Sunday, 29 September 2013

Kulturnat i Hornbæk. (Culture Night Hornbæk in Denmark).

Kulturnat i Hornbæk. (Culture Night Hornbæk in Denmark).
ဟွန်း(န်)ဘိ(ခ်) မြို့လေးရဲ့ပွဲတော်ညချမ်း။
ဒိန်းမတ်နိုင်ငံရဲ့ မြို့တိုင်းလိုလိုမှာ မြို့ပွဲတော်လေးတွေ တစ်နှစ်မှာတစ်ရက်
ကျင်းပလေ့ရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံလို မြို့လေးတွေမှာ သတ်သတ်မှတ်မှတ်
ပွဲတော်ရယ်လို့ မရှိတာကြောင့် ၁၉၉၀ ၀န်းကျင်နောက်ပိုင်းမှစပြီး မြို့ပွဲတော်လေးတွေ
ကျင်းပခဲ့ကြတာပါ၊ သူ့မြို့နဲ့သူ အောက်တိုဘာဝန်းကျင် ဆောင်းဦးကျောင်းပိတ်ရက်
မတိုင်ခင် သောကြာညနေခင်းမှာစပြီး ကျင်းပလေ့ရှိကြပါတယ်၊
အဲဒီနေ့မှာ ပုံမှန်အားဖြင့် ညနေ ၅နာရီပိတ်လေ့ရှိကြတဲ့ဆိုင်တွေအားလုံးလဲ
ည ၁၀ နာရီကျော်သည်အထိဖွင့်ကြပါတယ်၊ မြို့လယ်လမ်းမပေါ်မှာလည်း
ဆိုင်တွေဖွင့်ကြတယ်၊ အစားအသောက် အလကားကျွေးကြတာလဲရှိတယ်၊
Jezz music စတဲ့ တီးဝိုင်းတွေနဲ့လဲ ဧည့်ခံဖျော်ဖြေကြတယ်။
မနေ့ညချမ်းပိုင်းက ကျွန်တော်တို့မိသားစုရောက်သွားတဲ့ Hornbæk မြို့ပွဲတော်လေးက
အိမ်နဲ့ ၆ ကီလိုဘဲဝေးပါတယ်၊ ဟိုရောက်တော့ သူတို့သားအမိနဲ့လမ်းခွဲပြီး ကျွန်တော်
ကတော့ ထုံးစံအတိုင်း စာကြည့်တိုက်မှာကျန်ခဲ့ပြီး fb မိတ်ဆွေများအတွက် ကင်မရာနဲ့
တစ်မျိုး ဖုန်းနဲ့တစ်ဖုံ ဓါတ်ပုံတွေရိုက်ရင်းကျန်ခဲ့ပါတယ်။

အထူးခြားဆုံးနဲ့ ကျွန်တော်အကြိုက်ဆုံးကတော့ မြို့လေးရဲ့ပြည်သူ့စာကြည့်တိုက်မှာ
ကလေး လူကြီး ကြိတ်ကြိတ်တိုး စည်ကားနေတာကိုပါဘဲ၊ ပြည်သူနဲ့စာကြည့်တိုက်
တစ်သားထဲကျနေအောင် ကြိုးစားမှုကဒိန်းမတ်မှာအထူးအောင်မြင်နေပါတယ်၊
ပုံတွေမှာတွေ့ရမှာဖြစ်တဲ့ စာကြည့်တိုက်ထဲမှာ ကလေးတွေအတွက် ပုံပြင်ဖတ်ပြတဲ့
အစီအစဉ်ရှိမယ်၊ လက်ပေါ်မှာအရုပ်လှလှလေးတွေဆွဲပေးတဲ့ အစီအစဉ်လဲရှိပါတယ်၊
င်္နမည်ကြီး အကမယ်နဲ့အတူကနိုင်တဲ့ အစီအစဉ်လဲပါ ပါတယ်၊ အသက် ၇၀ ကျော်စုံတွဲ
တွေလဲ ငယ်မူပြန်ပြီး ၀င်ကကြတာတွေ့ခဲ့ရပါတယ်။

လမ်းမပေါ်မှာ မီးသတ်တပ်ဖွဲ့က ကလေးတွေလဲပျော် သူတို့လည်း ရန်ပုံငွေရအောင်
ကရိန်းကြီးယူလာပြီး ကလေးတွေကို ကောင်းကင်ကနေ မြို့ကိုကြည့်နိုင်အောင် အန္တရာယ်ကင်းအစီအမံတွေနဲ့ ဆောင်ရွက်ပေးလို့ ကလေးတွေလဲစီးဘို့ တန်းစီနေကြလေရဲ့။

ပြန်ခါနီးမိသားစု ပြန်ဆုံကြတော့ မြန်မာပြည်အလွမ်းပြေ ပွဲဈေးတန်းမှာဘာမှမစားခဲ့
ရဘူးဖြစ်မှာမို့ သမီးကိုမုန့်စားခိုင်းတော့ သမီးကအာလူးပန်းခိုင်ကြော် ၀င်တန်းစီပါတယ်၊ စောင့်ရတာနာရီဝက်လောက်ကြာပါတယ်၊တစ်ချောင်းကို ဒိန်းမတ် ခရိုနာ၂၀ ပေးရပါတယ်၊ ၃ထောင်ကျပ်လောက်ဖြစ်မှာမို့ ကျွန်တော့်ကိုတော့ အိမ်ရောက်မှ ကြော်ကျွေးမယ်ဆိုပြီး ပွဲမှာဘာမှမစားခဲ့ရကြောင်းပါ။
(သီဟိုရှင်ပွဲဈေးတန်းက မုန့်ပေါင်းနဲ့အကြော်စုံအမှတ်တရ ရေနွေးကြမ်းအိုးထဲမှာလဲ
တစ်ခါတစ်ရံဘီအီးတွေဖြစ်နေတတ်ပါတယ်)

MinMawHlaMyint(FB posted on 21st,Sept 2013).


No comments:

Post a Comment