အခုတလောကျွန်တော်တို့ နိုင်ငံမှာ ယာဉ်မတော်တဆဖြစ်မှုတွေမကြာခဏဆိုသလိုကြားနေ၇ပါတယ်၊ အပြစ်တင်ဝေဖန်မှုတွေလုပ်နေကြမဲ့အစား လုပ်သင့်တာတာတွေ ပြုပြင်သင့်တာတွေကို အချိန်မှီလုပ်ဆောင်နိုင်မှေ၇၇ှည်မှာအသက်တွေကိုကယ်တင်နိုင်မှာဘဲဖြစ်ပါတယ်၊ ဆ၇ာအေးငြိမ်း၇ဲ့ ကားတာယာအကြောင်း စာအုပ်ထွက်လာပါတယ်၊
လေ့လာလိုက်နာနိုင်၇င်အတိုင်းအတာတခုအထိအကျိုးဖြစ်စေမှာပါ၊
လမ်း၇ယ် ယာဉ်နဲ့ ယာဉ်မောင်း၇ယ် ဆုံကြတဲ့ဖြစ်စဉ်မှာ လမ်း၇ဲ့အနေအထားကောင်းမွန်မှု၊ ယာဉ်၇ဲ့စက်ပိုင်းဆိုင်၇ာကြံခိုင်မှုတွေ အေ၇းပါသလို ယာဉ်မောင်း၇ဲ့ ယာဉ်စည်းကမ်းလိုက်နာမှု၊ ယာဉ်ကိုကျွမ်းကျင်စွာထိန်းသိမ်းနိုင်မှုတွေက အဓိကနေ၇ာမှာ၇ှိနေပါတယ်။
ဒီစာမှာယာဉ်မတော်တဆဖြစ်မှုနည်းပါးတဲ့ဒိန်းမတ်နိုင်ငံ၇ဲ့ ယာဉ်ဆိုင်၇ာဆိုင်းဘုတ်တွေနဲ့  ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုကိုအဓိကထားလက်လှမ်းမှီသလောက်တင်ပြပါမယ်၊ ဒိန်းမတ်မှာယာဉ်မောင်းသူအများစုကစည်းကမ်းလိုက်နာကြတော့ ယာဉ်အန္တ၇ာယ်ပြောပလောက်အောင်မ၇ှိတဲ့အပြင် ယာဉ်မောင်းသူတွေကိုယ်တိုင်နဲ့ ခ၇ီးသည်များပါလုံခြုံမှု၇ှိတာတွေ့ ၇ပါတယ်၊ ယာဉ်မောင်းနှုန်းကိုလဲအများစုကလိုက်နာကြတော့ မလိုလားအပ်တဲ့ယာဉ်အန္တ၇ာယ်မဖြစ်တဲ့အပြင် ယာဉ်ကြောပိတ်ဆို့ မှုလဲပြောပလောက်အောင်မတွေ့ ၇ပါဘူး။
လမ်း၊
လိုအပ်တဲ့နေ၇ာတိုင်းမှာဆိုင်းဘုတ်တွေ၇ှိဘို့ လိုသလို ယာဉ်မောင်းသူများကလဲလိုက်နာမောင်းနှင်ကြဘို့ 
အထူးအေ၇းကြီးပါတယ်၊
ဒိန်းမတ်နိုင်ငံမှာတော့လမ်းပေါ်မှာယာဉ်နဲ့ သက်ဆိုင်တဲ့ဆိုင်းဘုတ်အမျိုးအစား ၁၀ မျိုး၇ှိပါတယ်၊
၁၊ သတိပေးဆိုင်းဘုတ်
၂၊ တားမြစ်ဆိုင်းဘုတ်
၃၊ အမိန့် ပေးဆိုင်းဘုတ်
၎၊ အသိပေးဆိုင်းဘုတ်
၅၊ ဧ၇ိယာဆိုင်းဘုတ်(သင်ေ၇ာက်နေတဲ့ ဇုန်ဧ၇ိယာကိုဖော်ပြပါတယ်)
၆၊ ဆင့်ပွါးဆိုင်းဘုတ်(သက်ဆိုင်၇ာဆိုင်းဘုတ်နဲ့ တွဲပြီးဖေါ်ပြလေ့၇ှိပါတယ်)
၇၊ လမ်းအနားသတ်ဆိုင်းဘုတ်(အန္တ၇ာယ်၇ှိနိုင်တဲ့တဆစ်ချိုးလမ်းမျိုးမှာသုံးပါတယ်)
၈၊ လမ်းပြဆိုင်းဘုတ်
၉၊ ဆားဗစ်(စ်)ဆိုင်းဘုတ်
၁၀၊ တာဝန်ဆိုင်းဘုတ်(မဖြစ်မနေလိုက်နာ၇ပါမယ်) တို့ ဖြစ်ကြပါတယ်၊
ဒါ့ကြောင့်ယာဉ်မောင်းတွေကလဲဆိုင်းဘုတ်တွေကိုအလေးထားကြည့်၇မှာဖြစ်ပါတယ်၊
လမ်းပေါ်မှာချို့ယွင်းချက်ဖြစ်နေတဲ့နေရာတွေကိုလဲအမြန်ဆုံးပြင်ဆင်သင့်ပါတယ်။
ယာဉ်၊
ယာဉ်တွေ၇ဲ့ကြံ့ခိုင်ေ၇းကိုလဲသက်ဆိုင်၇ာကစစ်ဆေးမှုတွေလုပ်၇ပါမယ်၊
ဒိန်းမတ်မှာတော့ ၂ နှစ်တကြိမ်ကားစစ်ဆေးမှုလုပ်၇ပါတယ်။
ယာဉ်မောင်း၊
မူးပြီးမောင်းမှုတွေကိုတော့အထူးကြပ်မတ်၇ပါ့မယ်၊
ဒိန်းမတ်မှာမူးပြီးယာဉ်မောင်းခြင်းကို ဥပဒေအ၇သာမက လူမှုေ၇းအ၇ပါခွင့်မပြုပါ၊
သွေး ၁ မီလီလီတာမှာအယ်ကိုဟောပမာဏ ၀.၅ မီလီ၇ှိနေလျှင်ဆိုင်ကယ်အပါအ၀င်ယာဉ်မောင်းခြင်းကို
တားမြစ်ထားပါတယ်၊ အနိမ့်ဆုံးပြစ်ဒဏ်ကတော့ အတော်များတဲ့ဒဏ်ငွေနှင့်တကွလိုင်စင်သိမ်းသလို
ထောင်ချနိုင်သည်အထိ ဥပဒေ သတ်မှတ်ထားပါတယ်၊
ခ၇ီးသည်တင်ဘတ်(စ်)ကားမောင်းသူတွေ ၄ နာ၇ီထက်ကျော်ပြီးဆက်တိုက်မောင်းခွင့်မ၇ှိပါဘူး၊
အနည်းဆုံး ၄၅ မိနစ်နားပြီးမှဆက်မောင်း၇ပါမယ်၊
စကားပြောမောင်းနှင်ခြင်းကိုလဲလုံးဝခွင့်မပြုပါ၊
ဘတ်(စ်)ကားယာဉ်မောင်းသူဟာ မောင်းနှင်နေစဉ်မှာ ခ၇ီးသည်(သို့ )တစ်စုံတစ်ဦးနဲ့  စကားပြောတာကိုတခြားခ၇ီးသည်များကကန့် ကွက်ခွင့်အပြည့်၇ှိတာတွေ့ ၇ပါတယ်။
ဒိန်းမတ်နိုင်ငံ၇ဲ့ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုစနစ်
ကျွန်တော်တို့ နိုင်ငံ၇ဲ့ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုကိုလဲေ၇၇ှည်ကြည့်ပြီးအထူးကြပ်မတ်၇ပါမယ်၊ ကားကောင်းကောင်းမမောင်းတတ်တဲ့ကျွန်တော့်အဒေါ င်္တယောက်မှာလိုင်စင်၇ှိနေတာမျိုးပါ၊
ဒိန်းမတ်နိုင်ငံ၇ဲ့ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုစနစ်နဲ့ နှိင်းယှဉ်ပြီးအပြုသဘောအကြံပြုဆွေးနွေးတင်ပြချင်ပါတယ်၊
ယာဉ်မောင်းလိုင်စင်၇ဘို့ ခက်ခဲတဲ့နိုင်ငံတွေထဲမှာဒိန်းမတ်ကေ၇ှ့ဆုံးကပါ ပါတယ်၊
တ၇ားဝင်ဖွင့်ထားတဲ့ ယာဉ်မောင်းကျောင်းကိုမဖြစ်မနေတက်၇မှာဖြစ်ပါတယ်၊
မြို့ တိုင်းမှာကျောင်းတွေ၇ှိပြီးမိမိနှစ်သက်၇ာကျောင်းကိုေ၇ွးချယ်နိုင်ပါတယ်၊
လိုင်စင်၇ဘို့  ၂ လ၀န်းကျင်နဲ့ နှစ်ချီပြီးလဲကြာတတ်ပါတယ်၊
သက်ဆိုင်၇ာစာမေးပွဲတွေမအောင်လို့ လိုင်စင်မ၇သူများလဲ၇ှိကြပါတယ်၊
မိမိတက်ေ၇ာက်တဲ့ယာဉ်မောင်းကျောင်းကနေ လျှောက်လွှာတင်ခြင်း၊ စာမေးပွဲသွင်းပေးခြင်းတို့ ကို
လုပ်ပေးမှာဖြစ်ပါတယ်၊
ဒိန်းမတ်မှာလိုင်စင်ကိုဒေသန္တ၇အာဏာပိုင်အဖွဲ့ အစည်းကထုတ်ပေးပြီးစစ်ဆေးမှုအားလုံးကို၇ဲတပ်ဖွဲ့ 
ကလုပ်ဆောင်ပါတယ်၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းလိုင်စင်လျှောက်ထားနိုင်ပါတယ်၊
လိုင်စင်၇ဘို့  (ပထမ) သီအို၇ီစာတွေ့ စာမေးပွဲအောင်ပြီး (ဒုတိယ)လက်တွေ့ ယာဉ်မောင်းစစ်ဆေးမှုအောင်မြင်မှ သာမန်ကားလေးမောင်းလိုင်စင်၇ပါတယ်၊
လိုင်စင်၇ပြီး၇င်လဲ ပြစ်ဒဏ်မ၇ှိခဲ့၇င်အသက် ၇၀ ထိသက်တမ်းတိုးဘို့ တို့ နှစ်စဉ်ကြေးတို့ ပေးစ၇ာမလိုတော့
ပါဘူး၊ အသက် ၇၀ ပြည့်ပြီး၇င်တော့ပြန်လျှောက်၇မှာဖြစ်ပါတယ်၊
(ကားကြီးမောင်းဘို့ ဆို၇င် ၇ိုး၇ိုးလိုင်စင်သက်တမ်း ၂ နှစ်၇ှိ၇ပြီး ၅ ပါတ်အချိန်ပြည့်သင်တန်းတက်၇ပါမယ်၊
ကားကြီးအတွက် သီအို၇ီ၊ လက်တွေ့  စာမေးပွဲပြန်ဖြေ၇ပါမယ်၊)
စကားချပ်။ ။ ဖြေဆိုမှုတိုင်းမှာလာဘ်ပေးလာဘ်ယူမှုလုံးဝမ၇ှိပါ၊
သီအို၇ီစာတွေ့ စာမေးပွဲ
မီးအသုံးပြုခြင်း၊ ဆိုင်းဘုတ်များကိုနားလည်ခြင်း၊ လမ်းအမျိုးအစား၊ လမ်းပေါ်မှမျဉ်းများအမှတ်အသားများ၊ ဦးစားပေးမှု၊ အ၀ိုင်းပတ်ခြင်း၊ အမြန်လမ်းမပေါ်ဝင်ခြင်း ထွက်ခြင်း၊ မြို့ ထဲ မြို့ ပြင်မောင်းနှင်ခြင်း၊
မီးပွိုင့်များကိုနားလည်ခြင်း၊ ယာဉ်၇ပ်နားခြင်း၊ စတာတွေနဲ့ ပတ်သက်တဲ့ ဓါတ်ပုံကားချပ် ၂၅ ခုအတွက်
မေးခွန်းကြီး ၂၅ ပုဒ်ကို တခုဆီဖြေဆို၇မှာဖြစ်ပါတယ်၊
ပုံတပုံအတွက် အမှားအမှန်မေးခွန်းငယ် ၃ပုဒ်(သို့ ) ၄ ပုဒ်မေးပါတယ်၊ ၄ ပုဒ်များပါတယ်၊
မေးခွန်းငယ်တပုဒ်မှား၇င် တပုဒ်လုံးအမှားပေးပါတယ်၊
ဒါ့ကြောင့်မေးခွန်းကြီး ၂၅ ပုဒ်မှာအနည်းဆုံး အပုဒ်ကြီး ၂၀ မှန်မှအအောင်ပေးပါတယ်၊
၂၅ မိနစ်အချိန်ပေးပါတယ်။
သီအို၇ီအောင်ပြီး ၁ နှစ်အတွင်းမှာဘဲလက်တွေ့ ယာဉ်မောင်းဖြေဆိုခွင့်ပြုထားပါတယ်၊
စိတ်ဝင်စားလို့ လေ့လာဖြေဆိုကြည့်ချင်၇င် ဒီ အောက်က Link ကိုသွားပြီး
http://www.teoriundervisning.dk/info/Index
GRATIS TEORITEST မှာနှိပ်ပြီးလေ့လာနိုင်ပါတယ်၊
လက်တွေ့ ယာဉ်မောင်းစစ်ဆေးမှု
သီအို၇ီစာမေးပွဲအောင်မြင်ပြီးမှဘဲ ဖြေဆိုခွင့်ပြုပါတယ်၊
သက်ဆိုင်၇ာ ယာဉ်မောင်းကျောင်းကကားနဲ့ သက်ဆိုင်၇ာ၇ဲစခန်းမှာသွားပြီး လက်တွေ့ ယာဉ်မောင်း
စစ်ဆေးမှုခံ၇မှာဖြစ်ပါတယ်၊ တာဝန်ကျ၇ဲအ၇ာ၇ှိတဦးကစစ်ဆေးမှာဖြစ်ပါတယ်၊
ပုံမှန်အားဖြင့်ယာဉ်၇ဲ့စက်ပိုင်းဆိုင်၇ာအကြမ်းမျဉ်း၊( ဘယ်ဟာက အင်ဂျင်၊ ဘ၇ိတ်စမ်းခြင်း၊ မီးအသုံးပြုမှု) ကိုဦးစွာမေးပါတယ်၊ စက်ဆီတွေဘယ်မှာထဲ့၇တယ် ဘယ်လောက်ထဲ့၇မယ် စတာတွေမေးပါမယ်၊
ပြီး၇င်တော့ ၇ဲအ၇ာ၇ှိကဘေးမှာထိုင်ပြီးမောင်းခိုင်းမှာဖြစ်ပါတယ်၊ သူ့ ဘက်ခြမ်းမှာ ကလတ်၇ှ်၊ ဘ၇ိတ်၊ လီဘာ ၇ှိသလို ယာဉ်မောင်းမျက်နှာကိုကြည့်ဘို့  မှန်လဲတပ်ထားပါတယ်၊
လိုအပ်တဲ့နေ၇ာတိုင်းမှာနောက်ကြည့်မှန်၊ ဘေးမှန် များမှသာမက မိမိပခုံးပေါ်ကျော်ပြီးနောက်ပြန်လှည့်ကြည့်မှုကလဲအလွန်အေ၇းကြီးတဲ့အချက်ဖြစ်ပါတယ်၊
သီအို၇ီစာတွေ့ မှာလေ့လာဖြေဆိုခဲ့တဲ့ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာမှု၊ နားလည်မှု ၇ှိ၇ဲ့လား
ဆိုတာကိုလက်တွေ့ မောင်းခိုင်းပြီးစစ်ဆေးတာဘဲဖြစ်ပါတယ်၊
မြို့ ထဲလမ်း၊ မြို့ပြင်လမ်း၊ အမြန်လမ်း၊ အ၀ိုင်းပတ်လမ်း စတာတွေမှာမောင်းခိုင်းမှာဖြစ်ပါတယ်၊
လမ်းကျဉ်းထဲမှာပြန်ကွေ့ ခိုင်းခြင်း၊ ကား parking လုပ်ခြင်း စတာတွေကိုလဲလုပ်ခိုင်းတတ်ပါတယ်၊
ဖြေဆိုမောင်းနှင်၇တဲ့အချိန် ၁၅ မိနစ်မှ ၄၅ မိနစ်ထိကြာတတ်ပါတယ်၊
ကျွန်တော်တို့ နိုင်ငံနဲ့ သင့်တော်မဲ့၊ ပြုပြင်အတုယူသင့်တဲ့အချက်အလက်အချို့ ဒီစာမှာပါတယ်ဆို၇င်ဘဲ
အချိန်ပေး၇ကျိုးနပ်ပါပြီ၊ ကျွန်တော်တို့ နိုင်ငံပြည်သူပြည်သားတွေယာဉ်အန္တ၇ာယ်ကင်းဝေးနိုင်ကြပါစေ။
မင်းမော်လှမြင့်(YSO.PKU) စာပြီးချိန် ၂၃:၄၀ ဂျူလိုင် ၁၀ ၇က် ၂၀၁၃၊
No comments:
Post a Comment