Sunday, 2 February 2014

ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့အန္တရာယ်ရေခဲချောင်း။

Pas på de smukke men også farlige istapper.
(Beware of the beautiful but dangerous Icicles).


 နှင်းကျများတဲ့နိုင်ငံတွေမှာ သတိပြုရမယ့်အန္တရာယ်တစ်ခုပါ။

အဆောက်အဦးတွေပေါ်မှာနှင်းတွေကျတုန်းကတင်နေတဲ့နှင်းခဲတွေဟာ
အပြင်မှာနေလေးသာလာလို့ဘဲဖြစ်ဖြစ်၊ အတွင်းကအပူငွေ့ကြောင့်ဘဲ
ဖြစ်ဖြစ် အရည်ပျော်ကျလာတတ်ပါတယ်။
ပျော်ကျလာတဲ့အရည်တွေဟာအပြင်မှာရှိတဲ့ ရေခဲမှတ်အောက်ရောက်
နေတဲ့အအေးနဲ့လေအေးတို့ကြောင့် မြေပြင်ထိမရောက်တော့ဘဲ
တံစက်မြိတ်မှာဘဲ တွဲလဲခိုလို့ရေခဲချောင်းလေးကနေရေခဲချောင်းကြီး
တွေဖြစ်သွားပြီး လူတွေ၊ ကားတွေကိုအန္တရာယ်ဖြစ်စေပါတော့တယ်။

ဒိန်းမတ်လို Istapper လို့ခေါ်တဲ့လေးပြီးမာကျောနေတဲ့တွဲလဲရေခဲချောင်း
တွေဟာအဖျားကလဲချွှန်နေသေးတာကြောင့်အလွန်အန္တရာယ်ကြီးပါတယ်။
အချိန်မရွေးအောက်ကိုပြုတ်ကျလာနိုင်တာကြောင့်အဲဒါတွေရှိနေတဲ့
မြင့်တဲ့အဆောက်အဦးတွေအောက်ကဖြတ်လျှောက်တဲ့အခါအထူးသတိထား
ရှောင်ကွင်းကြရပါ့မယ်။
၂၀၁၀ နှင်းတုန်းကရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာတင်အဲဒီရေခဲတွဲလဲ
တွေကြောင့် လူ ၅ဦးသေဆုံးလို့ ၁၅၀ ဒဏ်ရာရရှိခဲ့ဘူးပါတယ်။

 ဒိန်းမတ်မှာလည်းအိမ်အမိုးတွေပေါ်မှာနှင်းခဲတွေရှိနေပြီမို့ နေပြင်းပြင်းမပူ၊
မိုးသည်းသည်းမရွာခဲ့ရင်တံစက်မြိတ်ရေခဲချောင်းတွေဖြစ်လာတော့မှာပါ။
အဲဒါတွေရှိနေတဲ့အောက်မှာမဖြတ်ကြအောင်ကြိုးများကာရံပေးထားတဲ့
နေရာတွေရှိသလို နေရာတိုင်းတော့လုပ်မပေးနိုင်ကြပါဘူး။

နှင်းနိုင်ငံတွေမှာနေကြတဲ့သူတွေသိပြီးသားဖြစ်ပေမဲ့ ကလေးတွေအတွက်လည်း
အန္တရာယ်ရှိတာကြောင့် ရေခဲချောင်းကြွေခိုက်၊ကျီးနင်းခိုက် မကြုံ ကြရအောင်
စေတနာထားထပ်မံသတိပေးနှိုးဆော်လိုက်ရကြောင်းပါခင်ဗျား။


မင်းမော်လှမြင့်(PKU,YSO)            facebook post1.2.2014.

No comments:

Post a Comment