Tuesday, 23 July 2013

ဒိန်းမတ်ကမင်္ဂလာဆောင်ဖိတ်စာ။

အပေါ်က ဖိတ်စာမှာတွေ့ ရတဲ့အတိုင်းဘဲ ဒိန်းမတ်မှာတော့ ပွင့်ပွင့်လင်းလင်းရေးတာဟာ
ပုံမှန်ဖြစ်နေတဲ့ ဓလေ့ပါ၊ "ကျွန်တော်တို့ မင်္ဂလာဆောင် ကို လက်ဖွဲ့ ချင်ရင်တော့ ပေါင်မုန့် မီးကင်စက်
နောက်ထပ်တစ်လုံး မပေးပါနဲ့ တော့ ပိုက်ဆံဘဲပေးပါခင်ဗျာ" တဲ့။

တစ်ချို့ ကျတော့လည်း သူတို့ မှာ မရှိသေးတဲ့ လိုအပ်နေတဲ့ ပစ္စည်းစာရင်းကို မင်္ဂလာဆောင်ဖိတ်စာ နဲ့ 
တွဲပြီးဖိတ်တတ်ပါသေးတယ်၊ မိတ်ဆွေတွေက လိုနေတဲ့ပစ္စည်းကို စုပြီးသော်လည်းကောင်း၊
တစ်ဦးချင်း သော်လည်းကောင်း၊ တိုင်ပင်ကြပြီး ပစ္စည်းတွေမထပ်အောင် လက်ဆောင်ပေးကြပါတယ်၊
သူငယ်ချင်း ၃ ဦးကပေါင်းပြီး အ၀တ်လျှော်စက် လက်ဖွဲ့ မယ်ဆိုရင်လည်း သတို့ သားနဲ့ သတို့ သမီးကို
လှမ်းမေးရပါတယ်၊ အ၀တ်လျှော်စက် လက်ဖွဲ့ မယ့်သူရှိနေပြီဆိုရင် သူတို့ က ကျန်စာရင်းထဲမှာပါတဲ့
တစ်ခုခုပေါ့ခင်ဗျာ။

မွေးနေ့ ကျပြန်တော့လည်း ထိုနည်းလည်းကောင်းပါဘဲ၊ အဖိတ်ခံရတဲ့သူကနေ မွေးနေ့ ရှင်ကို
ဘာလက်ဆောင်လိုချင်လဲ လှမ်းမေးတတ်ကြပါတယ်၊
၎၊ ၅ နှစ်ကနေ ၁၇၊ ၁၈ နှစ်အထိ ခလေးတွေကတော့ ဖိတ်စာနဲ့ အတူ လိုချင်တဲ့ပစ္စည်းစာရင်း
တွဲပို့ တတ်ပါသေးတယ်၊ စာရင်းထဲမှာ တွေ့ ရတာတွေကတော့ အရွယ်လိုက်လို့  ချောကလက်တို့ ၊
ကစားစရာပြိုင်ကား၊ ၀က်ဝံရုပ်ကြီးကြီး၊ အင်္ကျီ၊ ပိုက်ဆံ စသဖြင့်တွေ့ ရတတ်ပါတယ်။

ကျွန်တော့်သမီး ၁၃နှစ် မွေးနေ့ လုပ်တော့ ဒိန်းမတ်မိတ်ဆွေတွေက ဘာလိုချင်လဲ လှမ်းမေးကြတဲ့အခါ
သမီးအဖြေက "ပိုက်ဆံကလွဲပြီး ပေးကြပါ၊ ပိုက်ဆံဆိုရင် မေမေကသိမ်းထားလို့ ပါရှင်" တဲ့၊
ကဲ..ကောင်းကြသေးရဲ့လားဗျာ။

Sunday, 21 July 2013

ကျွန်တော်နေတဲ့မြို့ လေးရဲ့ ပင်လယ်ကမ်းခြေ။

Dronningmølle လို့ ခေါ်တဲ့မြို့ လေးဟာ ဒိန်းမတ်ရဲ့မြို့ တော် ကိုပင်ဟေဂင်
ရဲ့မြောက်ဘက် ၅၀ ကီလိုမီတာအကွာမှာရှိပြီး နွေရာသီအပန်းဖြေလာကြတဲ့
မြို့ လေးဖြစ်ပါတယ်၊ ကမ်းခြေကတော့ ကျွန်တော်တို့ အိမ်ကနေ တစ်မိနစ်လောက်
လမ်းလျှောက်လိုက်ရင်ဘဲ ရောက်ပါပြီ။

 ကျွန်တော်တို့ နိုင်ငံမှာလိုမဟုတ်ဘဲ ဒီနိုင်ငံမှာတော့ နွေပေါက်မှဘဲလူတွေကို
အပြင်မှာ ရွှင်လန်းတက်ကြွစွာ တွေ့ ရပါတော့တယ်၊ နေရောင်ခြည်ကိုလဲ
အရမ်းကြိုက်ကြပြီး အများသုံးထိုင်ခုံလုပ်ရင်တောင် နေပူမယ့်နေရာကိုရွေးပြီး
လုပ်ကြပါတယ်။

 ပင်လယ်ကမ်းခြေ နေပူထဲမှာ တစ်နေကုန် လဲလျှောင်း၊ အပန်းဖြေ၊ စာဖတ်၊

စားသောက်၊ ရေထဲဆင်း စတာတွေလုပ်ပြီးပျော်နေကြပါတယ်။
ဒါလောက်တောင် နေပူကြိုက်လှတဲ့သူတွေ
ကိုယ့်ဇာတိ ရေစကြို.ပခုက္ကူ ကိုပို့ ပေးခြင်စိတ် ပေါ်မိပါရဲ့..။

Saturday, 20 July 2013

ဆရာတော် ဥူးသုမင်္ဂလ၏ တရားပွဲ ဖြစ်မြောက်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ(ကိုပင်ဟေဂင်)


ဒိန်းမတ်နိုင်ငံသို့ ကြွရောက်လာမည့်ဆရာတော် ဥူးသုမင်္ဂလ၏ တရားပွဲများကို ဘားမင်းရှိ မြန်မာဘုန်းတော်ကြီးကျောင်း နှင့် ဘွန်ဟိုးကျွန်းတို့ တွင် ကျင်းပကုသိုလ်ယူကြမည်ဖြစ်ပါသည်။

ကိုပင်ဟေဂင် ၀န်းကျင်နေထိုင်သူများမှလည်း မြန်မာဘုန်းတော်ကြီးကျောင်း နှင့် ညှိနှိုင်းကာ တရားပွဲဖြစ်မြောက်ရေးအတွက် ပြုလုပ်သော ဆွေးနွေးပွဲ မှတ်တမ်းဖြစ်ပါသည်။

လုပ်ငန်းစဉ်များ

၁၊ ဆရာတော်အား ဘားမင်းမှ ပင့်ဆောင်ရန်၊
၂၊ ဆရာတော် ယာယီသီတင်းသုံးရန်၊
၃၊ ဆရာတော်အား အာရုံဆွမ်း၊ နေ့ ဆွမ်း ဆက်ကပ်ရန်၊
၎၊ ဆရာတော် ဒေသန္တရ၀န်းကျင်အားကြည့်၇ှုနိုင်ရန်၊
၅၊ ဆရာတော်အား လေယာဉ်ကွင်းသို့ ပြန်လည်ပို့ ဆောင်ရန်၊
၆၊ တရားပွဲနေရာ၊ အချိန်၊ အခမ်းအနား၊ ဖိတ်ကြားရေး၊ အလှူငွေကောက်ခံရေး
စသည်တို့ အားဆွေးနွေးကာ လုပ်ငန်းများ အကောင်အထည်ဖေါ်နိုင်၇န်
အောက်ပါ အဖွဲ့ ငယ်များအား ဖွဲ့ စည်းနိုင်ခဲ့ပါသည်။

အခမ်းအနားပြင်ဆင် ဖိတ်ကြားဧည့်ခံရေးအဖွဲ့ ငယ်
ဦးသောင်း၊ ဦးမင်းဇော်၊ ဦးမြတ်စိုးအေး၊ ဦးကျော်ဦး၊ ဦးစည်သူ နှင့် ဓမ္မလုပ်အားပေးများ

ဘဏ္ဍာရေးအဖွဲ့ ငယ်
ဦးသောင်း၊ ဦးလင်းလင်းထွန်း၊ ဦးလှမင်းမောင်၊ ဦးနိုင်ဇော် နှင့် ဓမ္မလုပ်အားပေးများ

ပင့်ဆောင် ပို့ ဆောင်ရေးအဖွဲ့ ငယ်
ဦးလင်းလင်းထွန်း၊ ဦးလှမင်းမောင်၊ ဦးနိုင်ဇော်၊ ဦးစည်သူ၊ ဦးမင်းမော် နှင့် ဓမ္မလုပ်အားပေးများ

ဆရာတော် ဝေယျာဝစ္စ အဖွဲ့ ငယ်
တက်ရောက်သူအားလုံး နှင့် ဓမ္မလုပ်အားပေးများ

ဓမ္မဒါန အလှူရှင်အဖွဲ့ 
တက်ရောက်သူအားလုံး နှင့် ဦးဂျွန်၊ ဦးစိန်လှိုင်၊ ဦးမြင့်ဝေ၊ ဦးအောင်ခင်မြင့်၊ ဦးအောင်ဖေ၊
ဦးဟိန်းကို၊ ဦးရဲစိုးငြိမ်းအေး၊ ဦးစိုင်းထူး၊ ဦးစိန်ခူး၊ ဦးစိုးဝင်း၊ ဦးစောဘဒိုး၊ ဦးသောမတ်စ်၊
ဒေါ်အေးတင်၊ ဒေါ်နွယ်၊ ဒေါ်မာမာအေး၊

တက်ရောက်သူများ
ဦးသောင်း၊ ဦးလင်းလင်းထွန်း၊ ဦးမင်းဇော်၊ ဦးမြတ်စိုးအေး၊ ဦးလှမင်းမောင်၊ ဦးနိုင်ဇော်၊ ဦးစည်သူ၊
ဦးကျော်ဦး၊ ဦးမင်းမော်။

တရားပွဲအစီအစဉ်
နေ့ ရက်။    ။ ၂၉၊ ၀၇၊ ၂၀၁၃ (တနင်္လာနေ့)
အချိန်  ။    ။ ညနေ ၆ နာရီ ခွဲ
နေရာ  ။    ။ စေတနာရှင်များရုံးခန်း ( Frivillig Center)
                Græsted Syd Station
                Græsted.
                http://www.frivilligcenter-graested.dk/

အာရုံဆွမ်း၊ နေ့ ဆွမ်းများကို ဆရာတော် ယာယီသီတင်းသုံးမည့် ဦးလင်းလင်းထွန်း၏
၏ နေအိမ်တွင် ဆက်ကပ်မည်ဖြစ်ပါ၍ မိမိအစီအစဉ်ဖြင့်လည်း လာရောက်ဆက်ကပ်
နိုင်ကြပါသည်။
ကောက်ခံရရှိသော အလှူငွေများအားလည်း ဆရာတော်၏တရားပွဲ သီးသန့် သုံးစွဲ၍
ကျန်ရှိ အလှူငွေများကို ဆရာတော် နှင့် ဘားမင်းဘုန်းတော်ကြီးကျောင်းသို့ လှူဒါန်း
မည်ဖြစ်ပါသည်။
ဘဏ္ဍာရေးရှင်းတမ်းကိုလည်း သီးသန့်  ထုတ်ပြန်မည်ဖြစ်ပါသည်။
ယာဉ်ရှိသူများမှလည်း ကုသိုလ်ဖြစ် ကူညီကြပါမည်။
ဆက်သွယ်မေးမြန်း၊ အကြံဥာဏ်ပေးခြင်း၊ အလှူငွေ များထည့်ဝင်ခြင်း
များအတွက် ဖေါ်ပြပါ နံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
ဦးလင်းလင်းထွန်း(၈၁၉၁၉၇၅၃) ဦးမင်းဇော်(၆၀၄၂၃၈၄၄)၊ ဦးမြတ်စိုးအေး၊
ဦးလှမင်းမောင်(၅၀၃၇၈၄၆၄)

(တရားပွဲဖြစ်မြောက်ရေးအဖွဲ့ ၊ကိုပင်ဟေဂင်)







Wednesday, 17 July 2013

၁၉ ဂျူလိုင် မမေ့နိုင်။

အာဇာနည် နေ့ မှာ သတ်သတ်မှတ်မှတ် အလေးမပြုဖြစ်တာ
၁၈နှစ်ပြည့်တော့မယ့် သမီးတစ်သက်မကတော့ပါဘူး။
ငယ်ငယ်တုန်းကတော့ အဖေ၊ အမေ တွေနဲ့ အတူတူ အလေးပြုရင်း
မျက်ရည်ဝဲ ခဲ့ရတာ သတိရမိပါတယ်။
အာဇာနည်နေ့ တွေမှာ ဖေဖေက တာဝါလိန်းလမ်းက ဗိုလ်ချုပ်နောက်ဆုံး
နေထိုင်သွားခဲ့တဲ့အိမ်(ဗိုလ်ချုပ်ပြတိုက်)၊ ဗုံးအခွဲမခံရခင်တုန်းက အာဇာနည်ကုန်း၊
ဗိုလ်ချုပ်ပန်းခြံ စတဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့နေရာတွေကို တစ်နေရာမဟုတ်
တစ်နေရာ လိုက်ပို့ ပေးလေ့ရှိတာကိုလည်း အမှတ်ရနေဆဲပါ။
ဗိုလ်ချုပ်ပြတိုက်မှာ ပြထားတဲ့
ဗိုလ်ချုပ်ဝတ်နေတဲ့ အပေါက်တွေ ဗလပွနဲ့ စွပ်ကျယ်လက်ပြတ်လေး ကိုလည်း
အခုအချိန်ထိ မျက်စိထဲမှာစွဲနေတုန်းပါ၊ ၃ တန်းကျောင်းသားကျွန်တော်က
ဖေဖေ့ကို 'ဗိုလ်ချုပ်က စွပ်ကျယ်အသစ်မကြိုက်ဘူးလား' လို့ မေးတော့
"လွတ်လပ်ရေးကြိုးစားနေရတာနဲ့ ကြိုက်ချိန်မရရှာဘူး သား" လို့ ဖြေဘူးတယ်။

ကျွန်တော်တို့ ခေတ်တုန်းက ဗိုလ်ချုပ်အကြောင်းတွေနဲ့ ကြီးပြင်းလာရ
တာလို့  ပြောလို့ ရပါတယ်၊ ၁၉၇၀ ၀န်းကျင် မူလတန်းကျောင်းသားဘ၀ဆိုရင်ဘဲ
ဗိုလ်ချုပ်အကြောင်း စသင်ရဖတ်ရပါပြီ၊ ၁၉၇၇ ၀န်းကျင်အလယ်တန်းနဲ့ 
အထက်တန်းကျောင်းသားဘ၀ရောက်တော့ အင်္ဂလိပ်ဖတ်စာမှာ ဗိုလ်ချုပ်အကြောင်း
ပြဌာန်းထားပါတယ်၊ မိဘတွေကလည်း ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အပြင်စာအုပ်
တွေ ၀ယ်ပေးပါတယ်။
ပြောရရင် ၈၈ တုန်းက ကျွန်တော်စကားပြောရင်လဲ ဗိုလ်ချုပ်အကြောင်း
မပါမဖြစ် ပြောခဲ့ပါတယ်၊

ဆိုလိုချင်တာက ကျွန်တော့်သမီးလက်ထက်ကျမှ
ဗိုလ်ချုပ်အကြောင်း အခါအားလျှော်စွာ ပြောပြဖြစ်တာကလွဲပြီး
အာဇာနည်နေ့ တွေမှာ သတ်သတ်မှတ်မှတ် အလေးမပြုဖြစ်တာကိုပါ၊
ကျွန်တော်တို့ ရဲ့လိုအပ်ချက်ဆိုတာဝန်ခံပါတယ်။
ပျက်အစဉ် ပြင်ခဏ ဆိုသလို ဒီနှစ်ကစလို့ မိသားစုနဲ့ အတူအလေးပြုဖို့ 
လုပ်ပါမယ်။
အချိန်ကွာခြားမှုအ၇ မြန်မာပြည် ၁၀:၃၇ ကဒိန်းမတ်မှာ ၀၆:၀၇ ဖြစ်ပါတယ်၊
အလုပ်ဝင်ကြရမှာနဲ့ အဆင်မပြေကြရင်လဲ ဂျူလိုင် ၁၉ ရက်၊ အဆင်ပြေတဲ့အချိန်
မိသားစုစုံညီတဲ့ အခါမှာ ၁ မိနစ်လေးဘဲ အချိန်ပေးပြီး ကျေးဇူးရှင်ဗိုလ်ချုပ်တို့ ကို
အလေးပြုကြရအောင်ပါခင်ဗျား။
ဖေါ်ပြပါ Link ကိုသွားပြီး ဥသြသံကို down load ရယူနိုင်ကြောင်းပါ။
http://www.mediafire.com/?kachd4317who43v


Tuesday, 16 July 2013

အဖဗိုလ်ချုပ် Dorchester Hotel, Londonေ၇ာက်ခဲ့စဉ်က၊




၁၉၄၇ ဇန်န၀ါ၇ီ ၉ ၇က်ကနေ ၃၀ ၇က်နေ့ အထိတစ်လနီးပါး အဲဒီဟော်တယ်မှာ အဖဗိုလ်ချုပ်နေခဲ့ပြီး "အောင်ဆန်းအက်တလီ" စာချုပ်ကို လက်မှတ်ေ၇းထိုးခဲ့ပါတယ်၊ အပြည့်အစုံကို ဆ၇ာတက္ကလိုလ်နေ၀င်းေ၇းတဲ့"ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ေ၇းကြိုးပမ်းမှုမှတ်တမ်း" စာအုပ်မှာဖတ်နိုင်ပါတယ်၊ ဗိုလ်ချုပ်၇ဲ့အကောင်းဘက်ကမြင်တတ်တဲ့ပုံ၇ိပ်တစ်ချို့ နဲ့ လန်ဒန်မှာနေခဲ့စဉ်က
အကြောင်းလေးတစ်ချိုတို့ ကို ဗိုလ်ချုပ်အလွမ်းပြေ မူ၇င်းအတိုင်းကောက်နုတ် တင်ပြလိုက်ပါတယ်။

ဗြိတိသျှအင်ပါယာ၏ ဗဟိုမြို့ တော်ဖြစ်သော လန်ဒန်မြို့ ကြီးကားနာမည်ကျော်ကြား သလောက် ယခုစစ်ပြီးခေတ်အခြေအနေမှာ အစစအ၇ာ၇ာအလွန်၇ှားပါး
ဈေးကြီးနေပြီး လူတွေအဖို့ ကျပ်တည်းလျက်၇ှိနေပါသည်။
ကျွန်တော်ကဟိုတယ်ဝန်ထမ်းများနှင့်စကားလက်စုံကျ၇င်း စုံစမ်းသိ၇ှိ၇သိအတိုင်း
အင်္ဂလန် ပြည်တွင် အ၀တ်အစားပင်းမင်းပေးလျှင် ၇က်သတ္တ နှစ်ပတ်ခန့် ကြာပြီး
အင်္ကျီ၊ ဘောင်းဘီချုပ်လျှင်လည်း အနည်းဆုံးသုံးလကြာသည်ဟုသိ၇ကြောင်း
လက်ဖက်၇ည်သောက်ချိန်၌ ဗိုလ်ချုပ်အားပြောပြ၇ာ ဗိုလ်ချုပ်က ပြုံး၍
"ဟ...ဒီလိုဆို၇င် ငါတို့ ဗမာပြည်ကမှတော်သေးတာပေါ့ကွ"
ဟု မှတ်ချက်ချခဲ့ပါသည်။

ဗြိတိသျှအစိုး၇၏ အိမ်၇ှင်ကောင်းပီပီ ဧည့်ဝတ်ကျေပွန်စွာဖြင့် မြန်မာကိုယ်စားလှယ်
ကြီးများအား ဧည့်ခံပြုစုပုံနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က
"ငါတို့ အပေါ်ဒါလောက်ဧည့်ဝတ်ကျေတာတော့ သူတို့ ကိုချီးကျူးထိုက်တယ်ကွ"
ဟု ဇန်န၀ါ၇ီလ ၁၅ ၇က်နေ့ နံနက်ကဟိုတယ်၌ နံနက်စာစား၇င်း
မှတ်ချက်ချခဲ့ပါသည်။

နေ့ လည်ပိုင်း အားလပ်ချိန်တွင် မြန်မာကိုယ်စားလှယ်တော်များ အင်္ဂလန် ပြည်၏
နာမည်ကြီးဘောလုံးပွဲတစ်ပွဲကြည့်၇န် ဖိတ်ကြားခဲ့ပါသည်။ ဘောလုံးပွဲကလည်း
ကမ္ဘာကျော်အောင် နာမည်ကြီးသည့် ဗြိတိသျှဘောလုံးအသင်း နှစ်သင်းဖြစ်သော
'အာဆင်နယ်လ်' နှင့် 'ချယ်လ်ဆီး' အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစား
ကြမည့် ပွဲကြီးပွဲကောင်းတစ်ခုပင်ဖြစ်ပါသည်။ သို့ ၇ာတွင် ဗိုလ်ချုပ်အောင်ဆန်းမှာ
ဗြိတိသျှအစိုး၇နှင့် မကြာမှီချုပ်ဆိုလက်မှတ်ထိုး၇မည့် စာချုပ်ကိစ္စနှင့်ပတ်သက်၍
ပြင်ဆင်လေ့လာနေ၇ခြင်းကြောင့် မအားလပ်သဖြင့်ဘောလုံးပွဲသို့ မသွားခဲ့ပါ။

စစ်ဌာနချုပ်၌ ဗိုလ်ချုပ်အောင်ဆန်းအား ဆီးကြိုနှုတ်ဆက်၍ ဧည့်ခံသူကား
ဗြိတိသျှအင်ပါယာလုံးဆိုင်၇ာ စစ်ဦးစီးအဖွဲ့ မှူး 'လော့ဒ်မောင်ဂိုမာ၇ီ'ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်း၏ တည်ကြည်ဖြောင့်မတ်မှု၊ မျိုးချစ်စိတ်ဓာတ်
ပြင်းထန်တက်ကြွပုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံေ၇ာက် ဗြိတိသျှအမှတ် ၁၄စစ်တပ်ကြီး
၏ သေနာပတိချုပ်ကြီး ဆာသီလျံစလင်းထံမှတစ်ဆင့်ကြားသိထားပြီးဖြစ်သောကြောင့်
'လော့ဒ်မောင်ဂိုမာ၇ီ' သည် ဗိုလ်ချုပ်အားခင်မင်လေးစားခြင်းဖြစ်ကြောင်း သိ၇ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်စစ်မဖြစ်မှီခေတ် (တက္ကသိုလ်ကျောင်းမှထွက်ပြီး ဂျပန်ပြည်သို့ မသွားမှီကာလ)က မြန်မာ့အလင်းသတင်းစာနှင့် နယူးဘားမား အင်္ဂလိပ်
သတင်းစာများတွင် သတင်းဆောင်းပါးများေ၇းသားခဲ့သူဖြစ်၍ သတင်းစာလုပ်ငန်းကို
အထူးပင်စိတ်သင်စားခဲ့ပါသည်။ ထို့ ကြောင့် ကမ္ဘာကျော် လန်ဒန်တိုင်း သတင်းစာတိုက်သို့ သွားေ၇ာက်လေ့လာခွင့်၇မည်ဟု သိ၇သောအခါ ချက်ချင်းပင်
လိုက်ကြည့်မည်ဟု သဘောတူလိုက်ပါသည်။

"ငါတော့လန်ဒန်ေ၇ာက်၇င် စာအုပ်ဆိုင်ကြီးတွေကိုေ၇ာက်အောင်သွားကြည့်မှ ဖြစ်မယ်ကွ၊ လန်ဒန်မြို့ ဆိုတာ ကမ္ဘာပေါ်မှာ စာအုပ်စာတမ်းမျိုးစုံ စောင်ေ၇အများဆုံးထုတ်ဝေတဲ့ မြို့ ၇ယ်လို့ 
ကျော်ကြားနေတာ အလကားမဟုတ်ဖူး" ဟုပြောခဲ့ဘူးပါသည်။

ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသောကိုယ်စားလှယ်အဖွဲ့ အား ဗြိတိသျှအင်ပါယာ၏
ဧက၇ာဇ် မင်းမြတ်ဖြစ်သူ ဆဌမမြောက် ဂျော့ဘု၇င်နှင့် ကြင်ယာတော်မိဖု၇ားကြီး
တို့ က ဘတ်ကင်ဟမ်နန်းတော်သို့ နေ့ လည်စာစား ဖိတ်ထားကြောင်း သတင်းပင်
ဖြစ်ပါသည်။
ဖောင်းကြွေ၇ွှစာလုံးများနှင့် ဖိတ်ကြားစာတွင်အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာဖြင့်ေ၇းသားဖေါ်ပြထားပါသည်။
"ဘု၇င်မင်းမြတ်နှင့်မိဖု၇ားကြီးတို့ က အိမ်တော်ဝန်အားအမိန့် တော်ချမှတ်လိုက်ပါသည်။

"ဦးအောင်ဆန်းနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့ ဝင် လူကြီးမင်းများအား ၁၉၄၇ ခု၊
ဇန်န၀ါ၇ီလ ၂၄ ၇က်၊ သောကြာနေ့ မွန်းလွဲ တစ်နာ၇ီအချိန် ဘတ်ကင်ဟန်နန်းတော်သို့  နေ့ လည်စာစားကြွေ၇ာက်ပါ၇န် ဖိတ်ကြားစေ"ဟု
အမိန့် တော်ချမှတ်လိုက်ပါသည်။
အဆိုပါစာကိုဖတ်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက၇ယ်ကာမောကာဖြင့်...
"အင်း...ဒီအင်္ဂလိပ်လူမျိုးတွေကတော့ မင်းခမ်းမင်းနား အဆောင်အယောင်
ပကာသနတွေကို သာယာတပ်မက်တဲ့နေ၇ာမှာ နှစ်ယောက်မ၇ှိဘူးကွ၊
ငါတို့ ကို ဂျော့ဘု၇င်က တိုက်၇ိုက်ဖိတ်လို့ မဖြစ်၇င်လည်း လုံးလုံးမဖိတ်ဘဲ
ထားလိုက်ပြီးေ၇ာပေါ့၊ ဖိတ်စာထဲ ဘယ်လိုေ၇းေ၇း အေ၇းကြီးတာက
ကျုပ်တို့ တတွေ'ဘတ်ကင်ဟန်' နန်းတော်ထဲေ၇ာက်ဖူးတယ် ၇ှိကြမယ့်အပြင်
ဘု၇င်မင်းမြတ်နဲ့ အတူပွဲတော်တည်၇မှာက ကျုပ်တို့ အတွက် အမြတ်ဘဲ
မဟုတ်လားဗျ" ဟု၇ယ်သွမ်းကာပြောလိုက်ပါသတည်း။

လန်ဒန်မြို့ 'မြန်မာအသင်း' ၏မိတ်ဆက် လက်ဖက်၇ည်ပွဲသို့ ကြည်လင်၇ွှင်လန်း
စွာနှင့်ပင် တက်ခဲ့ပါသည်။ လက်ဖက်၇ည်ပွဲတွင်ကား လန်ဒန်မြို့ ၇ှိ မြန်မာအမျိုးသား
အားလုံးလိုလိုေ၇ာက်၇ှိနေ၇ာ ဘိလပ်ေ၇ာက်မြန်မာလူဦးေ၇ မနည်းလှကြောင်း
ထိုနေ့ မှပင်သိ၇ပါတော့သည်။ အကြောင်းအမျိုးမျိုးဖြင့်  ဘိလပ်ေ၇ာက် မြန်မာအမျိုးသားများ၏ အင်အားကိုကြည့်ပြီး ဗိုလ်ချုပ်က...

"ဒို့ ဗမာလူမျိုးတွေ အခုလိုနိုင်ငံခြားထွက်လာကြတာကို ငါတော့သဘောကျမိတယ်၊
ေ၇ှ့လျှောက်လည်း ငါတို့ လူမျိုးတွေ နိုင်ငံခြား ခ၇ီးသွားတဲ့ ပိုများလာအောင်
အားပေး၇မယ်ကွ" လက်ဖက်၇ည်ပွဲသို့ေ၇ာက်ေ၇ာက်ချင်း မှတ်ချက်ချခဲ့ပါသည်။

'မစ္စတာအောင်ဆန်း ဗမာပြည်လွတ်လပ်ေ၇း၇ပြီးတော့လဲ လန်ဒန်မြို့ ကို တစ်ခေါက်
လာပါအုံး' ဗြိတိသျှေ၇ွှတိုက်စိုးကြီး ဆာစတက်ဖို့ ခ၇စ် က၇ယ်ကာမောကာဖြင့်
ဖိတ်ခေါ်သည်ကို ဗိုလ်ချုပ်ကလည်း ပြုံး၍...

"စိတ်ချပါ၊ လာခဲ့ပါ့မယ်၊ ဒီတစ်ခေါက်တည်းနဲ့ လန်ဒန်မြို့ ကို ကျွန်တော်နှံ့ အောင်
မလည်၇သေးဘူး" ဟုပြန်ပြောခဲ့ပါသည်။

ဤသို့ ပြန်ပြောခဲ့ပါသော်လည်း နောက် ၆ လမျှအကြာ ၁၉၄၇ခု၊ ဇူလိုင်လတွင်
လူမသမာတို့ လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံ၇မည် ဟူသော သူ၏
ကံကြမ္မာကိုမူ  ဗိုလ်ချုပ်ခမျာ ထိုအချိန်က လုံးဝမသိ၇ှာပါချေ။






Sunday, 14 July 2013

Our daughter, Htet's last day of school(9th standard)

She passed the 9,10 standard in Denmark. So she can attend secondary education even she still like to attend to Designer School instead of 10 standard because she wanted to be Designer one day, so we have to support and hope so..








Friday, 12 July 2013

မြတ်ဗုဒ္ဓ ကိုယုံကြည်ကိုးကွယ်လာသော ဒိန်းမတ်နိုင်ငံကဇနီးမောင်နှံ။


ကျွန်တော်ရဲ့ ဇနီးသည်တာဝန်ထမ်းဆောင်နေတဲ့ဒိန်းမတ်က (Gilleleje) ဂီလာလိုင်းမြို့ လေးရဲ့ ဘိုးဘွားဂေဟာမှာကြုံတွေ့ရတဲ့အကြောင်းလေးဖြစ်ပါတယ်။
ဒီနိုင်ငံမှာကအရွယ်ရောက်လာရင် မိဘတွေနဲ့ အတူနေထိုင်ကြတဲ့ ဓလေ့မရှိတာကြောင့်
လူငယ်တိုင်းဟာ၁၈နှစ်ပြည့်တာနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လို့သီးခြားနေထိုင်ကြပါပြီ။
အိမ်ထောင်ကျပြီးမိဘနဲ့အတူလုံးဝမနေကြတော့ပါဘူး။

ဒါကြောင့်မို့လို့အသက်အရွယ်ကြီးလာသူတွေဟာ မိမိတို့ ကိုယ်ပိုင်အိမ်လေးတွေမှာဘဲ စုံတွဲ(သို့ )တစ်ဦးတည်းနေထိုင်ရင်း ဘ၀နေညိုချိန်ကိုဖြတ်သန်းကြရလေ့ရှိပါတယ်။
သားသမီးတွေကလည်းမိဘတွေအိမ်ကို တစ်ပတ်တစ်ကြိမ်လာလည်နိုင်ကြတာအများဆုံးပါ။
ကျွန်တော်တို့နိုင်ငံလိုမိသားစုသိုင်းသိုင်းဝိုင်းဝိုင်းနေလေ့မရှိကြတာကြောင့်
အနီးကပ်ကျန်းမာရေးစောင့်ရှောက်ဖို့လိုအပ်လာပြီဆိုရင်တော့အုပ်ချုပ်ရေးပိုင်းကစီစဉ်မှုနဲ့ 
သူတို့ ကိုအိမ်မှာနေခွင့်မပေးတော့ဘဲသက်ဆိုင်ရာဘိုးဘွားဂေဟာတွေမှာနေထိုင်ကြရပါတော့တယ်။
                   
သားသမီးတွေကတစ်လ၊ နှစ်လမှာမှတစ်ကြိမ်တောင်အနိုင်နိုင်လာတွေ့ လေ့ရှိကြတဲ့
ဘိုးဘွားဂေဟာမှာ အသက် ၅၀ ကျော်ဇနီးမောင်နှံကတော့ သူတို့ ရဲ့မိခင်အိုကြီး
ဒေါ်အင်ဂါ(Ingar) အသက် ၈၅ နှစ်ဆီကို တစ်ပတ်အတွင်းမှာဘဲ ၃၊ ၄ကြိမ်လာပြီး
ပြုစုစောင့်ရှောက်ကြတာတွေ့ ရပါတယ်။ အမျိုးသားက ပိုလန်လူမျိုးဖြစ်ပြီး သမီးဖြစ်သူက ဒိန်းမတ်သူဖြစ်ပါတယ်။ ကောလိပ်တစ်ခုမှာဆရာမလုပ်နေကြောင်းသိရပါတယ်။

မိဘလိုသဘောထားပြုစုစောင့်ရှောက်တတ်တဲ့ကျွန်တော်ရဲ့ဇနီးကို မြန်မာနိုင်ငံကမှန်းသိသွားတဲ့အခါမှာ
သူတို့ ပြောပြတဲ့အကြောင်းလေးတွေကိုတဆင့်ဖေါက်သည်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၈နှစ်တုန်းက သူတို့ ၂ ယောက်စလုံးဟာ တစ်ခြားဘာသာဝင်တွေဖြစ်ခဲ့ပြီး
ဘာသာမဲ့ဘ၀ကိုရောက်တော့မယ့်ဆဲဆဲမှာ ဗုဒ္ဓ နဲ့ ပတ်သက်တဲ့စာတွေကိုလေ့လာ
ဖတ်ရှုခဲ့ကြပါတယ်တဲ့။ဗုဒ္ဓ ရဲ့ စကြာဝဠာအမြင်(Cosmology) ကိုလက်ခံမိပြီး
အလွန်တော်တဲ့အတွေးအခေါ်ပညာရှင်ကြီးအဖြစ်(Greatest Philosopher) နဲ့ ဘဲ
အစမှာလေးစားခဲ့ကြပါတယ်တဲ့။
ဆက်ပြီးလေ့လာရင်း ဗုဒ္ဓရဲ့အဆုံးအမနဲ့ဟောပြောချက်တွေဟာဗုဒ္ဓဘာသာဝင်တွေအတွက်သာ
မဟုတ်ဘဲကမ္ဘာပေါ်မှာရှိတဲ့လူသားအားလုံးအတွက်အမှန်ဆုံးတရားတွေကိုတွေ့ရှိလမ်းညွှန်
ပေးခဲ့တာကိုတဖြေးဖြေးသူတို့သဘောပေါက်လာကြပါတယ်တဲ့။ အဲဒီနောက်ပိုင်း
ယိုးဒယားကို အလည် ၂ ပတ်သွားကြတဲ့အချိန်မှာတော့ မြန်မာဘုန်းကြီးကျောင်း နဲ့ 
အဆက်အသွယ်ရပြီး ဘယ်ကိုမှသိပ်မလည်ဖြစ်ကြတော့ဘဲ ဘုန်းကြီးကျောင်းမှာ
သူတို့ မောင်နှံရဲ့အားလပ်ရက်တွေ ကုန်ဆုံးခဲ့ကြပါတယ်တဲ့။
အဲဒီနောက်ပိုင်းမှာ သူတို့ ဇနီးမောင်နှံဟာ ဗုဒ္ဓ ကို ဘုရားရှင်အဖြစ်ကြည်ညိုကိုးကွယ်
ခဲ့တာ ၅နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်းပြောပြကြပါတယ်။

အခုလဲဘဲ အသက်အရွယ်ကြီးတဲ့မိဘအိုဆီကို အချိန်ရတိုင်း ကီလို ၆၀ ကျော်ကနေ
လာပြီး ပြုစုစောင့်ရှောက်တာဟာ မြတ်ဗုဒ္ဓ ကချီးမြှောက်တဲ့အလုပ်ဖြစ်တာကြောင့်ပါတဲ့။
ဒေါသကင်းစင်တဲ့ ဗုဒ္ဓ ရဲ့လမ်းကိုသူတို့နှစ်ထောင်းအားရရှိလှပါတယ်တဲ့။
လူသားအချင်းချင်းမေတ္တာထားကြဖို့နဲ့ကံရဲ့အကျိုးဆိုတဲ့လောကရဲ့အနှစ်သာရကိုလဲ ဗုဒ္ဓလမ်းစဉ်
မှာကြည်ညိုဘွယ်တွေ့ ရပါတယ်လို့ ပြောပြသွားကြောင်းပါခင်ဗျား။

မင်းမော်လှမြင့်(YSO,PKU)

Thursday, 4 July 2013

မိဘတွေခေါင်းသိပ်မစားရတဲ့ ဒိန်းမတ်(သို့ မဟုတ်) ဒိန်းမတ်မှကလေးလူငယ်များ၊

ကျွန်တော်တို့ နိုင်ငံမှာသားသမီး၇ှိသူတွေအတော်များများဟာ ကျောင်းစား၇ိတ်အပါအ၀င် ပူပန်ကြောင့်ကြ၇မှုတွေ နဲ့ နပန်းလုံးနေကြ၇တာကိုတွေ့ မြင်နိုင်ပါတယ်၊
ဒိန်းမတ်နိုင်ငံမှာဒီလိုမျိုးသိပ်မတွေ့ ၇တော့ ကျွန်တော်မြင်မိတာလေးတွေကိုတင်ပြချင်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံကမိဘတွေကို
အပြစ်ဆိုလို၇င်းလုံးဝမဟုတ်ဘဲ အပြုသဘောနှိုင်းယှဉ်နိုင်အောင်၇ည်၇ွယ်ပါတယ်၊

သူတို့ က ကလေးတွေကို ငယ်စဉ်ကထဲက ကိုယ့်အားကိုယ်ကိုး တတ်အောင်လေ့ကျင့်ပေးတာတွေ့ ၇ပါတယ်၊
ဥပမာတခုပြော၇၇င်၊ အမေကေ၇ှ့ကနေ ကလေးတွန်းလှည်းနဲ့ သွားနေတယ်၊ နောက်က ၃ နှစ်အ၇ွယ်ကလေးတယောက်ကပြေးလိုက်လာ၇င်းခလုတ်တိုက်လဲတယ်၊ ဒီကောင်အာပြဲနဲ့ အော်ငိုသေးတယ်၊ ကျွန်တော်ကတောင်ထူပေးဘို့ လုပ်မိသေး၇ဲ့၊ သူ့ အမေကကျွန်တော်ကိုလက်ကာပြထားပြီးအေးအေးဆေးဆေးဘဲ၇ပ်စောင့်နေတာ၊ ဟိုကောင်လဲခဏနေတော့အငို၇ပ်ပြီး သူ့ အမေဆီလာ၇တော့တယ်၊ ဘာမှမေးနေတာမတွေ့ ၇ဘူး၊ ဖုံ ၃၊ ၄ ချက်ခါပေးပြီးဘာမှမဖြစ်သလိုဆက်လျှောက်သွားတာပါ၊
ဒီနိုင်ငံကလင်ေ၇ာမယားေ၇ာအလုပ် လုပ်တဲ့နိုင်ငံဆိုတော့ ဒီကောင်တွေ ၆ လဆို၇င်ကျောင်းေ၇ာက်ပြီဘဲ၊
ငယ်ငယ်ကထဲက အများနဲ့ နေတတ်အောင်၇ယ်၊ ကိုယ့်ဘာသာလုပ်တတ်အောင်၇ယ်၊ လူမကြောက်တတ်အောင်၇ယ် အဲဒီ နေ့ ကလေးထိန်းကျောင်းကနေပြုစုပျိုးထောင်ပေးခဲ့တာတွေ့ ၇တယ်၊
ထမင်းခွံ့ ကျွေးတာမ၇ှိဘူး၊ ဇွန်းကိုင်နိုင်ပြီဆို၇င်ကိုယ့်ဘာသာစားဘဲ၊
ကလေးတွေကို၇ိုက်တဲ့အကျင့်မ၇ှိဘူး၊ သူတို့ ကြောင့်ပျက်စီးနိုင်မှာ၇ှိ၇င်ကြိုတင်ကာကွယ်ထားတယ်၊
ကလေးကျောင်းမှာဆ၇ာ၊ဆ၇ာမတွေကော်ဖီသောက်ဘို့ သကြားဗူးကိုတော်တော်ခက်ခက်ခဲခဲဖွက်ထားတာတွေ့ ဘူးတယ်၊
ဒီက ကလေးတွေ ဒုတ်ကောက်ခဲ့တို့ ၊ ၀ါးခြမ်းပြား တို့ မကြားခဲ့၇ဘူး၊ ဒီကောင်တွေလဲ ကျွန်တော်တို့ ဆီက ကလေးတွေလို ဇိမ်မကျ၇၇ှာပါဘူး၊ ၆ လ ၁ နှစ် ကထဲကကျောင်းစတက်နေ၇သလိုပါဘဲ၊
၃ နှစ်ဆို၇င်မူကြိုတက်ကြ၇ပြီး  ၆နှစ်ေ၇ာက်၇င်တကယ့်ကျောင်းသားဖြစ်သွားပါပြီ၊
အဲဒီကျောင်းတွေမှာ ကလေးတွေရဲ့စကားကိုလဲ ဂ၇ုပြုပြီးနားထောင်ပေးတာတွေ့ ၇ပါတယ်၊ ကလေးတွေ၇ဲ့ ဆန္ဒ ကိုလဲအထူးအလေးထားပြီး ဆောင်၇ွက်ပေးကြပါတယ်။

ကလေးတွေအလုပ်လုပ်တာကိုအားပေးခြင်း
ဒီနိုင်ငံမှာ ၇ နှစ် ၈ နှစ် အရွယ်တွေအလုပ်လုပ် ကြတာကို မကြာခဏ တွေ့ ရမှာဖြစ်ပါတယ်၊ အခကြေးငွေနဲ့ အလုပ်လုပ်
တာကိုမဆိုလိုပါ၊ မိဘကမြင်းမွေးထားရင် မြင်းစာကျွေး၇တယ်၊ ပန်းစိုက်ရင် ပန်းခူးပေး၇မယ်၊ အဲဒီအရွယ် ကလေးတွေ
သူတို့ အိမ်ရှေ့ထွက်ပြီး ပန်းရောင်းနေတာတွေ စတော်ဘယ်ရီေ၇ာင်းနေကြတာတွေ တွေ့ ရမှာပါ၊

တခါကကျွန်တော့်မိတ်ဆွေ ဒိန်းမတ်ကျောင်းဆရာ တယောက်၇ဲ့ ၉ နှစ်သမီးနဲ့  ၆ နှစ်သမီး ၂ ယောက် အိမ်ရှေ့နားက ကုန်စုံဆိုင်လေးရှေ့မှာ ကော်ဖီ ရောင်းနေတာတွေ့ ရပါတယ်၊ အငယ်ကောင်၎ နှစ်သား         ကဘော်ဒီဂတ်ပေါ့၊
မေးကြည့်တော့ ဂျာကင်အသစ်ဝယ်ဘို့ တဲ့ အမေက ကော်ဖီ နဲ့  တီး ဓါတ်ဗူး ၂ ဗူး၊ ပြင်ပေးလိုက်တယ်လေ၊
သကြားကဒီမှာပါ နို့ ကဒီမှာပါ နဲ့  တကယ့်ဈေးသည်ကြီးတွေကျနေတာဘဲ၊
အိမ်အတွက်ပါ ၂ ခွက်အားပေးလိုက်ရသေးတယ်။
ဒိန်းမတ်မှာနွေဦးမှရောက်ပြီဆိုရင် အဟောင်းဈေးခင်းလေးတွေ အလျှိုလျှိုပေါ်လာတတ်ပါတယ်၊
ကိုယ်မကြိုက်တော့တဲ့ပစ္စည်းဖြစ်ဖြစ် အသုံးမလိုတော့တဲ့ပစ္စည်းဖြစ်ဖြစ် ကိုဈေးနှုန်းသက်သာစွာနဲ့ ပြန်ရောင်းကြတာပါ၊
အသစ်နီးပါးပစ္စည်းလေးတွေ အ၀တ်အစားလေးတွေချည်းပါဘဲ၊
ကလေးတွေကလဲအရုပ်အသစ်ထပ်ဝယ်ဘို့  သူတို့ အရုပ်အဟောင်းလေးတွေချရောင်းနေကြတာတွေ့ ရတယ်၊
ဆယ်ကျော်သက်အပျိုအ၇ွယ်လေးတွေလဲ သူတို့ အ၀တ်အစားလေးတွေချရောင်းနေကြတာဈေးခင်းမှာတွေ့ ရမှာပါ၊
ရှက်ရွံ့ မှုဆိုတာသူတို့ မသိပါဘူး၊ အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတာသာသူတို့ ခေါင်းထဲမှာရှိပါတယ်၊

ကျွန်တော်ငယ်ငယ် ၄ တန်းတုန်းကစာအုပ်အဌားဆိုင်လေးဖွင့်တာအမှတ်ရမိတယ်၊ စွန်ရစ်လုံးအသစ်ဝယ်ချင်လို့  ကျွန်တော့်ဖေဖေက အကြံပေးတာပါ၊ ရန်ကုန် ဘောက်ထော်က သုခိတာလမ်း အိမ်ရှေ့လမ်းမဘေးမှာ ဖျာလေးခင်းပြီးတော့ အဖေ့စာအုပ်တွေကော ကျွန်တော့်ကိုဖေဖေ၀ယ်ပေးထားတဲ့ ဂယက်နီ၊ ကွန်းဇော် စာအုပ်တွေအပါအ၀င် ဒို့ ကျောင်းသား၊ တေဇ၊ေ၇ွှသွေး မကျန် ထိုင်ဖတ် ၅ ပြားနဲ့  အိမ်ဌား၇င်တော့စာအုပ်အလိုက် ၁၀ပြား၊ ပြား ၂၀ ယူပါတယ်၊
ဒါပေမဲ့ကြီးလာတော့ အသက် ၃၀ လောက်ထိ ကျောင်းသားလုပ်စားတာပါဘဲခင်ဗျား။

ဒီနိုင်ငံမှာအသက် ၁၂ နှစ်ပြည့်ရင် တရားဝင်အလုပ် လုပ်လို့ ရပါပြီ၊
အစိုးရကလဲ ၁၈ နှစ်အထိ သူတို့ ဆီက ၀င်ငွေခွန် မစည်းကြပ်ပါဘူး၊
ဒါကြောင့် ဒီက ကလေးတွေကျောင်းတဘက်နဲ့  အချိန်ပိုင်းအလုပ်တွေဝင်နေကြပါပြီ၊
သတင်းစာ၊ ကြော်ငြာ လိုက်ထဲ့ကြမယ်၊ စူပါမာကက် တွေ၊ စားသောက်ဆိုင်တွေမှာ ၀င်ငွေရှာနေကြပါပြီ၊
အလုပ်ရှင်တွေကလဲ သူတို့ အတွက်အခွန်မပေးရတော့ဈေးသက်သာတာပေါ့၊
လစာကတော့လူကြီးတွေနည်းတူသူတို့ ရပါတယ်၊
အိမ်မှာနေရုံ စားရုံပါဘဲ၊ သူတို့ ဝယ်ချင်တာတွေ သူတို့ ပိုက်ဆံနဲ့ ဝယ်ကြတယ်၊
ကျွန်တော့်ဆရာမတယောက်၇ဲ့သမီးလေးကမြင်းတကောင်ဝယ်ချင်လို့  ၁၂ နှစ်ကထဲကကျောင်းအားလပ်ချိန်
တွေမှာ ကြော်ငြာထဲ့တဲ့အလုပ် လုပ်ပါတယ်၊ ကျွန်တော့်သမီးနဲ့ ရွယ်တူပါ၊ သူ ၁၆ နှစ်ပြည့်တော့မြင်းရသွားပြီ
ကြားရပါတယ်၊
ကျွန်တော်တို့  သမီးလဲ ၁၂ နှစ်ကထဲကအလုပ်ဝင်ဘို့ ဟာ သူ့ အမေတားထားတာနဲ့  ၁၃ နှစ်မှာစအလုပ်
လုပ်ပါတယ်၊ သူ့ အမေကကျောင်းဖွင့်ချိန်တွေမှာမလုပ်ခိုင်းသေးဘဲ နွေကျောင်းပိတ်ရက်ရောက်မှဘဲ
လုပ်ခိုင်းပါတယ်၊ အိမ်ရှေ့နားကဆိုင်မှာ ရေခဲမုန့် ရောင်းရပါတယ်၊ အခုကျွန်တော်ဒီစာရေးနေတုန်းမှာဘဲ
သမီး အလုပ်သွားနေပါတယ်၊ လာမယ့် သြဂုတ် လမှာ သူတက်ချင်နေတဲ့ ပရိုက်ဗိတ်ဒီဇိုင်းနားကျောင်းရယ်၊
သူဝယ်ချင်နေတဲ့အိုင်းပက်ဆိုလား Macbook pro ဆိုလား ၀ယ်နိုင်အောင်လို့ ပါ၊ သူ့ အမေက
တ၀က်စိုက်ရမယ်လို့ လဲသဘောတူညီချက်ယူထားတာတော့ရှိပါတယ်၊
ဒီနိုင်ငံက ကလေးလူငယ်တွေမှာ ကျူရှင်ပြေးရလွှားရတာတွေ ကျောင်းစာနဲ့  ပိနေတာတွေမတွေ့ ရတဲ့
အပြင်၊ ကော်ဖီဆိုင်မှာအချိန်ဖြုန်းနေတာတွေမတွေ့ ရပါဘူး၊
၆ တန်း၊ ၇ တန်း အသက် ၁၂ နှစ်ကထဲက တက္ကသိုလ်ပြီးသည်အထိ အချိန်ပိုင်းအလုပ်လုပ်ကြရင်း
ဝင်ငွေရှာပြီး ကျောင်းတက်သွားနိုင်ကြတာတွေ့ ရပါတယ်၊

အစိုးရပိုင်းဆိုင်ရာအနေနဲ့ ကလဲ ကလေးတွေကိုမွေးကထဲကနေ ၁၈ နှစ်အထိ
ပြည်သူအားလုံးကိုကလေးစားရိတ်အထိုက်အလျှောက်ညီတူမျှစွာပေးထားတယ်၊
၁၈ နှစ်ကျော်သွားပြန်ရင်လဲ ကျောင်းစား၇ိတ်ကိုအထိုက်အလျှောက်ဖြည့်ဆည်းပေးပါသေးတယ်၊
ဒါတွေကိုပေးနိုင်အောင်လဲ အလုပ်လုပ်ကြတဲ့ လူကြီးတွေက ၀င်ငွေခွန်ကို နင့်နေအောင်ပေးရပါတယ်၊
ပြည်သူအားလုံး ၃၈ ရာခိုင်နှုန်းဝင်ငွေခွန်ဆောင်ကြရပါတယ်၊
၁၈ နှစ်ပြည့်ပြီဆိုပြန်တော့လဲအိမ်ကဆင်းဘို့ လုပ်ကြပါပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားရပ်ဘို့ 
ကြိုးစားကြပြီဆိုတော့ကား..

အချုပ်တင်ပြရရင်တော့ အစိုးရကလဲပံ့ပိုး ကလေးတွေကိုယ်တိုင်ကလဲအလုပ်လုပ်ဝင်ငွေရှာကြတော့
မိဘတွေခေါင်းသိပ်မစားရကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

မင်းမော်လှမြင့်(YSO,PKU) စာပြီးချိန် 23 နာ၇ီ 2.6.2013