တလောတုန်းက လက်ကိုင်ဖုန်းအသစ်လေးတလုံးကောက်ရပါတယ်၊
ကောက်ရတယ်ဆိုတာထက် ပိုင်၇ှင်မဲ့တွေ့ ရတယ်ဆို၇င်ပိုမှန်မှာပါ၊
အိမ်နဲ့ ၇ ကီလိုလောက်ဘဲလှမ်းတဲ့ Gilleleje ဆိုတဲ့မြို့ လေး၇ဲ့
ဘူတာမှာကျွန်တော်၇ဲ့ဇနီးကိုသွားကြိုတာပါ၊
ည ၉ နာ၇ီကျော်ဆိုတော့ဘူတာမှာလူတယောက်မှမ၇ှိတော့ပါဘူး၊
အပြင်ဘက်ခုံတန်းလျားပေါ်မှာတွေ့ တာပါ၊ ယူကြည့်လိုက်တော့အကောင်းစားပါ၊
ဘက်ထ၇ီတော့သေနေပါပြီ၊
၁၅ မိနစ်လောက်ကြာတော့ကျွန်တော်၇ဲ့ဇနီးရောက်လာပါတယ်၊
ဘူတာ၇ုံးကလဲပိတ်နေပါပြီ၊ လူလဲတယောက်မှမတွေ့ ရတော့တာနဲ.
ထားခဲ့၇င်လဲ အေ၇ှ့အလယ်ပိုင်းသားတချို့ နဲ့ တွေ့ ရင်အပိုင်ယူသွားမှာကြောင့်
စာေ၇း ကျွန်တော့် ဖုန်းနံပါတ်ပါရေးပြီး ခုံမှာညှပ်ထားခဲ့ပြီး သိမ်းခဲ့ပါတယ်၊
မနက်ဘူတာဖွင့်ချိန်မှာမှပြန်လာအပ်ဘို့ ပါဘဲ၊
ည ၁၁ နာ၇ီကျော်မှာပိုင်၇ှင် ဖုန်းဆက်လာပြီးအိမ်လာယူသွားပါတယ်၊
ပိုင်၇ှင်ကပြောပြတယ်၊ သူသွားခဲ့တဲ့နေ၇ာတွေလိုက်၇ှာနေတာတဲ့၊
နောက်ဆုံးမှာမှစာကိုတွေ့ ရတာတဲ့ အ၇မ်းပျော်သွားတာဘဲတဲ့၊
ကျေးဇူးလဲအရမ်းတင်ကြောင်းပြောသွားပါတယ်၊
သူမေးလို့ ပြောပြလိုက်တာတခုတော့၇ှိတယ်၊
"ငါတို့ မြန်မာနိုင်ငံသားတွေကို မိဘတွေက ငယ်ငယ်ကထဲကနေ
သူများပစ္စည်းမသိအောင်မယူဘို့ ဆုံးမထားကြတယ်၊ မင်းတို့ မေ့ကျန်
ပျောက်တဲ့ပစ္စည်းတွေငါတို့ နိုင်ငံသားတွေတွေ့ ရင်ပြန်ရကြမှာဘဲ"
လို့ ပြောပြလိုက်ရကြောင်းပါခင်ဗျား။
Minmawhlamyint( FB post 9th,July 2013).
No comments:
Post a Comment