စေတနာ့ဝန်ထမ်းဈေးသည်များ။(Voluntary shop assistants)(Frivillige)
ဒိန်းမတ်မှာအသုံးအဆောင်ပစ္စည်းမျိုးစုံကို
ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတဲ့ တစ်ပတ်ရစ်ဆိုင်လေးတွေ
မြို့လေးတိုင်းမှာ တွေ့ရမှာဘဲဖြစ်ပါတယ်၊
အ၀တ်အထည်၊ မီးဖိုချောင်သုံး၊ အိမ်သုံး စသဖြင့်နဲ့
ပရိဘောဂမှသည် TV၊ အောက်စက် စသည့်လျှပ်စစ်ပစ္စည်း
များပါရောင်းချကြပါတယ်၊
ဓါတ်ပုံမှာတွေ့ရတာကတော့ အဲဒီလိုအရောင်းဈေးဆိုင်တစ်ဆိုင်ရဲ့
စေတနာ့ဝန်ထမ်း အရောင်းဈေးသည် ဖွားဖွားများဘဲဖြစ်ပါတယ်၊
ဈေးဆိုင်ဝင်ငွေများကိုလည်း လူမှုရေးကူညီမှုများမှာသုံးစွဲပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဖိုးဖိုး၊ ဖွားဖွားတွေဟာ လူမှုရေးလုပ်ငန်းတွေအပြင်
ဓမ္မနဲ့ပါ လောကကိုအလှဆင်နိုင်ကြသလို
ဒီနိုင်ငံမှာတော့ ဘိုးဘွားတွေဟာ လူမှုရေးကူညီမှု လုပ်ငန်းတွေနဲ့
လောကကို အလှဆင်ကြပါတယ်။
Facebook comment အချို့..
No comments:
Post a Comment