Sunday, 29 September 2013

ရောင်းသူမဲ့ ဟင်းသီးဟင်းရွက်ဆိုင်လေး။


ကျွန်တော်တို့သမီးရဲ့သူငယ်ချင်းအိမ်ရှေ့က ဟင်းသီးဟင်းရွက်ဆိုင်လေးပါ၊
ကားလမ်းဘေးရောင်းသူမဲ့ဆိုင်လေးလဲဖြစ်ပါတယ်၊
ဈေးနှုန်းလေးတွေရေးထားပြီး ပိုက်ဆံသေတ္တာကနေအအမ်းယူလို့ရပါတယ်၊
ကတ်ကြေးထားပေးပြီး ပန်းကိုတော့အခင်းထဲကနေ ကိုယ့်ဘာသာရွေးဖြတ်နိုင်ပါတယ်။

ကျွန်တော် ၉တန်းကျောင်းသားဘ၀၊ ပခုက္ကူကဆရာကြီးဦးမြင့်မောင်ရဲ့အင်္ဂလိပ်စာ
ကျောင်းမှာရှိတဲ့ ရောင်းသူမဲ့သရေစာဆိုင်လေးကို သတိရမိပါတယ်၊ စာရိတ္တပျိုးထောင်ခြင်းပါ။ 



  • Kyaw Thiha မြန်မာပြည်မှာဒီဆိုင် မျိုးဖွင့်လို့အရင်း
    မပြုတ် ရင် ကျနော်တို့ဗတိုင်းပြည်
    တိုးတက်ပီ
  • Aungkyaw Chanaye ကောင်းတာလေးတွေရှိရင်တင်ပေးပါအုံးကိုမင်းမော်ရေ။
  • Aungkyaw Chanaye ဗဟုသုတရပါတယ်။
  • Ak Tun ကျနော် ခဏခဏ၀ယ်တယ် ဈေးတော်လို့
  • Min Maw Hla Myint ကျွန်တော်တို့မြန်မာတိုင်းရင်းသားအားလုံးမှာ ရိုးသားမှုအရင်းခံစိတ်ရှိကြပါတယ်၊ သူများနိုင်ငံတွေလို ပြည်သူတွေအူမတောင့်ဘို့ကို သက်ဆိုင်ရာတွေကစီစဉ်ပေးဘို့လိုနေသေးတာကြောင့်လို့ဘဲ မြင်ပါတယ်။ အပေါ်ကဆိုင်လေးက လမ်းသွားလမ်းလာသိပ်မရှိတဲ့ ကားလမ်းဘေးမှာပါ၊ ၀ယ်ချင်ရင် ကားရပ်ပြီးမှဆင်းဝယ်ရပါတယ်၊ အားကျပြီး လမ်းဆုံလမ်းခွကျွန်တော့်အိမ်ဘေးမှာ သိမ်းမထားချင်တဲ့ DVD တွေထိုင်ခုံနဲ့တင်ပြီး နွေရာသီ စနေ၊ တနင်္ဂနွေမှာ မနက်ချခင်း ညနေမှပြန်သိမ်း လုပ်လိုက်ပါတယ်၊ အဆင်ပြေပါတယ်၊ တစ်ချို့ဆို အခွေတွေဖရိုဖရဲဖြစ် နေတာကို စနစ်တကျပြန်စီပေးသွားကြတယ်၊ မှတ်မှတ်ရရ စနေအသောက်ညနေမှာတော့ 60 ကရိုနာ(၁သောင်းခန့်) ပါသွားဘူးတယ်၊ လူငယ်တစ်ချို့ကောင်းပြီးမသွားတာနေမှာပါ၊ ကောင်းတာပါဘဲ၊ ကိုယ်ကယူခဲ့ဘူးမှာကိုး၊ ပြုသူအသစ်တဲ့ မသိကြလို့ပါ၊ ကျွန်တော်ကတော့ အကြွေးတစ်ခု ကျေသွားတာပေါ့ခင်ဗျား :)။
    MinMawHlaMyint(FB posted 28th, Sept 2013).

No comments:

Post a Comment