ရဲ့မြောက်ဘက် ၅၀ ကီလိုမီတာအကွာမှာရှိပြီး နွေရာသီအပန်းဖြေလာကြတဲ့
မြို့ လေးဖြစ်ပါတယ်၊ ကမ်းခြေကတော့ ကျွန်တော်တို့ အိမ်ကနေ တစ်မိနစ်လောက်
လမ်းလျှောက်လိုက်ရင်ဘဲ ရောက်ပါပြီ။
ကျွန်တော်တို့ နိုင်ငံမှာလိုမဟုတ်ဘဲ ဒီနိုင်ငံမှာတော့ နွေပေါက်မှဘဲလူတွေကို
အပြင်မှာ ရွှင်လန်းတက်ကြွစွာ တွေ့ ရပါတော့တယ်၊ နေရောင်ခြည်ကိုလဲ
အရမ်းကြိုက်ကြပြီး အများသုံးထိုင်ခုံလုပ်ရင်တောင် နေပူမယ့်နေရာကိုရွေးပြီး
လုပ်ကြပါတယ်။
ပင်လယ်ကမ်းခြေ နေပူထဲမှာ တစ်နေကုန် လဲလျှောင်း၊ အပန်းဖြေ၊ စာဖတ်၊
စားသောက်၊ ရေထဲဆင်း စတာတွေလုပ်ပြီးပျော်နေကြပါတယ်။
ဒါလောက်တောင် နေပူကြိုက်လှတဲ့သူတွေ
ကိုယ့်ဇာတိ ရေစကြို.ပခုက္ကူ ကိုပို့ ပေးခြင်စိတ် ပေါ်မိပါရဲ့..။
ဒါလောက်တောင် နေပူကြိုက်လှတဲ့သူတွေ
ကိုယ့်ဇာတိ ရေစကြို.ပခုက္ကူ ကိုပို့ ပေးခြင်စိတ် ပေါ်မိပါရဲ့..။
No comments:
Post a Comment