ကျွန်တော်တို့ ဒိန်းမတ်စရောက်တဲ့နေ့မှာဘဲ ဟင်းချက်စရာဝယ်ဖို့
ရောက်တဲ့ "နက်တိုး" ဈေးဆိုင်အကြောင်းပါ။
တိုက်တိုက်ဆိုင်ဆိုင် ဆိုင်နံမည်ကလည်း "နက်တိုး" logo ကလည်း
ခွေးပုံနဲ့ဆိုတော့ ဒီနိုင်ငံကလည်း ငါတို့နိုင်ငံကခွေးနံမည်ကိုခိုးချထား
တာပါလားလို့ ပြောမိကြပါသေးတယ်။
ဒိန်းမတ်မိတ်ဆွေတစ်ယောက်ကို "မင်းတို့ .. နက်တိုးလို့ ခွေးတွေကို
နံမည်ပေးကြလားကွ" မေးဖြစ်ပါတယ်။
သူကမပေးကြကြောင်းနဲ့ Netto ဆိုတာကုန်ပစ္စည်းတွေရဲ့ထုတ်ပိုးခကို
ထည့်မတွက်ဘဲ ပစ္စည်းရဲ့အမှန်အလေးချိန်ရဲ့ ဈေးနှုန်းကိုဘဲယူတယ်
ဆိုတဲ့အဓိပ္ပာယ်နဲ့ပေးထားကြောင်းရှင်းပြပါတယ်။
ဒိန်းမတ်မှာတော့အိမ်ရှင်မတိုင်းဈေးဝယ်ရောက်ကြတဲ့ဆိုင်လည်းဖြစ်ပါတယ်။
အထူးသဖြင့် ဟင်းချက်စရာတွေ ဈေးချိုတတ်ပါတယ်။
ထုံးစံအတိုင်း တစ်ခြားထက်ဈေးတင်ထားတဲ့ပစ္စည်းတွေလည်းရှိပါတယ်။
ဒိန်းမတ်နိုင်ငံ Maersk(Mærsk) group ကပိုင်ပြီး တစ်နိုင်ငံလုံးမှာဆိုင်ခွဲ
400 ကျော်ရှိပါတယ်။ ဂျာမဏီ၊ ပိုလန် နဲ့ ဆွီဒင်တို့မှာလည်းဆိုင်ခွဲတွေဖွင့်ထားပါတယ်။
အခွန်မှန်ကန်စွာဆောင်တဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေကြောင့်
သူတို့စီးပွါးရေးအောင်မြင်တာနဲ့အမျှ နိုင်ငံတော်မှာလည်းအကျိုးရှိတော့
တစ်ဆက်ထဲ ပြည်သူမှာလည်းအကျိုးရကြောင်းပါခင်ဗျား။
မင်းမော်လှမြင့်(YSO,PKU)
No comments:
Post a Comment