Saturday, 10 August 2013

၈၈ တုန်းကထမင်းရှင်တွေ။

အခုမှမဟုတ်ပါဘူး၊ မကြာမကြာဆိုသလို သတိရမိတဲ့ ၈၈-၉၀ တုန်းက
ပခုက္ကူမှာရှိတဲ့ကျွန်တော့်ရဲ့ ထမင်းရှင်တွေပါ။
၈၈ အာဏာသိမ်းပြီးနောက်ပိုင်း
အဖေ၊ အမေက ၀န်ထမ်းဆိုတော့ အစိုးရရိပ်သာမှာနေလို့ မရတာကြောင့်
ဆန် ၂ ပြည်နဲ့ အိမ်ကဆင်းခဲ့ပြီး ကျောင်းသားတွေရှိရာသွားနေခဲ့တာ၊
ရွေးကောက်ပွဲနီးမှဘဲ အိမ်ပြန်ရောက်တော့ ၂ နှစ်နီးပါးမှာ ရဲဘော်ရဲဘက်
စိတ်အပြည့်နဲ့ အိမ်ခေါ င်္ထမင်းကျွေးခဲ့ကြတဲ့သူတွေပါ။

တစ်ခါတစ်လေလည်း ထမင်းလွတ်၊ မုန့် ဟင်းခါး ခေါက်ဆွဲနဲ့ တင်းတိမ်ပေါ့၊
အလယ်တိုက်၊ ဘုန်းဘုန်း ဥုးကေလာသ ကျောင်းက ဥုးဝိ၊ ဥုးအာလော
တို့ ဆီမှာ ဆွမ်းကျန်စွန့် ခိုင်းပြီး စားရတဲ့နေ့ တွေလည်းရှိပေါ့။

ကျောင်းသားရဲဘော်ရဲဘက်တွေပါ၊ ထမင်းအနပ်အများဆုံးအလိုက်အတတ်နိုင်ဆုံး
စဉ်ထားပါတယ်၊ လက်ဖက်၇ည်တိုက်ကြတာလည်းသူတို့ ပါဘဲ။
မြင့်လှိုင်၊ Thet Kyu မြင့်ခိုင်၊ ကျော်ကျော်ထွန်း၊ ဌေးအောင်၊ သန်းနိုင်( Pakokku View )သက်နိုင်၊ U Nyi Nyi ၊ မိုးမြင့်ဦး၊ အောင်ရွှေဝင်း၊ တင်မျိုးနိုင်၊ Tet Tun Chit၊ ထွတ်ခေါင်ကြိုင်၊
သက်နိုင်ဆွေ၊ ဆရာအစ်ကို Kyi Min ၊ ၀င်းနွယ်၊ မျိုးဝင်း၊ အောင်ဆင့်၊ ရဲတင့်၊
ကိုကိုလှိုင်၊ ကျော်ကျော်၊ အောင်ကြီး၊ တင့်ဆွေကလည်းအိမ်ကဆင်းလာရတာ သူတစ်ခေါက်အိမ်ပြန်တုန်း ထမင်းတစ်နပ် လိုက်စားခဲ့တယ်။

ကျောင်းသူရဲဘော်ရဲဘက်တွေ။
ထွေးထွေး၊ Swe ThuSoe Moe Thu ၊ စိန်စိန်၊ သီသီလွင်၊ ကေခိုင်ဝင်း၊ မိုးမိုးကြည်၊ ဥမ္မာ၊နှင်းနှင်းဦး၊ Aye Thandar Win Ko၊ မိုးမိုးချစ်၊ မေမျိုးညွန့် ၊ မနီလာ၊
မသီတာ၊ အေးမော်သန်း၊ စုစုခင်၊ ကော်နီ၊ Win May၊ တို့ တစ်တွေပါဘဲ။
၂၅ နှစ်တောင်တိုင်တော့မှာဆိုတော့ ကျန်ခဲ့တဲ့သူတွေ လည်းရှိမှာပါ။

ချင်းပြည်နယ်သို့ အောင်ရွှေဝင်း၊ သန်းနိုင်၊ အောင်ဆင့်၊ သီသီလွင်၊ မိုးမိုးကြည်၊ နှင်းနှင်းဦး တို့ နှင့် အတူသွားခဲ့တုန်းက ထမင်းရှင်တွေ။

ဆိပ်ဖြူက ကိုမျိုးလွင်တို့ အဖွဲ့ ၊
ကျောက်ထု လမ်းဆုံထမင်းဆိုင်မိသားစု၊
မင်းတပ်၊ ကိုတမ်အောင်အဖွဲ့ နှင့် နံမည်မေ့(စီးပွါးရေးတက္ကသိုလ်မှသန်းနိုင်၏သူငယ်ချင်း)
ဆော၊ ကိုကြည်တင့်အဖွဲ့ နှင့် ဟန်သိန်းမိသားစု၊
ကန်ပက်လက်၊ အောင်ဆွေတို့ အဖွဲ့ ။

ရေနံချောင်း၊ ပထမအကြိမ်မြေလတ်ကျောင်းသားများညီညွတ်ရေးညီလာခံ သို့ 
မြင့်လှိုင်၊ သက်ကြူ၊ မြင့်ခိုင် တို့ နှင့်အတူသွားခဲ့စဉ်က ထမင်းရှင်တွေ၊
ကိုKyi Kyi Yu၊ မြင့်သိန်းဦး တို့ အဖွဲ့ တွေ၊ ကိုမောင်မောင်ဝမ်းေ၇ှာင်နေရချိန်။

ကျောက်ပန်းတောင်း၊ ဆော ကို ဌေးအောင်နဲ့ အတူထပ်သွားတော့ထမင်းကျွေးကြတဲ့
ကျောက်ပန်းတောင်း က ဖိုးကျော်(ကွယ်လွန်)၊ တိုးတိုး နဲ့ သန်းနိုင်တို့  အဖွဲ့ တွေ။

ပေါက်မြို့ ကို မြင့်လှိုင်၊ မြင့်ခိုင်၊ သက်ကြူ၊ သက်နိုင်၊ တို့ နဲ့ သွားတော့
ဇော်ထွန်းဝင်း၊ ကျော်သူ၊ နိုင်ထွန်း နဲ့  ရှေ့နေ ကိုဒီမိုးတို့ မိသားစု။

ပခုက္ကူတစ်ဝိုက်ရွာတွေ အတော်များများမှာလည်းထမင်းရှင်တွေရှိခဲ့ပါတယ်၊
အောင်ရွှေဝင်း၊ ဆန်နီ(ကွယ်လွန်) တို့ တွေနဲ့ လည်း ပခန်းကြီးတစ်ဝိုက်ရောက်ခဲ့သေးပါရဲ

မကွေး၊ ဒုတိယအကြိမ်မြေလတ်ကျောင်းသားများညီညွတ်ရေးညီလာခံ သို့ 
မြင့်လှိုင်၊ သက်နိုင်၊ မြင့်ခိုင်၊ တို့ နှင့်အတူသွားခဲ့စဉ်
သန်းဝင်း(ဆေးမန်း) နဲ့ ဒေါင်းအိုးဝေက ဖိုးဇော် တို့ အဖွဲ့ တွေ။

မင်းဘူးမှာတော့ ထမင်းရှင်က
ဖိုးသက်ဇော်( Zaw Thet Htwe) ပါ။

ရန်ကုန် ခဏရောက်တုန်း ထမင်းရှင်ကတော့ Kyaw Swar Myint၊ ၀င်းသိန်း(သုံးရောင်ခြယ်) နဲ့ သရက်ကရဲဘော် သန်းနိုင်(ဓါတ်ပုံဆရာ)၊
ကိုသက်ထင်တယ်(မြေနီကုန်းဘိုးဘွားရိပ်သာ လမ်းအဆင်းထဲ
မှာနေတာ)၊ ကိုရင်ထွေးတို၊့ ကိုဂျင်မီတို့ ၊ တောင်ကြီးက ကိုကျော်ကျော်ဦးတို့ ရောပါတယ်လို့ ပြောလို့ ရမယ်ထင်တယ်၊ လှည်းတန်းမှာ
ကိုအေးလွင် ညီအစ်ကို။( ရန်ကုန်မှာ ၈၈ တုန်းကလှုပ်ရှားခဲ့တဲ့ကျောင်းသား
ပုံရိပ်အချို့ ကိုအဲဒီတုန်းကငယ်သေးပေမဲ့တော်တော်မှတ်မိနေပြီး ဒီမှာအတူ
ရောက်နေတဲ့ညီရဲဘော် Aung Khin Myint ကိုမကြာခဏမေးရပါတယ်)

၂၅ နှစ်တောင်တိုင်တော့မယ်ဆိုပေမဲ့ အဖြစ်အပျက်တစ်ချို့ တွေက မနေ့ တစ်နေ့ ကလိုပါဘဲ၊
ပြန်တွေးမိတော့ သွေးတွေတောင်ပြန်နွေးလာသလိုပါဘဲ၊
၁၉၊၉၊၈၈ နေ့ ပခုက္ကူမှာ သူတို့ ဝင်ပစ်တော့ ထင်းတန်းလမ်းမပေါ်မှာ ပစ်နေတဲ့ကြားက
တစ်ယောက်ကို တက်ပွေ့ ပြီး ဆေးခန်းကိုသယ်လာရသေးတယ်၊ ဒေါက်တာမေစိမ်း ကြိုးစားကုပေမဲ့ ကျည်ဆံကအဆုတ်နည်းနည်းထိတော့ မရတော့ပါဘူး၊
ကျွန်တော်ရဲ့ အဖြူရောင် အင်္ကျီလေးမှာ သွေးတွေစွန်းနေဆဲပါ။

အဲဒီတုန်းကအနည်းနဲ့ အများပေးဆပ်ခဲ့ကြသူတွေ တစ်ပုံကြီးပါ၊
သူတို့ တွေရှိနေကြဆဲပါ၊ ဒါ့ကြောင့်မို့ 
အခုထိမရသေးတဲ့ ဒီမိုကရေစီရေး ဆက်လက်တိုက်ပွဲဝင်နေကြသူများကို
စည်းစည်းလုံးလုံးရှိနေကြစေချင်တာပါဘဲခင်ဗျား။

(Ps လူစာရင်းတွေ လိုတိုးပိုလျှော့ကို ကိုကြူ(အလုပ်များနေပါသည်)၊ Pakokku view၊ ညီညီ၊ ဆွေသူ၊ စိုးမိုးသူ၊ ၀င်းမေ တို့ လုပ်ပေးကြပါအုံး၊
ပခုက္ကူမှာ ထမင်းလိုက်စားခဲ့ရတဲ့အိမ်တွေဘဲရေးမလို့ ဟာကနေနည်းနည်းရှည်
သွားတယ်၊ ၈၈ တုန်းက ရဲဘော်ရဲဘက်တွေကို ရိုးသားစွာအသိအမှတ်ပြု သတိရမိတဲ့
တမ်းချင်းလေးပါ။)

Facebook မှာတင်ဖြစ်တဲ့ Post ဖြစ်တာမို့ Share နဲ့comments တွေကအောက်မှာပါ။

  • Min Maw Hla Myint ကိုရင်ထွေး (Yin Htwe Soe) Tag လုပ်မရပါ၊ Aung Khin Myint ကိုအပေါ်မှာ Tag လုပ်မရ၍။
  • Aung Khin Myint အကို setting ထဲမှာ ဘယ်လို လုပ်ထားလဲ ပြန်စစ်ကြည့်လေ အကို ...
  • Min Maw Hla Myint ဘာမှလုပ်ထားတယ်မထင်ဘူး၊ တစ်ခါတစ်ရံကြောင်တတ်တယ်၊ စစ်ကြည့်အုံးမယ်ညီ..
  • Min Maw Hla Myint Kyi Min အပေါ်စာထဲမှာ Tag မရလို့ ပါ အစ်ကိုကြည်..
  • Pakokku View ပြောကြပါအုံး ကိုမော့်ဆီက ဘယ်သူ ထမင်းဖိုးလိုက်တောင်းနေကြသလဲ ။
  • Min Maw Hla Myint ကိုတက်ပြောမှ နိုင်ထွန်း၊ သန်းဆွေတို့ ကျော်ဆန်းတို့  နေမျိုးတို့  RIT အဖွဲ့ သတိရ၊ သန်းနိုင်ကတော့ ထမင်းလဲကျွေး ရေဘိုးလည်းရှင်း..သူ့ အိမ်လိုက်ထမင်းစားတိုင်း ရေစက်ရှိတဲ့အိမ်မှာ ပိုက်ဆံပေး ရေချိုးရတာကိုး။
  • Swe Thu ကေခိုင်ကျန်သေးတယ်ကျိုမော်
  • Min Maw Hla Myint စားနေပြန်ပြီ၊ ကေခိုင်ဝင်း ဆိုတာ ကေခိုင်ပေါ့၊ ဘာကျိုမော်လဲ ကိုမော်လုပ်ပါ
  • Min Maw Hla Myint ကိုတက်ကထပ်ဖြည့်ထားသေးတယ်၊ မအေးအေးလှိုင်၊ မတူး၊ ဟစ်တလာ တို့ တဲ့၊ နိုင်ထွန်း၊ ကျော်ဆန်း၊ နေမျိုး၊ မြတ်ဖေ တို့ေ၇ာပေါ့။
  • Min Maw Hla Myint မျိုးမြင့်ဦး၊ ကျော်ကျော်ထွန်း၊ မင်းသွင်ဦး၊ ကိုကိုလှိုင်ရဲ့ညီ၊..
  • Kyi Min အမှတ်တရမှတ်တမ်းဖတ်လိုက် ရ ပြန်လွမ်း သတိရတဲ့ ညီ ငယ် ကျေးဇူး တင် ပါ တယ်
  • Soe Moe Thu Ko Maw Gyi, how about Ma Pu Kyi (we attended her wedding reception at that time)?
  • Min Maw Hla Myint အစ်ကိုကြည်(ဒေါက်တာကြည်မင်း)က ဆေးပေးတဲ့ အပြင် ပိုက်ဆံလဲတောင်းလို့ ရပါတယ်၊ ကျေးဇူးအမြဲ တင်နေလျှက်ပါခင်ဗျား။ I am almost faint about Mapukyi, Yaya I remembered now, we went her wedding with Myint Hlaing and others...Tq 4 remind me Masoe.
  • Soe Moe Thu Thank you too for recalling our friends......... You are so clever at memory.
  • Min Maw Hla Myint Tq f praise about my memory, I don't have any paper around so I recalled, eg Ayemawthan's name about half hour. I still can't recall the boy's name who came and joined us our office, he was 14 yrs old that time?? Also I remembered Kokolay. Mamaw, Makyaw and Mayinmyo, they supported us too and they joined when we held the special movement eg March 13, we processed by bicycle to Pagodas..
  • Soe Moe Thu Thet Naing Swe? Aung Kyaw Moe?
  • Min Maw Hla MyintှုI think ..Tin Min Htun?
  • Soe Moe Thu Or the one who lives in Myo Myanmar Quarter? He was with us when Ko Toe Min Maung and the girl from Pauk visited Pakokku.
  • Min Maw Hla Myint Yaya, he lived around our office and younger brother of Myowin's g.friend.
  • Min Maw Hla Myint တက်ကြွတဲ့ ကြက်ဖလေးအခြေခံက ခင်မောင်ထွန်း ကျန်နေသေးတယ်။ သီတာနွေးအေးနားမှာနေတဲ့ ဖိုးထိန် ရောဘဲ...
  • U Nyi Nyi သတိတယရှိနေတာကိုသူငယ်ချင်းအားလုံးတန်ဘိုးထားကြမှာပါ ps.,pkရောကျန်နေသလားလို့ 
  • U Nyi Nyi နံမယ်မေ့တာမြင့်ဇော်မလား?
  • U Nyi Nyi ဆွေသူကအသက်ကြီးလာတော့မေ့တတ်ပြီနော်
  • Htay Ag We should not forget ice cream seller.
  • Min Maw Hla Myint pk မင်္ဂလာဆောင်သွားကြတာမစိုးရေးလို့ပါပြီလေ၊ နံမည်မေ့တာ တင်ဝင်းထွန်း ဖြစ်မယ်. မင်းတို့ရွှေဝါးတန်းထဲကဘဲ.ရွှေဝါ၀င်းဘေးကလမ်းရေခဲစက်နားမှာနေတဲ့ချာတိတ်ရဲဘော် ကိုပြောတာကွ အဲဒီတုန်းကဒီကောင်ရှိလှ ၁၂၊ ၁၃ နှစ်ပေါ့.လူကောင်းလေးတစ်ယောက်ပါဘဲ မနက်လင်းရုံးရောက်လာ ငါတို့နဲ့လျှောက်လိုက် ညမိုးချုပ်မှပြန်တော့တာ၊ သက်နိုင်ဆွေက ၁၆၊ ၁၇ ရှိပါပြီ၊ သူလဲအိမ်မပြန်သလောက်ပါဘဲ ငါတို့ရဲ့ခြေမြန်တော်ပေါ့ကွာ၊ မင်းပြောမှပေါက်က မြင့်ဇော် ကိုသတိရတယ်။ ဟုတ်တယ် ဆွေသူက ငါတို့ထက် ၅ နှစ်လောက်ကြီးတာဆိုတော့မေ့တတ်ပြီပေါ့။ Who was ice cream seller Htay Ag!! did you eat or what!!!
  • Soe Moe Thu And then, Ma Mu Mu Aye, PK's friend?
  • Min Maw Hla Myint then Maw Maw Oo or Maw Maw Lwin who sister of Ko Ye Lwin n Ko Kyi Lwin and brothers tea family..Fu gyi brothers..Mg c..I fg the girl's name who from nld youth!I think Aye Aye Thant!!
  • Soe Moe Thu yes, Ma Maw Maw Lwin.., Ma Aye Aye Thant, Ko Myo San and Myo Myint Aung from NLD Youth.
  • Win May ကိုမော်. မှတ်ဥာဏ်တော်တော်ကောင်းသေးတယ်နော်
  • Min Maw Hla Myint ငါ့ကိုဂေါက်နေတဲ့သူကျနေတာဘဲ၊ ညည်းကလဲပေါ်လာလိုက်ပျောက်လိုက်နဲ့၊
  • Htay Ag You & me long stayed in Thet Naing house,Pauk Lane,trusty but no water & nothing to eat,ice cream seller was walking & shoutting in front of the house & along the road,you called him & he saved us.Do you remember?
    Nga Paw Gyi.....
  • Htway Htway Khaing ကိုကို တို့ဆေးရုံရှေ့မှာ တန်းစီထိုင်ပြီး အစာငတ်ခံဆန္ဒပြနေတဲ့ မြင်ကွင်းကို ခုထိ မှတ်မိနေတုံးဘဲ။
  • Min Maw Hla Myint အဲဒီတုန်းက ကျောင်းသားပြည်သူဘက်ကို စစ်တပ်ပူးပေါင်းလာဖို့ ရည်ရွယ်ချက်နဲ့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာ.အာဏာသိမ်းခံနီးထင်တယ်၊
  • Nwe Sane ကျည်ဆံထိတဲ့လူနာကို မင်းမော်တို့လူငယ်လေးတွေ ဒေါက်တာလဲ့ဆေးခန်းထဲကိုပွေ့ချီလာခဲ့ကြပြီး ဆုံးသွားပါတယ်
  • Min Maw Hla Myint I do remember Htay Ag ,we famished and he saved our lives that time:)

No comments:

Post a Comment