Monday, 23 September 2013

Library in Denmark.( Bibliotek i Danmark). စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားတဲ့ဒိန်းမတ်။


ဒိန်းမတ်နိုင်ငံမှာ ကျောင်းတိုင်းကိုယ်ပိုင်စာကြည့်တိုက်ရှိတဲ့အပြင်
မြို့လေးတွေတိုင်းမှာလဲ ပြည်သူ့စာကြည့်တိုက်တွေဖွင့်လှစ်ပေးထားပါတယ်၊

စာအုပ်အသစ်တွေအမြဲတင်ပေးတဲ့အပြင် DVD, Video, CD, play station
စတာတွေပါဌားလို့ရပါတယ်၊ ၀န်ဆောင်မှုအားလုံး အခမဲ့ဖြစ်ပါတယ်၊
ပြည်သူ့စာကြည့်တိုက်တိုင်းမှာလဲ ကလေးတွေအတွက် သီးသန့်တစ်နေရာ
ထားရှိပေးပါတယ်၊ သူတို့စိတ်ဝင်စားတဲ့အရာတွေအပြင် ကစားလို့ရအောင်ပါ
လုပ်ပေးထားတတ်ကြပါတယ်၊
မူကြိုတန်းကလေးမှစပြီး ပြည်သူ့စာကြည့်တိုက်နဲ့မစိမ်းအောင်
လေ့လာရေးခရီးပို့ပေးကြပါတယ်၊
ဒါကြောင့် ကလေးသူငယ် ကျောင်းသားအစ သက်ကြီးရွယ်အို မသန်မစွမ်းအဆုံး
ပြည်သူ့စာကြည့်တိုက်ကိုလာကြပါတယ်၊
ဘိုးဘွားဂေဟာမှာလဲ စာကြည့်တိုက်တွေကို လိုက်ပို့တဲ့နေ့ရှိပါတယ်၊
သူတို့အတွက် နားထောင်ရတဲ့စာအုပ် cd(listening book) တွေထားပေးပါတယ်၊


ပုံလေးတွေမှာ ပြည်သူ့စာကြည့်တိုက်မှာမွေ့ပျော်နေတဲ့ကလေးတွေအပြင်
wheel chair နဲ့စာအုပ်လာဌားတဲ့ ဘိုးဘွားကိုပါတွေ့ရမှာပါ၊

သတိပြုမိတာက ဒိန်းမတ်ဟာ 2006 ၀န်းကျင်ကစလို့ နိုင်ငံစီးပွါးေ၇း ကျဆင်းမှု
ကြောင့် ဘဏ်ခွဲ၊ စာတိုက်ခွဲ၊ ဆေးရုံ၊ ဟော်တယ်၊ ရုံး တစ်ချို့ပိတ်သင့်တာပိတ်၊
ပေါင်းသင့်တာပေါင်းလုပ်ခဲ့ရပေမယ့် ၀င်ငွေမရတဲ့ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း
ကိုတော့ အရှိန်အဟုန်မပျက်စေခဲ့ပါခင်ဗျား
(ပုံအချို့ ၀ါးနေတာက ကျွန်တော်နဲ့ ဇနီးရဲ့လျှပ်တစ်ပြက်ရိုက်ချက်တွေမို့ပါ)

No comments:

Post a Comment