ကျွန်တော်နေတဲ့ဒိန်းမတ်နိုင်ငံ၊ Dronningmolle လို့ခေါ်တဲ့မြို့ငယ်လေးရဲ့ကုန်စုံဆိုင်ရှေ့မှာ ဒီကောင်တွေသူတို့
ပစ္စည်းလေးတွေချရောင်းနေကြလေရဲ့။ တစ်ယောက်ကကျွန်တော်နဲ့သိတဲ့ကျောင်းဆရာတစ်ယောက်ရဲ့သား
လေးပါ။ ၂ယောက်လုံး ၅တန်းကျောင်းသားလေးတွေဖြစ်ကြောင်းသိရပါတယ်။
ဒီနိုင်ငံမှာ၉တန်းအထိမသင်မနေရအခမဲ့ပညာရေးစနစ်ကိုပြဌာန်းထားပါတယ်။ ဒီအရွယ်ကျောင်းသားလေးတွေအခုလိုသူတို့ပစ္စည်းဟောင်းလေးတွေလမ်းဘေးမှာချရောင်းကြတာဟာဒီနိုင်ငံ
မှာထူးခြားတဲ့မြင်ကွင်းတော့မဟုတ်ပါဘူး။ Ice age DVD တစ်ချပ်ဝယ်ပြီး၊ "ငါ့နိုင်ငံကသူတွေပြချင်လို့ပါကွာ" ဆိုပြီးဓါတ်ပုံရိုက်လာခဲ့တာ။ ကိုယ်ကသူတို့ရှက်မှာစိုးနေပေမယ့် ကိုယ်တော်ချော ၂ ယောက်ကရှက်ရမှန်း
မသိတဲ့အပြင် "ဂိုက်ပေးတောင်ကြမ်းနေသေး"။ မေးကြည့်တော့ဘောင်းဘီအသစ်ဝယ်ချင်လို့ပါတဲ့။ ဒိန်းမတ်မိဘတွေကိုတော့သြဘာပေးမိပါရဲ့ဗျာ။
ကိုယ်အပိုသုံးချင်ရင် ကိုယ့်ဘာသာရှာဘဲ။
No comments:
Post a Comment