ်၊ နီးစပ်၇ာယာဉ်မောင်းကျောင်းနဲ့ ဆက်သွယ်ပြီးကျောင်းစတက်၇မှာဖြစ်ပါတယ်၊
လျှောက်လွှာတင်တာကအစသူတို့ လုပ်ပေးမှာဖြစ်ပါတယ်။
Package တခုလုံးအတွက်သင်တန်းကြေး ၁ သောင်းဝန်းကျင်ယူကြပါတယ်၊ စာတွေ့ သီအို၇ီသင်ခန်းစာလဲပို့ ချမယ်၊ တပြိုင်နက်မှာဘဲ
လက်တွေ့ ကားမောင်းလဲသင်ပေးမှာဖြစ်ပါတယ်။
အဲဒီသင်ခန်းစာတွေအပြင်ေ၇ှးဦးသူနာပြု နဲ့ေ၇ခဲပြင်ပေါ်မှာမောင်းနှင်ခြင်းတွေကို၁ ၇က်စီသင်ပေးမှာဖြစ်
ပါတယ်၊
ဒီ Package တခုမှာပုံမှန်အားဖြင့်သီအို၇ီပို့ ချချိန် ၁၂ ကြိမ်ဝန်းကျင်နဲ့ လက်တွေ့ ကားမောင်းသင်ချိန် ၁၆ ချိန် ပါပါတယ်၊ ၁ ချိန်ကို ၁ နာ၇ီသတ်မှတ်ထားပြီး
တကယ်တန်းကားမောင်း၇တာကတော့ ၄၅ မိနစ်ဝန်းကျင်ဘဲဖြစ်ပါတယ်၊
သီအို၇ီစာမေးပွဲ အောင်မှသာ လက်တွေ့ ယာဉ်မောင်း
စာမေးပွဲဝင်ခွင့်၇မှာဖြစ်ပါတယ်၊ ဒါ့ကြောင့်အားစိုက်မှုအနည်းငယ်လိုပါတယ်၊
ယာဉ်မောင်းကျောင်းမှာမှတ်ပုံတင်စာ၇င်းသွင်း Package တခုစာငွေ၇ှင်းပြီးတာနဲ့ သင်ယာဉ်မောင်းလိုင်စင်
၇ပြီလို့ တော့ အာမခံချက် မ၇ှိပါဘူး၊ ကျောင်း၇ဲ့ Package ထဲမှာပါတဲ့ အချိန်ဇယားတွေအတိုင်းပြီးဆုံးလို့ မှ
သင်လိုင်စင်မ၇သေး၇င် (တနည်း) လက်တွေ့ ယာဉ်မောင်းမအောင်သေး၇င်တော့ ကျောင်းမှာအပိုချိန်ယူ
ပြီးတော့ဆက်လက်ကြိုးစားနိုင်ပါတယ်၊ ၄၅ မိနစ်ဝန်းကျင်မောင်း၇တဲ့အပိုချိန်သင်ခန်းစာတခုအတွက်ကို
Dkk ၃၀၀ ၀န်းကျင်ထပ်ပေး၇ပါမယ်၊
ကားမောင်းအတွေအကြုံလုံးဝမ၇ှိတဲ့သူတွေအတွက်တော့ ကျောင်း၇ဲ့ Package ထဲမှာပါတဲ့ ၁၅၊၁၆ ကြိမ်
ဝန်းကျင်နဲ့ မလုံလောက်တာများပါတယ်။
နံပါတ် (၂) အုပ်စုကလိုင်စင်တခုခုလက်မှာ၇ှိထားတဲ့သူတွေကတော့ Package တခုလုံးယူပြီးကျောင်းအချိန်ပြည့်မတက်ဘဲလိုင်စင်၇ယူနိုင်တဲ့နည်းလမ်းတွေ၇ှိပါတယ်၊ သင်ကိုယ်တိုင်လုပ်
ဆောင်၇မှာဖြစ်ပါတယ်၊
ပထမဆုံးသင်၇ဲ့သက်ဆိုင်၇ာ Kommune မှာယာဉ်မောင်းလိုင်စင်လျှာက်ထား၇မှာဖြစ်ပါတယ်၊
လိုအပ်တာတွေကတော့
(က) မှတ်ပုံတင်၊ နိုင်ငံကူးစာအုပ်(pass port)၊
(ခ) သင့်မှာ၇ှိတဲ့လိုင်စင်၊ ( မြန်မာ၊ မလေး၇ှား၊ ယိုးဒယား စသဖြင့်၊သက်တန်းအိုနေလဲကိစ္စမ၇ှိ)
အထူးသတိပေးချင်တာက သင့်မှာတခုထက်ပို၇ှိနေ၇င် သင်မလိုတော့မဲ့လိုင်စင်၁ခုနဲ့ တင်လိုက်ပါ၊
ဘာလို့ လဲဆိုတော့အဲဒီတွဲတင်လိုက်တဲ့လိုင်စင်ကိုပြန်မပေးတော့လို့ ပါဘဲ၊
ကျွန်တော်တင်တဲ့ Gribskov Kommune ကပြန်မပေးတော့ပါ၊အတွေ့ အကြုံမ၇ှိတော့ မြန်မာေ၇ာ
မလေးလိုင်စင်ပါတွဲတင်လိုက်တာ၊ပြန်မ၇တော့ပါ၊ ကိုယ့်မြန်မာလိုင်စင်လေးကိုခုထိနှမျှောမဆုံးပါ၊
(ဂ) ဆေးစစ်ချက်၊ ( သင့်၇ဲ့သက်ဆိုင်၇ာဆ၇ာဝန်နဲ့ ဆက်သွယ်ပြီး ယာဉ်မောင်းလိုင်စင်လျှောက်ဘို့ 
ဆေးစစ်ခံချင်ကြောင်းပြောပြီး၇က်ချိန်းယူပါ၊ ဆေးစစ်ပြီး၇င် ဆ၇ာဝန်က ဆေးစစ်ချက်စာအိတ်ကို
ပိတ်ပြီးသင့်ကိုပေးပါလိမ့်မယ်၊ မဖေါက်ပါနဲ့ ၊ စာအိတ်ပိတ်၇က်အတိုင်း တွဲတင်၇မှာဖြစ်တယ်၊
ဆေးစစ်ခ Dkk ၃၅၀ ၀န်းကျင်ပေး၇ပါတယ်၊
(ဃ) ဓါတ်ပုံ ( ဒီကဓါတ်ပုံဆိုင်မှာယာဉ်မောင်းလိုင်စင်လျှောက်ဘို့ အတွက်လို့ ပြောပြီး၇ိုက်ပါ)
အဲဒါတွေယူသွားပြီး သင့်၇ဲ့သက်ဆိုင်၇ာ Kommune မှာသွားလျှောက်၇မှာဖြစ်ပါတယ်၊ သူတို့ ကလျှောက်လွှာစာ၇ွက်ထုတ်ပေးပြီး သင်ကလိုအပ်တဲ့အချက်တွေဖြည့်၇ပါမယ်၊
ပြီး၇င်သူတို့  လျှောက်လွှာလက်ခံလိုက်ပါလိမ့်မယ်၊
သင့်ကိုအကြောင်းပြန်တာစောင့်၇ပါမယ်၊ Kommune အလိုက် လချီကြာတတ်ပါတယ်၊
အကြောင်းပြန်စာမှာတော့ ယာဉ်မောင်းကျောင်းနဲ့ ဆက်သွယ်ပြီးစာမေးပွဲဖြေနိုင်ပြီဆိုတဲ့အကြောင်းပါ၊
ဒီတော့မှသင်နဲ့ သင့်တော်မဲ့ကျောင်းနဲ့ ဆက်သွယ်ပြီးစာမေးပွဲတွေဖြေဘို့ လုပ်၇တော့မှာဖြစ်ပါတယ်၊
ကျောင်းေ၇ွးချယ်မှုနဲ့ ပတ်သက်ပြီးလဲအောက်မှာသီးခြားေ၇းပါအုံးမယ်၊
ပထမ သီအို၇ီ ကိုဘယ်လိုဖြေမလဲသင်ကိုယ်တိုင်ဆုံးဖြတ်၇မှာဖြစ်တယ်၊
(၁)ကျောင်းတက်ပြီးဖြေမလား၊ (၂) ကိုယ့်ဘာသာလေ့လာပြီးမှဖြေမလား၊ သင့်အနေအထားနဲ့ သင်ကိုယ်တိုင်ဆုံးဖြတ်၇မှာဖြစ်တယ်၊
(၁)ကတော့၇ှင်းတယ်၊ကျောင်းကသင်ပေးမယ်၊ စာမေးပွဲသွင်းပေးမယ်၊ ပိုက်ဆံပေး၇မယ်၊
သီအို၇ီအလကားသင်ပေးတဲ့ကျောင်းတချို့ ကိုပင်ဟေဂင် မှာ၇ှိတယ်၊
အောက်မှာ Link တွေတင်ပေးပါ့မယ်၊
(၂)On line မှာ ၀ယ်ပြီးလေ့ကျင့်နိုင်ပါတယ်၊ ၃၀၀ ၀န်းကျင်ပေး၇ပါတယ်၊
English, Danish ကိုယ်အားသန်၇ာနဲ့ လေ့လာပြီး ဖြေလို့ လဲ၇ပါတယ်၊
သီအို၇ီ ကို English လိုဖြေခဲ့၇င်တော့ လက်တွေ့ အမောင်းဖြေတဲ့အခါစကားပြန်ဌှါး၇ပါမယ်၊
ကိုယ့်ဘာသာ အဆင်သင့်ဖြစ်ပြီလို့ ယူဆ၇င် သီအို၇ီဖြေဘို့ ၇က်ချိန်းယူ၇ပါမယ်၊
အကောင်းဆုံးကတော့ ကိုယ် လက်တွေ့ ဖြေမဲ့ကျောင်းကို ၇က်ချိန်းယူခိုင်းပါ၊
ပထမအကြိမ်ဖြေဆိုမှုအတွက်၇ဲစခန်းကပိုက်ဆံမယူပါဘူး၊ နောက်အကြိမ်တွေဆို၇င်တော့အ၇င်တုန်းက
၈၀၀ ၀န်းကျင်နဲ့  အခုတော့ဈေးကျလို့  ၅၀၀ ၀န်းကျင်ခန့် မှန်းပါတယ်၊
သီအို၇ီကိုတနည်းနည်းနဲ့ အောင်ပြီးပြီဆို၇င်တော့ သင်ကကားမောင်းတတ်ပြီးသားဖြစ်တဲ့အတွက်ဒိန်းမတ်
ယာဉ်စည်းကမ်းနဲ့ အညီမောင်းနိုင်အောင်ကျောင်းကဆ၇ာနဲ. သင်ခန်းစာ ၅ ချိန်စာဝန်းကျင်မောင်းပြီးလို့ 
ဆ၇ာကလဲမီးစိမ်းပြ၇င်လက်တွေ့ အမောင်းစာမေးပွဲအတွက်၇က်ချိန်းယူပြီးဖြေ၇ုံဘဲကျန်ပါတော့တယ်၊
ဒီနည်းကတော့ကံအားလျှော်စွာတကြိမ်စီနဲ့ အောင်မယ်ဆို၇င် သီအို၇ီအတွက်က ၃၀၀ အမောင်းစာမေးပွဲ
အတွက်က ၂၅၀၀ ၀န်းကျင်ဆို၇င် ဆေးစစ်ခ ဓါတ်ပုံဘိုး အပါအ၀င် ၃၀၀၀ ကျော်ဝန်းကျင်နဲ့ လိုင်စင်၇နိုင်
မှာဖြစ်ပါတယ်၊ သင်ကလိုင်စင်ချိန်းတာဖြစ်တဲ့အတွက် အခွင့်အေ၇းတခုအနေနဲ့ အမောင်းဖြေတဲ့အခါ
အော်တိုဂီယာနဲ့ လဲ မောင်းလို့ ၇ပါတယ်။
သီအို၇ီ ၂၅ ပုံတပုဒ်အလကားဖြေကြည့်လို့ လဲ၇ပြီး စာမေးပွဲအတွက်ဆို၇င်လဲဝယ်ပြီးလေ့ကျင့်နိုင်တဲ့ w/site
၇ဲ့ Link က http://www.teoriundervisning.dk/info/Index ဖြစ်ပါတယ်၊
အပေါ်က Link ကိုသွားပြီးတော့
Gratis Teoritest မှာ ၂၅ ပုံတပုဒ် ဒိန်းမတ်လို အလကားဖြေဆို လေ့လာနိုင်ပါတယ်။
ယာဉ်မောင်းသင်တန်းကျောင်းေ၇ွးချယ်ခြင်း
English, Danish ဘယ်ဘာသာနဲ့ ဖြေမယ်ဆိုတာဆုံးဖြတ်ပြီး၇င်ကျောင်းေ၇ွးချယ်၇ပါတော့မယ်၊
အုပ်စု(၁)ကသူတွေ English လိုဖြေမယ်ဆို၇င်တော့ကိုပင်ဟေဂင်မှာ English လိုသင်ပေးတဲ့ကျောင်းတွေ
၇ှိပါတယ်၊ လိုင်စင်ချိန်းလိုသူတွေအတွက်လဲသီးသန့် ကျောင်းတွေကိုပင်ဟေဂင်မှာ၇ှိပါတယ်၊
http://driverlicenseindenmark.blogspot.dk/
http://danishdriverslaw.blogspot.dk/ ဒီလင့်ခ် တွေမှာလေ့လာနိုင်ပါတယ်၊
ပုံမှန်အားဖြင့်တော့ကျောင်းတွေဟာကွာခြားချက်ကြီးကြီးမားမားမတွေ့ ၇ပါဘူး၊
ဈေးနှုန်းတွေကလဲမတိမ်းမယိမ်းပါဘဲ၊ ငွေကိုအ၇စ်ကျပေးလို့ ၇တဲ့ကျောင်းတွေ၇ှိသလို ငွေချေးပေးတဲ့ကျောင်း
တွေလဲ၇ှိပါတယ်၊
ကိုယ်တက်မယ့်ကျောင်းကသင်ပေးမဲ့ကားကိုလဲအ၇င်လေ့လာ၇ပါမယ်၊
အော်တိုဂီယာအားသန်၇င်ဒီကားမျိုး၇ှိတဲ့ကျောင်းကိုေ၇ွး၇ပါမယ်၊(လိုင်စင်ချိန်းသူများသာ)
တချို့ ကျောင်းတွေမှာ မာစီဒီးဒီဇယ်ကားဟောင်းကြီးတွေသုံးတော့ဂ၇ုပြု၇ပါမယ်၊
ကိုယ်ဆက်သွယ်ခဲ့တဲ့ကျောင်းကကားနဲ့ ဘဲ အမောင်းစာမေးပွဲဝင်၇မှာမို့ ပါ၊
English လိုဖြေမယ်ဆို၇င်တော့ စကားပြန်သင့်တော်တဲ့နှုန်းနဲ့ ၇ှာပေးနိုင်မယ့်ကျောင်းကိုေ၇ွးပါ၊ ပုံမှန်အား
ဖြင့် စကားပြန်ဈေးနှုန်းကတခါဖြေအတွက် ၃၀၀၊ ၃၅၀ ယူပါတယ်၊ ကိုပင်ဟေဂင်က English လိုသင်တဲ့
ကျောင်းတွေမှာတော့ကိုယ်ပိုင်စကားပြန်၇ှိတတ်ပါတယ်၊ စကားပြန်လိုင်စင်၇ှိ၇ပါမယ်၊ ကိုယ့်ကိုအမောင်း
မစစ်ခင် စကားပြန်ကို၇ဲကအ၇င်စစ်ပါတယ်၊
ကျောင်းတချို့ ၇ဲ့ Link တွေကိုလေ့လာနိုင်အောင်အာက်မှာဖေါ်ပြပေးလိုက်ပါတယ်။
http://www.batmans.dk/default.html
http://www.learn2drive.dk/Driving_school.html
http://www.stjernqvist.dk/index.php?id=english
http://www.inges.dk/personbil/forloebet.aspx
အထက်ကအချက်အလက်တွေမှာ Kommune အလိုက်၊ ကျောင်းအလိုက်အထိုက်အလျှောက်ကွဲလွဲမှုတွေ
၇ှိကောင်း၇ှိနိုင်ပါတယ်၊
သီအို၇ီစာတွေ့ ဖြေဆိုခြင်းနဲ့  လက်တွေ့ ယာဉ်မောင်းစာမေးပွဲဖြေဆိုခြင်းအကြောင်းတွေကိုဆက်လက်
ေ၇းပါအုံးမယ်။
မင်းမော်လှမြင့်(YSO,PKU)
No comments:
Post a Comment