Wednesday, 21 August 2013

ဲမြင်နေရတာတွေကို သီချင်းဖြစ်စေသူ(သို့မဟုတ်) ကိုင်ဇာ။


သီချင်းအားလုံး သူဆိုခဲ့တာတွေ ..အမှတ်တရပါ...(၁၉၇၇ ၀န်းကျင်နဲ့နောက်ပိုင်းပါ)
ကျောင်းထဲ(RC 2) ပတ်ဝင်တဲ့ ၉ ကားမှာ သံဇကာတွေတပ်ထားတော့၊
အဆောင်ထမင်းဟင်း ဘယ်တုန်းကကောင်းခဲ့ဘူးလို့လဲဗျာ၊ သူတို့လည်းပိုက်ဆံနည်းနည်းလေးနဲ့
ချက်ကျွေးရ ရှာရတာပါ၊ တစ်ပတ်၊ ၁၀ ရက်တစ်ခါတော့ကောင်းတတ်ရဲ့၊
ဒီတော့ဆိုတဲ့သီချင်းက "ရီးစားဖြစ်စ" လားခေါင်းစဉ်မမှတ်မိ စာသားတွေတော့ ခုထိအမှတ်ရနေတုန်း၊
ငယ်ဘ၀ပြန်ရောက်စေတာက "မိုးရွာရင်မိုးရေချိုးမယ်" တဲ့၊
မေစတူရီယိုမှာ မေခလာ နဲ့စုံတွဲသီချင်းဆိုတော့ ရောက်ဖြစ်ခဲ့သေး၊ သူက RC 2 မှာ မေခလာက
တောင်ငူဆောင်မှာ ထင်ရဲ့..ကျောင်းအမှတ်တရပေါ့ "အချစ်ရဲ့ကိုယ်ရံတော်" တဲ့၊
RASU ထဲက RC ကော.အဓိပတိလမ်းရော.ကွန်ဗို့နောက်က အကြော်ဆိုင်ပါ မကျန်ပါဘူး၊
အဲဒီအချိန်တုန်းက RC 2 ရဲ့ ရွှေရောင်ရက်တွေလို့ ပြောလို့ရမယ်ထင်တယ်၊
RASU  ကကော RIT  ကပါ Regional 2 ကို အလည်လာကြရတာကိုး..အလယ်Canteen ဆိုစည်မှစည်..
"RASU ကမမ" တဲ့.. ၊ မေဆွိက RC ကြည့်မြင်တိုင်မှာထင်တယ်၊
ခိုင်ထူးက သီချင်းလည်းဆို..ရေညှိကန်(RASU ရေကူးကန်)မှာလည်း ကျွန်တော့်အစ်ကို ကိုချယ်ရီ တို့နဲ့အတူ ရေကူးဆရာပေါ့၊
အင်းယားလမ်းက အင်းယားတီးဟောက်၊ နောက် ခေမရဍ် လူစုံကြတာပေါ့၊
ကိုနေ၀င်းကြီးလည်း  သင်္ကန်းဝတ်ကြီးနဲ့ ကြွလာဘူးတယ်၊ တက္ကသိုလ်မျိုးအောင်လည်းလာရဲ့၊
"လက်ဘက်ရည်ဆိုင်သွားကြစို့တဲ့"
"တူနှစ်ကိုယ်တိုင်းပြည်" " ကေသရီ " "အချစ်ရဲ့ကိုယ်ရံတော်" တဲ့၊
"အရမ်းလွမ်းနေပြီ" တဲ့။
ကျွန်တော်ရေးမိတာတွေ ကဘောက်တိကဘောက်ချာ ဖြစ်နေမှာ
နည်းနည်းကောင်းနေလို့ ခွင့်လွှတ်...
ကျွန်တော့်ရင်ထဲထိသွားစေတာကတော့ "တစ်သက်လုံးသတိရနေမယ်"
အဲဒီသီချင်း အမေရိကားမှာ သူမဆိုခင်
"ချစ်ချစ်ခင်ခင်နေသွားကြရအောင်ဗျာ" တဲ့၊
"မိုးသီချင်း တွေ"..ကျွန်တော့်ဇနီးက မိုး ဆိုတော့ ပိုခိုက်တာပေါ့လေ..
ကျွန်တော် ငယ်ငယ် ၁၉၆၉ ၀န်းကျင် ရန်ကင်း ၁၂ လုံးတန်းမှာ နေခဲ့ဘူးတယ်၊
ကျွန်တော်ကစားဖေါ်တွေက ဘဘ ဗိုလ်တာရာရဲ့ သားသမီးမြေးတွေဖြစ်မယ်၊
မျက်နှာချင်းဆိုင် တိုက်ခန်းကိုး၊
"ရန်ကင်းည" ဆိုလား သူဆိုခဲ့သေးတယ်၊
၁၉၇၈ ၀န်းကျင် သီချင်းတွေစဆိုနေပြီလေ..
RC 2 မှာ ကျွန်တော့်အစ်ကို ကိုကိုဒုံး နဲ့ အင်းယားလမ်းအိမ်မှာ
ချက် လာလာထိုးတတ်တယ်၊
ကိုဆီဇာကိုမှတ်မိသေး၊ ဒီတုန်းက ကျွန်တော်က ပခုက္ကူဒေသကောလိပ် ကနေ
တက္ကလိုလ်ကောလိပ်ပေါင်းစုံပြေးခုန်ပစ် လာပြိုင်တာ၊ ဖွင့်ပွဲမှာ မိုးမမမျိုး(ပယင်းရောင်)က
ဆိုင်းဘုတ်ကိုင်တယ်၊ ကိုဆီဇာက ဘင်ခရာအဖွဲ့နဲ့ပါလာတာ၊ ၁၉၇၉ ဖြစ်မယ်၊

"သီချင်းရှင်ကိုကြင်နာပါ" ..ကိုညီ လောကကို အလှဆင်သွားတဲ့ သီချင်းတွေက
အများကြီးပါ၊

"အကျည်းတန်၏အထီးကျန်အထ္တုပတ္တိ" နဲ့ ကျွန်တော်။

၁၉၇၉ .၁၀ တန်းအောင်တော့ ဗိုလ်သင်တန်းသွားဖြေတယ်၊
ငွေယားတောင်မှာ ၂ ရက်လား ၃ ရက်လား အိပ်ပြီးတော့
မင်္ဂလာဒုံ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘောလုံးကွင်းထဲမှာ တစ်ညထားတယ်၊
အပြင်ထွက်လို့ရတယ်၊ နောက်နေ့မှ နောက်ဆုံးအင်တာဗျူးရှိတာကိုး၊
အခုဗိုလ်မှုးကြီးဖြစ်နေတဲ့ မျိုးမြင့် နဲ့ မြေနီကုန်းမှာ သွားကောင်းကြတယ်၊
အပြန် ဘတ်(စ်)ကားမရှိတော့၊ Taxi ဘိုးလဲဘယ်ရှိတော့မှာလဲ..
ကြံတောထဲက တောအရက်တွေချက်ပြီး လိုက်ဖြန့်တဲ့ ဂျစ်ကားက ကားကြုံလိုက်ပို့တယ်၊
အဆောင်ပြန်ရောက်တော့ မျိုးမြင့်က လုံးဝကျိုးသွားပြီ၊
အရှိန်ရနေတဲ့ ကျွန်တော်က ၃ ရက်လောက်အတူနေပြီးပြီမို့ ရင်းနှီးနေပြီဖြစ်တဲ့
အတူလာဖြေကြတဲ့ သူ ၃၀ လောက်ကို ကိုင်ဇာအသံနဲ့မတူရင် ပါးလာရိုက်လို့ပြောပြီး
"အကျည်းတန်၏အထီးကျန်အထ္တုပတ္တိ" ကိုဆိုပါတော့တယ်၊
၃၊ ၄ ပုဒ်ရှိသေး မျက်နှာကို ဓါတ်မီးနဲ့လာထိုးလို့ ရိုက်ထုတ်လိုက်တာ
ကြီးကြပ်တဲ့ အရာရှိဖြစ်နေပါတယ်၊ ကျွန်တော့် ကျောနံပါတ် မှတ်သွားပါတယ်၊
ကံကြီးလို့ ကိုညီရဲ့ သီချင်းကယ်လို့ စစ်ဗိုလ်မဖြစ်ခဲ့ရတာပါခင်ဗျား။

သီချင်းတွေနဲ့ လောကကိုအလှဆင်သွားသူတိုင်းကို လေးစားလျှက်ပါခင်ဗျား၊
ကိုညီလည်း လောကကိုအလှ ဆင်ပြီးတိုင်း ဆင်နိုင်ပါစေလို့...။

မိမိစိတ်ခံစားမှုအရသာရေးခြင်းဖြစ်ပါသည်။
မင်းမော်လှမြင့်(YSO,PKU).
21 Aug 2013..14:28။











No comments:

Post a Comment