Wednesday, 7 August 2013

အလုပ်ဟူသမျှ ဂုဏ်ရှိစွ။

"Good Job"
"အလုပ်ဟူသမျှ ဂုဏ်ရှိစွ"
နွေကျောင်းပိတ်ရက်မှာ ဒိန်းမတ်ကခလေးတွေ ၀င်ငွေရှာနေကြတာပါ၊
ဈေးလေးကကွဲသွားပြီ၊ ဒီဘက်ကအပျိုနှစ်ယောက်လည်းဆိုင်သိမ်းပြီ၊
ဟိုဘက်ကအပျိုကြီး သုံးယောက်လည်းငွေတွက်နေကြပြီ သူတို့ဆီက
Cher's greatest hits 1965-1992 cd တစ်ချပ်အားပေးခဲ့တယ်။
သူတို့အသုံးမလိုတော့တဲ့ပစ္စည်း၊ အ၀တ်အစားလေးတွေ၊ အရုပ်လေးတွေ
ချရောင်းကြတာပါ၊ မိဘတွေလာအကြိုနောက်ကျလို့ စိတ်နည်းနည်းဖြစ်
နေကြပြီ၊ မနက် ၉နာရီလောက်ကဆိုင်စခင်းကြပြီး နေ့လည် ၃နာရီထိုးတော့
မယ်လေ၊ တစ်ခြားဆိုင်တွေသိမ်းသွားကြပြီ၊ ဗိုက်ဆာကြပြီပေါ့၊
ဒါပေမယ့် ဈေးဝယ်အပေါ်တော့စိတ်နည်းနည်းရှည်ကြပါသေးတယ် :)။

No comments:

Post a Comment