"အလွမ်းတွေတဆတ်ဆတ်ခါလို့ . . .။
ကယောင်ချောက်ခြားမဟုတ်ပေမဲ့
အစီအစဉ်မကျ တဲ့ ...အိမ်မက်တွေထဲ
ကယောင်ချောက်ခြားမဟုတ်ပေမဲ့
အစီအစဉ်မကျ တဲ့ ...အိမ်မက်တွေထဲ
ဂူအောင်းလူသားလိုတိုးဝင်
အချိန်တွေကိုနှစ်သိမ့်ရင်း
'စိတ်မကောင်းမဖြစ်နဲ့ မိန်းမရေ...
တို့သမီးလေးကို တို့ကိုယ်တိုင်မွေးပြီး
တို့ကိုယ်တိုင် နာမည်ပေးခဲ့ကြပြီပဲ'. . ."
(သမီးလေးဖြူနေကြည်မင်းယုမွေးနေ့အတွက်..ဂျင်မီ Kyaw Min Yuရေးတဲ့ကဗျာမှကောက်နုတ်)
"ရင်ခွင်မဲ့ကလေးများဘဝ
နေ့ရက်တိုင်းလှပစေဖို့
ငါ့နိုင်ငံနဲ့လူမျိုး
ငြိမ်းချမ်းရေးအလံ
လွှင့်ထူနိုင်ဖို့
ငါခရီးနှင်လျှက်. . .။"
ညရည်နှင်း (နီလာသိန်းကဗျာမှကောက်နုတ်)
နူးညံတဲ့အနုပညာနှလုံးသားပိုင်ရှင်တွေ ဆယ်စုနှစ်ကျော်အကျဉ်းစံခဲ့ကြရပေမဲ့ ပြည်သူ့ဒီမိုကရေစီရေးအတွက်ဆို စိန်နှလုံးသားပိုင်ရှင်တွေပါ။

No comments:
Post a Comment