Thursday, 10 April 2014

Folic acid ဖေါလစ်-အက်စစ်





(၁) ကျမက အသက် ၃၃ နှစ်ရှိပါပြီ။ လက်ထပ်တာ ၅ နှစ်ရှိပါပြီ။ ၂ ယောက်လုံးက နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်ကြပြီးနေတဲ့သူတွေဆိုတော့ ကလေးယူရတာ အဆင်မပြေသေးလို့ အစပိုင်းမှာ မယူဖြစ်သေးတာပါ။ ဒီနှစ်ထဲတော့ ကလေးယူမယ်ဆုံးဖြတ်ထားပါတယ်။ ဖော့လစ်အက်ဆစ် ဆေးကို အခုအချိန်မှာ သောက်ရမှာပါလား သိချင်ပါတယ်။
(၂) Folic Acid က နေ့စဉ် သောက်လို့ ရပါသလားဆရာ။
(၃) Folic Acid ကို နေ့စဉ် မှန်မှန်သောက်သွားရင် Side Effect ရှိတယ် ပြောကြတယ်ဆရာ။ အဲ့ဒါဟုတ်ပါသလား။ တစ်ချို့က အိမ်ထောင်ကျပြီးတဲ့သူတွေပဲ သောက်ရတာလို့ ပြောပါတယ်။ ကောင်းကျိုးအနေနဲ့ ဘာဖြစ်နိုင်တယ်၊ ဆိုးကျိုး ဘာရှိတယ်ဆိုတာ ရှင်းပြပါလား။

• Folic acid (ဖေါလစ်-အက်စစ်) ဆိုတာ ဗီတာမင် (ဘီ) အုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacin နဲ့ Folate လို့လဲ ခေါ်တယ်။
• သွေးနီဥ နဲ့ DNA ခေါ်တဲ့ မျိုးဗီဇ တည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲ အသုံးဝင်တယ်။
• (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ သံဓါတ်နည်း-သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လျှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။
• ယေဘုယျဆိုရင် တနေ့မှာ 0.5-1.0 mg/daily စားဆေး-ထိုးဆေးအဖြစ်ပေးတယ်။
• ကိုယ်ဝန်ဆောင်ချိန်မှာ နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လ အတွင်း Folic acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ မွေးပြီး ကလေး နို့တိုက်ချိန် ဆိုပါစို့ ၆ လ အထိ သောက်သင့်တယ်။ အထဲကကလေးမှာ NTD ဆိုတာရှိနေတာကို ဆရာဝန်က သိရင် ဆေးကိုများများပေးလိမ့်မယ်။
• ကိုယ်ဝန်ဆောင်တွေ 1000 (UL) က လိုပြီး၊ ကလေးတွေ 150-800 (IU) နဲ့ လူကြီးတွေ 400 (UL) လိုနိုင်တယ်။
• Folic acid ကို အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ Type 2 Diabetes ဆီးချိုကိုလဲ ပေးတယ်။
• Depression စိတ်ကျနေသူတွေကိုလဲ ပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ Memory and mental agility သတိမေ့တတ်သူတွေကိုလဲ ပေးတယ်။
• Allergic diseases (အလာဂျီ) အတွက်လဲ သုံးတယ်။
• Fertility ကလေးမရနိုင်တဲ့အတွဲတွေ ယောက်ျားရော မိန်းမကိုပါ ပေးမယ်။
• Renal disease ကျောက်ကပ်ရောဂါ၊ Bone health အရိုးရောဂါ၊ Rheumatoid arthritis လေးဘက်နာသူတွေကိုလဲ ပေးတယ်။
• Menopause သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။
• Antifolate ဆိုတာ ကင်ဆာ (ဆဲလ်) တွေ အပွါးမြန်တာကို တားဆီးဘို့ သုံးနိုင်တဲ့ဆေး ဖြစ်တယ်။ Methotrexate ခေါ်တယ်။ ဆေးက အလွန်ပြင်းတယ်။
• အားနည်ချက်တွေလဲ သိဘို့လိုတယ်။ Folic acid ဆေးပေးလို့ B12 deficiency ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။ Folic acid ဆေးပေးတာများရင် ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ (သံဓါတ်+ဖေါလစ်အက်စစ်) အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။
• ပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ပါနေတယ်။ လိမ်မော်သီးတလုံး = 54mcg; ကြက်ဥပြုတ်တလုံး = 22mcg; သင်္ဘောသီး အလတ်စားတလုံး = 115mcg; ပဲပြုတ် တခွက် = 280 mcg; ဟင်းနုနွယ်ရွက် တခွက် = 260 mcg; ထမင်းဖြူ 3/4 cup = 60mcg; ခရမ်းချဉ်သီးရည် 1 cup = 50mcg; ခေါက်ဆွဲပြုတ် 1 cup = 160mcg ပါတယ်။
• သတိထားဘို့က အစာထဲက (ဖေါလစ်-အက်စစ်) ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။

"အသီးအရွက် စားတာကနေ ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုတာဟာ လိုတာထက် ပိုပြောနေတယ်" လို့လဲ နောက် လေ့လာမှုတွေက ထောက်ပြလာတယ်။ (ဖေါလစ်-အက်စစ်) က ရင်သား-ကင်ဆာ နဲ့ အူမကြီး-ကင်ဆာတွေအတွက် ကောင်းတယ်လို့ အဲဒီသုတေသနက ဆိုလာတယ်။

Dr. တင့်ဆွေ
၁ဝ-၄-၂ဝ၁၄။

တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ





တရားအားထုတ်စဉ် အရေးကြီးဆုံးက သဘောထား မှန်ဖို့

♦ စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့။

♦ ဖြစ်အောင်လည်းမလုပ်နဲ့၊ ပျက်အောင်လည်းမလုပ်နဲ့။

♦ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်းပျက်တိုင်း
မသိရင် မောဟ။

♦ ရှုမှတ်စိတ်မှာ လောဘ၊ ဒေါသ၊ သောက မပါမှ ရှုမှတ်စိတ် ဖြစ်မယ်။

♦ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ်။

♦ ကောင်းတာလည်း ရှုရမှာပဲ၊ ဆိုးတာလည်းရှုရမှာပဲ။

♦ ကောင်းတာမှ လိုချင်တယ်၊ မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင်
တရားပါ့မလား။

♦ မျှော်လင့်ချက် မပါစေနဲ့၊ လိုချင်တာ မပါစေနဲ့။ ကြောင့်ကြစိတ် မပါစေနဲ့။
ဒီသဘောထားတွေ ရှုစိတ်ထဲ ရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး။

♦ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေတာလဲ။
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့..တစ်ခုခုဖြစ်နေတတ်တယ်။

♦ စိတ်က ပင်ပန်းဆင်းရဲနေရင် တရားအားထုတ်တာ တစ်ခုခုလိုနေပြီ။

♦ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင်။

♦ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင် တရားအားထုတ်တာကို ပြန်စစ်ဆေးကြည့်
သင့်တယ်။ မှန်ကန်တဲ့သဘောထားမျိုး ရှိရဲ့လား။

♦ လိုချင်တဲ့စိတ်၊ ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့။ ပင်ပန်းတာပဲ အဖတ်တင်
မယ်။

♦ တရား အားထုတ်မယ့် စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိရမယ်။

♦ စိတ်ရော ကိုယ်ရော သက်တော့သက်သာရှိရမယ်။

♦ လွပ်လပ်ပေါ့ပါးတဲ့စိတ်နဲ့မှ တရားအားထုတ်လို့ရမယ်။

♦ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်း၊ ဆိုးဆိုး ဘာလာလာ လက်ခံ
ပြီး အေးအေးဆေးဆေးနဲ့ ကြည့်နေတာပဲ။

♦ စိတ်က ဘာလုပ်လုပ်နေလဲ။ တွေးနေသလား၊ သိနေသလား။

♦ စိတ်က ဘယ်ရောက်နေလဲ။ အတွင်းမှာလား၊ အပြင်မှာလား။

♦ သိနေတဲ့စိတ်၊ ရှုနေတဲ့စိတ်က သေချာသိလား၊ အပေါ်ယံသိလား။

♦ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ ဖြစ်နေတာကို ဖြစ်နေတဲ့
အတိုင်း သိအောင်လုပ်နေတာ။

♦ အတွေးကို ပြဿနာမရှာနဲ့။ မတွေးအောင်လုပ်နေတာ မဟုတ်ဘူး။ တွေးရင်
တွေးမှန်းသိအောင် လုပ်နေတာ။

♦ အာရုံကို ပယ်ရမှာမဟုတ်ဘူး။ အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး
(ရှုမှတ်ပြီး) ပယ်ရမှာ။

♦ သဒ္ဓါရှိမှ ဝီရိယရှိမယ်။ ဝီရိယရှိမှ သတိမြဲမယ်။ သတိမြဲမှ သမာဓိတည်မယ်။
သမာဓိတည်မှ အမှန်အတိုင်း သိမယ်။ အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်
လာတယ်။

♦ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်။ အတိတ်ကိုလည်း မပြန်နဲ့။
အနာဂတ်ကိုလည်း မကြံနဲ့။

♦ အာရုံက အရေးမကြီးဘူး။ အနောက်က အလုပ်လုပ်နေတဲ့စိတ်၊ ရှုမှတ်နေတဲ့
စိတ်က ပိုအရေးကြီးတယ်။ ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာ
ပဲ။

အရှင်တေဇနိယ(ရွှေဥမင်)
Buddhavasa Tiloka။

စပျစ် သီးကို စားသင့်တဲ့ အကြောင်း နှင့် အခြား





စပျစ်သီး ကိုတော့ လူတိုင်း နီးပါး ကြိုက်မယ် ထင်ပါတယ်။ စပျစ်သီးမှာ သကြား ဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းထိ ပါဝင် ပါတယ်။ ဒါ့အပြင် ရေဓာတ် ၇၀ မှ ၈၀ ရာခိုင်နှုန်းထိ ပါဝင် ပါတယ်။ ကာကွယ် ပေးနိုင်တဲ့ ရောဂါမျာ

(၁) နှလုံးနှင့် ဆက်စပ် ရောဂါကို ကာကွယ် နိုင်ပါတယ်

(၂) ဝမ်းချုပ် ခြင်းကို ပျောက်ကင်း စေပါတယ်

(၃) ပန်းနာ ပျောက်ကင်း စေပါတယ်

(၄) အစာ မကြေ ဝေဒနာ များအတွက် အထူးပင် ကောင်းမွန်ပါ တယ်

(၅) ခေါင်းတစ် ခြမ်းကိုက် ဝေဒနာကို သက်သာစေ နိုင်ပါတယ်

ရိုးရာလေး။

ဒူးနာတာ သက်သာအောင် နာနတ်သီး စားပါ






နာနတ်သီးမှာ ဗီတာမင် စီမြင့်မားစွာ ပါဝင်တဲ့အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ အများအပြားပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းခေါ်တဲ့ အင်ဇိုင်းပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေမှု ကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်စေပါတယ်။ လေ့လာမှုတွေအရ ဘရိုမီလိန်းဒြပ်ပေါင်းဟာ ဒူးခေါင်းအရိုးအဆစ် ရောင်နာနဲ့ ဆက်စပ်တဲ့ နာကျင်မှု ဝေဒနာ ပျောက်ကင်းဖို့အတွက် ထိထိရောက်ရောက် အကျိုးရှိတယ်လို့သိရပြီး စတီးရွိုက်မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref.... ကျန်းမာစေသောအသီးအနှံများမှ

ရွှေအိမ်စည်။

ပခုက္ကူမြို့က ကမ္ဘာကျော် ရွှေကူကြီးတံကဲ အကြောင်း။

ရွှေဂူကြီးတံကဲတော်ကြီးက ပခုက္ကူမြို့ မှာရှိနေတာပါ။ရွှေဂူကြီး မြတ်စွာ ဘုရားအတွင်းမှာရှိလို့ 
ရွှေဂူကြီးတံကဲလို့ ပဲ အမည်တွင်ခဲ့ပါတယ်။ ၅ ပေ ၂ လက် ရှိတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်အတွက် နောက်ခံထုလုပ်ခဲ့တဲ့တံကဲတော်ကြီးကအမြင့် ( ၁၂ )ပေ (၁၀) လက်မ၊ ၊ အလျား ( ၅ ) ပေ (၁၀ )လက်မ နဲ့ သစ်သားထု က ( ၆ ) လက်မ ရှိပါတယ်။အံ့မခန်း တံကဲတော်ကြီးလို့ ညွှန်းဆိုကြတာက အဲဒီ ( ၆ ) လက်မထုရှိတဲ့ ယမနေသား ကိုတစ်ဆက်တည်း တစ်စပ်တည်း ( Combine ) ပန်းကနုတ်( ၈ ) ထပ် ထုလုပ်သွားခြင်းပါ။လွယ်လွယ် မြင်သာအောင်ပြောပါတော့ သစ်သားက ( ၆ ) လက်မ အထူထဲမှာပန်းကနုတ်နဲ့ အရုပ်ကို ( ၈ ) ထပ် (8 Layers ) ထုလုပ်ထားခဲ့တာပါပဲ။ပန်းကနုတ်များကြားထဲမှာ၊ ဇာတ်ထုတ် ( ၄ )ခု အတွက် ဇတ်ခန်း (၁၂ ) ခန်းကိုဇာတ်ရုပ်ပန်းပုရုပ်လုံး (၁၃၆ )ရုပ်နဲ့  တိရိစ္ဆာန် (၁၀) ရုပ်ကို ပါ တစ်ခါထဲ ထည့်သွင်းထုလုပ်ခဲ့တဲ့
ရွှေဂူကြီး တံကဲတော်ကြီးကို ထုလုပ်ချိန် ( ၄ ) နှစ်ကြာမြင့်ပြီး ခရစ်နှစ်( ၁၉၀၈ )မှာ ပြီးစီးခဲ့ပါတယ်။
( ၄ )နှစ်ကြာထုလုပ်ခဲ့တဲ့ တံကဲတော်ကြီးအတွက် ပန်းပုထုလုပ်ခ ပေးရတဲ့ အနုပညာကြေး( ၄၀၀၀ ) ကျပ်ဟာ အဲဒီခေတ်က ရွှေ ( ၂ ) ပိသာ နဲ့ညီမျှခဲ့ပါတယ်။

ဒီတံကဲတော်ကြီးအတွက် စေတနာထက်သန်ခဲ့ကြတဲ့အလှု့ ဒကာများကတော့ပခုက္ကူမြို့  ဈေးဟောင်းကျောင်းတော်ရာလမ်း၊ တိုက်နံပါတ်( ၅၇၅ )နေ ဦးဟင်းငါး နဲ့  ဇနီး ဒေါ်ဇီးဇံ ၊သမီး မယ်သစ်၊ မယ်မြစ်တို့ ဖြစ်ကြပြီး၊အနုပညာမြောက်လှတဲ့ ပန်းပုပညာရှင်ကတော့ ပခုက္ကူ၊ ရေစကြို နားက မြိုင်မြို့ နယ် သစ်ကြီးတောလေးတန်းရွာက
ဆရာကံကြီးနဲ့ သားမောင်တေ တို့ ဖြစ်ကြပါတယ်။စလေရုပ်စုံကျောင်း အပြီး နောက် (၁၆ ) နှစ်အကြာမှာ ထုလုပ်ခဲ့တဲ့ရွှေဂူကြီး တံကဲတော် ပန်းပုဆရာ ဆရာကံကြီး ကတံကဲတော်ကြီးရဲ့ ဘယ်ဖက်ပန်းကနုတ်ထဲမှာသူ့ နာမည်ကို ဆြာကံကြီး၊ သားမောင်တေ လို့ 
တာဝန်ယူစွာ၊ ဂုဏ်ယူစွာနဲ့ ပန်းကနုတ်တွေထဲမှာအရုပ်တွေထည့်သလို နာမည်စာလုံးကိုလည်း တွဲလျက် ထွင်းထုရေးထိုးခဲ့ပါတယ်။
သာသနာ၊ ဆရာ၊ ဒကာ အတွဲညီခဲ့ပုံရဲ့ ပြယုဂ်လည်းဖြစ်ခဲ့ပါတယ်။
ပခုက္ကူ သာသနာလို့ ကျော်ကြားခဲ့တဲ့ ပခုက္ကူမြို့ အတွက် ပခုက္ကူသာသနာဆိုတာ လို့ စရင်
ဒီ ရွှေဂူကြီး တံကဲပါထည့်ပြောရပါတော့မယ်။တောင်မြို့  မဟာဂန္တာရုံကျောင်းတိုက်ကြီးကို တည်ထောင်ခဲ့တဲ့ ဆရာတော် ရှင်ဇနကာဘိဝံသ ကိုယ်တော်မြတ်ကြီးက မြန်မာပြည်မှာ ရဟန်းတွေကြားထဲမှာ ကိုရင်ဘဝနဲ ပထမကြီးကို
ထိပ်ဆုံးကနေအောင်မြင်ခဲ့တာပါ၊ အဲဒါပခုက္ကူမှာ စာသွားလိုက်ခဲ့ရတာပါ။ စာသင်သားဘဝမှာ နေ့ စဉ် ဖူးစကက်စာမျက်နှာ
( ၄ )ရ္ဂက် ( ၈) မျက်နှာ ရေးရတဲ့အပြင် အလွတ်ပါ ကျက်ရသေးတဲ့အတွက် ဆွမ်းခံနောက်ကျရမြဲမို့  ကသီလင်တရှိပါသတဲ့၊
"ရဟန်း (၅၀၀) ဆွမ်းခံကြွရတော့ ဆွမ်းမဝဘူးပဲပြောပါတော့" လို့ ဆရာတော်ကသူ့ မှတ်တမ်းမှာရေးသွားပါတယ်။ အဲဒီကျောင်းမှာတင်ပဲ စာသင်ရဟန်းသံဃာ (၅၀၀) ရှိခဲ့ပြီးထိုရဟန်း (၅၀၀) ခြေသလုံးမျဉ်းကိုအားကိုးပြီးဆွမ်းခံကြွတဲ့ဧရိယာ အကျယ်အဝန်းကသံဃာ (၅၀၀) အတွက်ဆွမ်းလောင်းပေးနိုင်တြတဲ့ ပခုက္ကူရဲ့ မနက်ခင်းတွေကို စိတ်ကမြင်ကြည့်လိုက်ရင်ပဲပခုက္ကူက သာသနာကို တွေ့ နိုင်ကြပါပြီ။စာ(၈) မျက်နှာ ညစဉ်ပြင်ဆင်ရလို့  ဆွမ်းခံနောက်ကြပြီး ဆွမ်းမဝချင်ဘူးလို့ပြောခဲ့တဲ့
အငယ်ဆုံး ကိုရင်လေးကတောင် နောင်တစ်နေ့ ကြတော့ အမရပူရတောင်သမန်အင်းစောင်းမှာမဟာဂန္တာရုံဆိုတဲ့ကျောင်းတိုက်ကြီး တည်ထောင်ပြီး နှစ်စဉ်သံဃာ(၅၀၀) ကို စာချပေးနိုင်ခဲ့တာ ဒီနေ့ ထိမဟုတ်လား၊ နိုက်ငံခြားသားလာသမျှ မှတ်တမ်းသွားရိုက်နေရတာအဲဒီကျောင်းပဲလို့ လည်း ပြောချင်ရင်ပြောနိုင်ပါပြီ။ ဒီတော့လည်း အဲဒီတုန်းက ပခုက္ကူမှာ အလျံငြီးငြီးတောက်လောင်နေတဲ့သဒ္ဒါစိတ်တွေနဲ့ မနက်မိုးလင်းနေကြတဲ့အချိန်မှာဈေးဟောင်းကျောင်းတော်ရာလမ်းထဲက ဒေါ်ဇီးဇံတွေလည်းရှိတာပေါ့၊ ဒီလိုပဲဧရာဝတီမြစ်ဟိုဖက်ကမ်းကချင်းတွင်းမြစ်နဲ့ ကြားထဲမှာ ဆရာကံကြီးတို့ ၊ စလေဆရာတို့ လို အနုပညာရှင်တွေကလည်း ရှိတာပေါ့။ဒီလိုဖြစ်ရပ်တွေ အများကြီးထဲမှာမှ ၁၉၀၈ ခုနှစ်ကဆရာကံကြီး ဖန်တီးထားရစ်ခဲ့တဲ့ ရွှေဂူကြီးတံကဲတော်င်္ကြီးကတော့၊ဆရာကံကြီးနဲ့ သားမောင်တေသာမက၊ ပခုက္ကူက ဗုဒ္ဓသာသနာ၊ ပခုက္ကူက ကဆရာသံဃာ၊
ပခုက္ကူက ဒါယကာတို့ကိုပါ တွဲလျက်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်
ယခု မြန်မာတွေဘယ်နားလေးမှာကျကျန်ခဲ့မှန်းမသိသောမြန်မာတို့ရဲ့နှစ်သက်စရာလူမှုပုံစံလေးကလည်းရွှေဂူကြီးတံကဲနားထိရှိနေသေး
တယ်လို့ လည်းမြင်နေရပါသေးတယ်။အခုနေပြန်ကြည့်တော့ မြန်မာပြည်ရဲ့ သာသနာသမိုင်းပဲဖြစ်ဖြစ်၊ ပညာရေးသမိုင်းပဲဖြစ်ဖြစ်၊ အနုပညာသမိုင်းပဲဖြစ်ဖြစ်ပြောကြတော့မယ်ဆိုရင် ပခုက္ကူနဲ့ ၊ ရွှေဂူကြီးတံကဲ ကိုချန်ရစ်ခဲ့
လို့ မဖြစ်နိုင်တော့ပါဘူး။ တစ်ဖက်ကလည်း ဆရာကံကြီး က ဒီတံကဲတော်ကြီးကိုဖန်တီးဖို့ ချဉ်းကပ်သွားပုံဟာ
မြန်မာ အနုပညာသည်များအတွက် အံ့သြဖွယ်ရာ ရှေ့ ဆောင်လမ်းပြသဖွယ်ဖြစ်လို့ နေပါတော့တယ်။
ရုပ်ပွားတော်နောက်က တံကဲများခေတ်အဆက်ဆက် ပန်းကနုတ်ပဲများပါတယ်၊ဆရာကံကြီးကတော့ ဗုဒ္ဓ၀င်ဇာတ်နိပါတ်လာ ဇာတ်ကွက်များထည့်သွင်းပြီး ကနုတ်နဲ့အရုပ်ကို အချိုးညီစွာထည့်သွင်းသွားတာ အစောဆုံးပညာရှင်လည်းဖြစ်ပါလိမ့်မယ်၊
အခုကာလ ဒီဇိုင်းဆရာများ မဂ္ဂဇင်းစာမျက်နှာတွေမှာ ပုံနဲ့ စာ အချိုးညီအောင် စာမျက်နှာဖွဲ့ စည်း( Layout လုပ်) ကြတာဆရာကံကြီးဆီကဆင်းသက်တယ်ပြောချင်လဲပြောပါတော့။မြန်မာအနုပညာရှင်တွေထဲမှာ ပန်းချီမှာ နာမည်စထိုးတာ သီပေါမင်းရဲ့ ပန်းချီတော် ဆရာချုံက စတွေ့ ပါတယ်။ပန်းပုမှာ ဆရာကံကြီးလည်း အစောဆုံး နာမည်ထိုးတဲ့ထဲမှာပါပါလိမ့်မယ်။
ခေတ်ပြိုင်အခြေနေတွေ အတိအကျ ဘယ်လိုရှိတယ်မသိပေမယ့် ၁၉၀၈ ခုနှစ် က ကမ္ဘာလောကကြီးထဲကို အသစ်တစ်ခုချထားခဲ့တဲ့ ဆရာကံကြီးရဲ့ ပန်းပုလက်ရာကတော့ဖြင့်စွမ်းဆောင်ရည်အမြင့်ဆုံးထဲမှာပါပြီး နှောင်းမြန်မာများအတွက် ဂုဏ်ယူဖွယ်ရာ တစ်ခုဖြစ်ခဲ့ပါပြီ၊မြန်မာမှာတွင်မက ကမ္ဘာမှာပါ တစ်ခုတည်းသောပစ္စည်းဖြစ်ကြောင်းရဲရဲပြောနိုင်ကြပါပြီ။ အနုပညာလက်ရာအဆင့်တန်းတစ်ခုအတွက်သာမကဖြစ်ခဲ့လို့ ကျွန်တော့် အလိုအားဖြင့်တော့
နိုင်ငံရဲ့ ရတနာ(National Treasure ) စာရင်းအဖြစ်သတ်မှတ်ပါတယ်။ကျွန်တော့်အတွက်တော့ မိတ်ဆွေ၊ အပေါင်းအသင်း၊ အကြောင်းတစ်စုံတစ်ရာမရှိပဲ၊ဒီအနုပညာပစ္စည်းများအတွက် သက်သက် သွားရောက်ခဲ့ရတဲ့ စလေ နဲ့  ပခုက္ကူတို့ ကိုရောက်ခဲ့ချိန်တွေမှာ ဒီအနုပညာပစ္စည်းတွေကို အကောင်းတိုင်းကျန်အောင်ရည်ရ္ဂယ်ချက် ရည်မှန်းချက်ရှိရှိ၊ သတိရှိရှိနဲ့ ခေတ်အဆက်ဆက်ထိန်းသိမ်းပေးလာခဲ့ကြတဲ့ဆရာတော်များ ဂေါပကများ၊ မြို့ နေလူထုများနဲ့ရှေးဟောင်းသုတေသနတို့ ရဲ့ဂုဏ်ကျေးဇူးကိုလည်းအမှန်ပင် အောင့်မေ့ဆင်ခြင်ခဲ့ရပါတယ်။
ဆရာဦးကံကြီးနဲ့ သားမောင်တေ
ဆရာဦးကံကြီးရဲ့ ဖခင် ပန်းပုဆရာကြီး ဆရာရှိန်းဟာ မင်းတုန်းမင်းရဲ့ လက်စွဲ ပန်းပုဆရာကြီးဖြစ်တယ်
လို့ မှတ်တမ်းရှိခဲ့ပါတယ်၊ သစ်ကြီးတောလေးတန်းရွာက ယနေ့ ထက်တိုင် ပန်းပုဆရာတွေလည်းထွက်နေပါသေးတယ်၊
အမည်နာမ မတင်ကျန်ရစ်ခဲ့ကြပေမယ့် ပုဂံညောင်ဦး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ပုလဲ၊ ယင်းမာပင်၊
ဆားလင်းကြီး၊ မင်းတိုင်ပင် စသည်ဖြင့်ဧရာဝတီနဲ့ ချင်းတွင်း မြစ်နှစ်မြစ်ကြားမှာ အနုပညာလက်ရာများစွာ ကျန်ရစ်တာကို
တွေ့ ရပါတယ်။ စလေရုပ်စုံကျောင်းလို ဇာတ်နိပါတ်များစွာနဲ့မြန်မာဘုန်းတော်ကြီးကျောင်း
တွေလယ်ပေါ် (၃) ဆင့်ကနေ လယ်ပေါ် (၇ )ဆင့်အထိ ရွာကြီးတိုင်းမှာလိုလို ရှိခဲ့ဘူးပါတယ်။
ကျွန်တော်ငြီးချင်းချသလိုငြီးရရင်တော့ လက်မတင်လေးတင်ဗျာလို့ ငြီးသော်လည်းကျွန်တော်မမွေးခင်ကပဲ ပျက်စီးခဲ့ကြပါပြီ၊
တစ်ချို့ ကျောင်းတွေမှာ သက်သေအဖြစ် ဒီကျောင်းကြီးနေရာမှာအရင်ကရုပ်စုံကျောင်းကြီးလေ
ဆိုပြီးဘောင်သွင်းထာဲး့အဖြူအမဲဓါတ်ပုံတွေချိတ်ထားရာကနေဖြုတ်ဖြုတ်ပြကြတာအခုဆို အဲဒီဓါတ်ပုံတောင်တွေ့ ဖို့ ခက်ခဲ့ပါပြီ။
ကျွန်တော်မကြာခဏ တင်လေ့ရှိတဲ့ ထန်းလက်တဲလေးနဲ့ ဆံပင်ညှပ်ဆိုင်ပုံလေးရှိပါတယ်၊
အဲဒါရေစကြိုမြို့ နယ်ထဲက ရွာပါ အမည်ကိုကတောရွာ ပါတဲ့။အဲဒီဆိုင်လေးဘေးကတည့်တည့်လမ်းက ဘန်းကြီးကျောင်းကို ဝင်ဆောင့်ပါလိမ့်မယ်။ အဲဒီကျောင်းက ရှေးမြန်မာဘုန်းကြီးကျောင်းပါ၊ ပုံစံတကျ အလှုဒါနဖြစ်ကြောင်းကို
ဘုန်းကြီးစီးဖို့ လှည်းယာဉ်အထိ အလှု့ ဒကာကလှုခဲ့တာတွေ့ နိုင်ပါသေးတယ်၊သို့ သော် ဇာတ်ကွက် ရုပ်လုံးရုပ်ကြွများက ဟိုတစ ဒီတစ၊ အရင်ကပ္ပိယကြီင်္းတုန်းက ချမ်းလို့ ပြုတ်ကျနေတဲ့ပန်းပုရုပ်တွေနဲ့ မီးတောင်လူံခဲ့သေးတယ်လို့ ဘုန်းကြီးကိုယ်တိုင်ကတောင်
ပြောပြပါသေးတယ်။ အဲဒီ ယနေ့ ဆံပင်ညှပ်ဆိုင်နဲ့  ရှေးမြန်မာ ဘုန်းကြီးကျောင်းသွားတဲ့လမ်းမှာတင်ကျွန်တော်တို့ မြန်မာများ
ကျကျန်ရစ်ခဲ့သော၊ မြန်မာတို့ ပျောက်ဆုံးရစ်ခဲ့သောမြန်မာများ ကျောခိုင်းခဲ့ကြသော မြန်မာဖြစ်စေတဲ့ကိုယ်ပိုင်ပုံစံများစွာကိုလည်း အထွေးလိုက်ကြီးမြင်တွေ့ ရပါပြီ။
ကျွန်တော်တို့ ဘယ်ဆီကိုသွားနေကြပါသနည်း ဟုလည်း ဆင်ခြင်ရန်လိုအပ်ကြပါသည်။ဆရာကံကြီးများစွာကိုကျောခိုင်းခြင်းဟုလည်း ခေါင်းစဉ်တပ်လိုလှပါသည်။
ဆရာကံကြီးတို့ သားအဖကိုပြန်ကြည့်ရအောင်ပါ။ရွှေဂူကြီးတံကဲကို ထုလုပ်ဖို့ စူးဆောက်တန်ဆာပလာ လက်နက်တွေကို ပန်းပဲဖိုမှာ ကိုယ်တိုင်ပြုလုပ်ကြပါတယ်တဲ့။ တစ်ချို့ စူးဆောက်တွေက နှစ်ဆစ်ချိုး သုံးဆစ်ချိုး အကောက်တွေနဲ့ပြုလုပ်တာ (၅၀) ကျော်လောက်ရှိပါသတဲ့။ ဒါဆိုရင် သမရိုးကျထုလုပ်လေ့ရှိတဲ့ ပန်းကနုတ်တကဲမဟုတ်တော့ပါဘူး။ ဆရာကံကြီးဟာ စိန်ခေါ်မှုအသစ်တစ်ခုကို ရင်ဆိုင်ဖို့ အစကတည်းကရည်ရွယ်ပြီးဖြစ်တယ် လို့ မြင်နိုင်ပါပြီ။
ဆရာ ကံကြီးဟာ တံကဲတော်ကြီးကို ထုလုပ်ဖို့ ယမနေသားကို ရွေးချယ်ခဲ့ပါတယ်တဲ့။
ယမနေသားဟာ ထုဆစ်ရတာ ဆပ်တဲ့အတွက် ဆောက်သွားနဲ့ ထိတွေ့တဲ့အခါ လိုသလို သွားနိုင်ပုံရပါတယ်။ သစ်သားပန်းပုက အနှုတ်ပါ။ ရှိပြီးသားသစ်သားတုံးကို စိတ်မျက်စိက မြင်ယောင်ကြည့်ပြီးမှ ဖန်တီးရတာပါ၊ အခွင့်အရေး နည်းပါးလွန်းလှပါတယ်။ ပန်းပုရုပ်တွေနဲ့ ဗုဒ္ဓ၀င်ဇာတ်တွေကို တစ်ခါတည်း ထည့်မယ်ဆိုတော့ ခုခေတ်စကားနဲ့ပြောရရင်စိန်ခေါ်ပုံကြမ်းလှချည်လားလို့ ဆိုရပါမယ်။ တံကဲတော်ကြီးထဲမှာ ပါဝင်တဲ့ဇာတ်တော်တွေက
(၁) ဒေ၀ါရောဟဏဇာတ်၊(၂) နေမိဇာတ်၊
(၃) သာဓိဏဇာတ်၊ (၄) ဗိမ္ဗိသာရဇာတ် (၄) ဇာတ်အတွက်ဇာတ်ခန်း(၁၂)ခန်းဖွဲ့စည်း
သွားပါတယ်။တံကဲတော်ကြီးရဲ့ အပေါ်ဆုံးမှာ ဆရာကံကြီး စဉ်းစားသွားပုံ ဇာတ်ကွက်က မြတ်စွာဘုရားရှင်တာဝတိံသာက
ဆင်းခန်းဖြစ်ပါတယ်။ ဘုရားရှင် မစွန့်အပ်သော သံဝေဇနိယလေးဌာန ရှိပါတယ်။ ဖွားတော်မူသောနေရာ၊ဘုရားဖြစ်တော်မူသောနေရာ၊ ဓမ္မစင်္ကြာတရားဦးဟောတော်မူသောနေရာနှင့် တာဝတိ`ံသာမှ ပြန်ကြွလာပြီး လူ့ပြည်သို့ဆင်းသော သင်္ဃဿနဂိုရ် တောင်တံခါးတို့ ဖြစ်ပါတယ်။
မြန်မာတွေ အစဉ်အဆက်ဟာ ဗုဒ္ဓဘာသာ စတင်ဝင်ရောက်လာချိန်ကစပြီး အခုအချိန်အထိ ထိုလေးဌာနကိုနှစ်သက်ကြတဲ့သဘောလည်းရှိပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်မှသည် ယနေ့အထိ ထိုလေးဌာနကို သာသနိကအဆောက်အဦများမှာ ပန်း (၁၀) မျိုး အနုပညာတစ်ခုခုနဲ့ဖန်တီးပြီးထည့်သွင်းလှူဒါန်းလေ့ရှိပါတယ်။ ထိုအစဉ်အလာကို ဆရာကံကြီးကလည်း ရှေးဆရာများနည်းတူ မမေ့မလျော့ ထည့်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် ဆရာကံကြီးဟာ တံကဲတော်ကြီးရဲ့ ထိပ်ဆုံးမှာထည့်ဖို့ မြတ်စွာဘုရားရှင် တာဝတိ`ံသာမှ ဆင်းသက်သည့်အခန်းကို ရွေးချယ်ခဲ့ပြီး ထုလုပ်ခဲ့တာဟာ ဆရာကံကြီး ပထဆုံး စဉ်းစားချက်လို့တောင် ယူဆမိပါတယ်။
မယ်တော်အမိနတ်သားကိုအကြောင်းပြုပြီးတာဝတိ`ံသာတွင် ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူပြီး တာဝတိ`ံသာမှ ရွှေစောင်းတန်းငွေစောင်းတန်းပတ္တမြားစောင်းတန်းတို့တွင် အလယ်ပတ္တမြားစောင်းတန်းမှ သင်္ဃဿနဂိုရ်ပြည် တောင်တံခါးဆီသို့ ကြွမြန်းလာသောဇာတ်ကွက်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်အားလိုက်ပါပို့ဆောင်ကြသော မာတလိ၊ ၀ိသကြုံ နတ်သားများနဲ့ ဗြဟ္မာကြီးများကို ပြည့်စုံအောင်ထုလုပ်ထားတဲ့အပြင် မျက်နှာအမူအရာများကိုလည်း ခရုသင်းမှုတ်သူ၊ ထီးမိုးသူယပ်လွှဲသူတို့အလိုက်ကွဲပြားအောင်ထုလုပ်ခဲ့ပါတယ်။ မျက်နှာထောင့်ပေါင်းစုံမှ နတ်သားများ ဘယ်ညာဆင်းသက်လာပုံမှာတံကဲတော်ထိပ်ပန်းအတွက် အလွန်လိုက်ဖက်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ အောက်ခြေက ဗိမ္မိသာရဇာတ်အတွက် ထုလုပ်ခဲ့တဲ့ဇာတ်ရုပ်များကအသက်ဝင်လွန်းလှတဲ့အတွက်အမယ်ကြီးအိုအောင်စိန်ကတံကဲတော်တွင်
ပါဝင်သည့် ဇာတ်ခန်းအတိုင်း ရွှေမန်းဦးတင်မောင်ကို ညွှန်ပြခဲ့ရာ ရွှေမန်းဦးတင်မောင်ကလည်း ထိုဇာတ်ခန်းအတိုင်းပင် ကပြခဲ့တယ်လို့လည်း မှတ်တမ်းရှိခဲ့ပါတယ်။ကျွန်တော့်အနေနဲ့ကတော့ ထိုဗိမ္မိသာရဇာတ်ကထီးချက်စောင့်နတ်သမီးလေးဟာ
ရွှေဂူတံကဲဆရာရဲ့ စံပဲဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။
ဆရာကံကြီးဟာ ရှေးမြန်မာတွေထဲမှာ အံ့သြဖွယ်ရာလုပ်ရပ်ကိုလည်းလုပ်လိုက်
ပါသေးတယ်။ အဲဒါကတော့ တံကဲတော်ကြီးကို ပုံစံငယ် ပြုလုပ်လိုက်ခြင်းပါ။
အဲဒီလို ပုံစံငယ်ပြုလုပ်ပြီး အလှူ့အစ်မ ဒေါ်ဇီးဇံနှင့် ဆရာတော် သမားတော်ကြီးများကိုပြသပြီး အကြံဉာဏ်ရယူခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၁၀၀) က ရှေးမြန်မာပန်းပုဆရာ ဆရာကံကြီးပဲဖြစ်ပါတယ်။ လက်ခ ရွှေ (၂) ပိဿာနှင့် ကြာမြင့်ချိန် (၄)နှစ်ယူတဲ့ ပညာရှင်ကို ယုံကြည်ခဲ့တဲ့ဂဂအလှူ့အမဒေါ်ဇီးဇံ ပဲဖြစ်ပါတယ်၊ ယုံကြည်ရကျိုးနပ်ခဲ့တဲ့ဆိုတာလည်း ယနေ့မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ပခုက္ကူမြို့မှာ သီဟိုဠ်ရှင်ဘုရား၊ ရွှေတံ့တစ်ဘုရားတို့မှာလည်းတံကဲတော်ကြီးတွေ
ရှိခဲ့ကြဖူးပါတယ်။သာသနာ၊ ဆရာ၊ ဒကာအတွဲညီနေကြတဲ့အချိန်က တံကဲတော်ကြီးတွေကိုလည်း အပြိုင်အဆိုင် ထုလုပ်ခဲ့ကြသလားလို့ တွေးကြည့်နိုင်ပါသေးတယ်။ သီဟိုဠ်ရှင်ဘုရားက တံကဲတော်ကြီးက မီးထဲပါသွားပြီဖြစ်သော်လည်း၊ အဖြူ၊အမည်းဓါတ်ပုံတစ်ပုံကိုအ၀င်မှန်ပုံးထဲမှာပြထားတာကိုတွေ့ရပါတယ်အလွန်လှပြီး၊အလွန်ကြီးကျယ်ခမ်းနားကာ အလွန်လက်ရာမြောက်တယ်ဆိုတာ မြင်နိုင်ပါတယ်။ သို့သော် ဆရာကံကြီးရဲ့ တံကဲလို ပန်းရှစ်ထပ်မဟုတ်၊ ရုပ်လုံးမပါ၊ ကနုတ်ပန်း သက်သက်မျှသာဖြစ်ပါတယ်။ သီဟိုဠ်ရှင်ဘုရားက ယနေ့ခေတ်လက်ရာနဲ့ အသစ်ပြန်လုပ်ထားတဲ့ တံကဲတော် ကတင်ပဲ ယနေ့မြင်ရတာ အလွန်ကြီးကျယ်ခမ်းနားလို့ တံကဲနဲ့ပါတ်သတ်တဲ့ ပခုက္ကူက ဒကာတွေရဲ့ ခံစားချက်ကိုလည်း မှန်းဆလို့ရနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ဘယ်အရပ်မှာမှ မတွေ့နိုင်တဲ့ တံကဲမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။
ဆရာကံကြီးရဲ့လက်ရာ ဘယ်မှာများ တွေ့နိုင်ပါဦးမလဲလို့ ကြည့်နေတတ်တဲ့ ကျွန်တော့်စိတ်ကူးကို
နိဂုံးချုပ်ပေးလိုက်တဲ့ စကားတစ်ခုကိုမကြာခင်ကဘဲကျွန်တော်ကြားခဲ့ရပါတယ်။ ဆရာကံကြီးဟာ တံကဲတော်ကြီးကို ထုလုပ်ပြီး စူး၊ ဆောက်တန်ဆာပလာလက်နက်များ အားလုံးကို ဧရာဝတီမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ ဒါဆိုရင်တော့ ဆရာကံကြီးဟာ သူ့စေတနာ၊ သူ့ပညာ၊ သူ့သဒ္ဒါ အားလုံးကို ရွှေဂူကြီးတံကဲတော်အပေါ်မှာ ပုံပြီးလက်ကုန် ပညာကုန်ဖွင့်ခဲ့တယ်လို့ ပြောရတော့မှာ ဖြစ်သလို သူကိုယ်တိုင်ကလည်းတံကဲတော်ကြီးအပေါ်ကို အတူမရှိအတုမရှိစေလိုတဲစတနာရည်ရွယ်ချက်ထားခဲ့တယ်လို့ဆိုရတော့မှာပါ။
ကျွန်တော်တို့အနေနဲ့လည်း တစ်ခုခုကို ဖန်တီးတော့မယ်ဆိုပါတော့၊ တစ်ခုခုကို တင်ပြတော့မယ်ဆိုပါတော့၊
ဆရာကံကြီးနဲ့ သား မောင်တေ ကိုကြည့်ကြရမှာဖြစ်ပါတယ်။ ကြံစည်စိတ်ကူးပုံ၊ အကြံဉာဏ်ရယူပုံ၊
တင်ပြဖို့ စိတ်ကူးပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သတိ၊ ဉာဏ်ပညာ တရားဓမ္မတို့ကို လက်မလွတ်စေဘဲ
အံ့မခန်းဖန်တီးခဲ့တဲ့ ဆရာကံကြီးနဲ့ သား မောင်တေ တို့ဟာ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကတည်းကပင်
ကမ္ဘာလောကကြီးထဲကို စွမ်းဆောင်ရည်အမြင့်ဆုံး အသစ်တစ်ခုကို နှောင်းမြန်မာများအတွက်
ချန်ထားရစ်ခဲ့နိုင်ပြီဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခုကောင်းရင် နိုင်ငံခြားက၀ယ်လာတယ်လို့ပြောကြပါတယ်။
ဒီပစ္စည်း နိုင်ငံခြားက ဝယ်လို့ မရပါ၊ စက်နဲ့ လုပ်တယ်ပြောကြပါတယ် ဒါ စက်နဲ့ လုပ်လို့ မရပါ။
နိုင်ငံခြားကမှာယူတယ်လို့ ပြောကြပါတယ်၊ နိုင်ငံခြားက တင်သွင်းလို့ မရပါ။
လုပ်ငန်းတစ်ခု အောင်မြင်တယ်၊ နိုင်ငံခြားသား မန်နေဂျာနဲ့ လုပ်တယ်လို့ ပြောကြပါတယ်၊
နိုင်ငံခြားသားနဲ့ လုပ်၍မရပါ။ရေစကြို သစ်ကြီးတော လေးတန်းရွာက ရှေးမြန်မာသားအဖ
ဆရာကံကြီးနဲ့သား မောင်တေ ပဲဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း တစ်ခုခုကို ဖန်တီးတော့မယ်ဆိုပါတော့၊ တစ်ခုခုကို တင်ပြတော့မယ်ဆိုပါတော့၊
ဆရာကံကြီးနဲ့ သား မောင်တေ ကိုကြည့်ကြရမှာဖြစ်ပါတယ်။ ကြံစည်စိတ်ကူးပုံ၊ အကြံဉာဏ်ရယူပုံ၊
တင်ပြဖို့ စိတ်ကူးပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သတိ၊ ဉာဏ်ပညာ တရားဓမ္မတို့ကို လက်မလွတ်စေဘဲ
အံ့မခန်းဖန်တီးခဲ့တဲ့ ဆရာကံကြီးနဲ့ သား မောင်တေ တို့ဟာ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကတည်းကပင်
ကမ္ဘာလောကကြီးထဲကို စွမ်းဆောင်ရည်အမြင့်ဆုံး အသစ်တစ်ခုကို နှောင်းမြန်မာများအတွက်
ချန်ထားရစ်ခဲ့နိုင်ပြီဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခုကောင်းရင်နိုင်ငံခြားက၀ယ်လာတယ်လို့ပြောကြပါတယ်။
ဒီပစ္စည်း နိုင်ငံခြားက ဝယ်လို့မရပါ၊ စက်နဲ့ လုပ်တယ်ပြောကြပါတယ်
ဒါ စက်နဲ့ လုပ်လို့ မရပါ။နိုင်ငံခြားကမှာယူတယ်လို့ ပြောကြပါတယ်၊ နိုင်ငံခြားက တင်သွင်းလို့ မရနိုင်ပါ၊
လုပ်ငန်းတစ်ခု အောင်မြင်တယ်၊ နိုင်ငံခြားသား မန်နေဂျာနဲ့ လုပ်တယ်လို့ ပြောကြပါတယ်၊
နိုင်ငံခြားသားနဲ့ လုပ်၍မရပါ။ရေစကြို သစ်ကြီးတော လေးတန်းရွာက ရှေးမြန်မာသားအဖ
ဆရာကံကြီးနဲ့သား မောင်တေ ပဲဖြစ်ပါတယ်။
(၃၁-၇-၂၀၁၃ တွင်
ရွှေဂူကြီးတံကဲ စာပြီးစီးကြောင်း)
ဒီဇိုင်းမျိုးဆွေသန်း

Sunday, 6 April 2014

ရှာလကာရည်၏ ဆေးဖက်ဝင်အစွမ်း။

ထမင်းမစားခင် ရှာလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာရှင် တချို့က ဆိုပါတယ်။ ရှာလကာရည်မှာ အဲဒီအကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိသင်တွေလည်း ရှိပါတယ်။

(၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ်

ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။ ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့ အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ်မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။ သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။

(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ရှာလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန် ကျချင်ရင် ထမင်းမစားခင် ရေထဲမှာ ရှာလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အရွက်သုပ်တွေထဲကို ရှာလကာရည် ထည့်စားသင့်ပါတယ်။

(၃) အစာကြေညက်စေပါတယ်

ရှာလကာရည်ဟာ အစာကြေညက်လွယ်စေတဲ့ အစွမ်းရှိပါတယ်။ တချို့ အစားအသောက်တွေ စားပြီး အစာမကြေတာနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေသလို အစာစားတိုင်း ရှာလကာရည် ထည့်စားပေးတာကြောင့် နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။

(၄) အရေပြား ပြဿနာတွေကို သက်သာစေပါတယ်

ရှာလကာရည်ကို နေ့စဉ်သောက်တာကြောင့် အသားအရေကို ကြည်လင် ရှင်းသန့်စေတယ်လို့ တချို့မှတ်တမ်းတွေအရ သိရပါတယ်။ ဝက်ခြံပေါက်လွယ်တဲ့ အသားအရေအတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။ ရှာလကာရည် တစ်ခွက်နဲ့ ဆားခါးတစ်ခွက်ကို ရောပြီး ကြက်သီးနွေးရေထဲ ထည့်ချိုးရင် အရေပြားရှိ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ ဒါက နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေပါတယ်။

(၅) ကြွက်နို့ပျောက်စေပါတယ်

ရှာလကာရည်ကို ကြွက်နို့ကုသဖို့အတွက် အိမ်တွင်းကုထုံးအနေနဲ့ သုံးပါတယ်။ ရှာလကာရည်ကို ဝါဂွမ်းစကို နှစ်ပြီး ကြွက်နို့နေရာမှာ လိမ်းပြီး ပတ်တီးစည်းထားပါ။ တစ်ညလုံး ထားပါ။ ကြွက်နို့ပျောက်တဲ့အထိ ညတိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါ။

(၆) နာမကျန်းမှုကို သက်သာစေပါတယ်

ရှာလကာရည်ဟာ အဖြစ်များတဲ့ နာမကျန်းမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ ရှာလကာရည်မှာ ပိုးသတ်အာနိသင်ရှိလို့ပါ။

(၇) ဆံကေသာကို နူးညံ့ပျော့ပျောင်း စေပါတယ်

ရှာလကာရည်ရဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ အဆီတစ်အက်စစ်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ ကွန်ဒီရှင်နာနဲ့ ဆံပင်လိမ်းဆီတွေကို ကင်းစင်စေပြီး ဆံပင်သားကို သန်စွမ်းကာ ဆံပင်သားနူးညံ့တောက်ပစေပါတယ်။ ဒါ့အပြင် ဆံပင်သားမှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ဗောက်ပျောက်စေကာ ဆံပင်သားရဲ့ စံ အဆင့်ကို ဟန်ချက်ညီစေပါတယ်။ ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သားကို ရေအေးဆေးပြီးတာနဲ့ ရှာလကာရည်အနည်းငယ် လိမ်းပေးပါ။ ဆံပင်သားကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမဲ့ နေ့တိုင်း မသုံးသင့်ပါဘူး။ ဆံပင်ခြောက်သွားချိန်မှာ အနံ့ပျောက်သွားပါလိမ့်မယ်။

ကြယ်စင်
Photo: ရှာလကာရည်၏ ဆေးဖက်ဝင်အစွမ်း ထမင်းမစားခင် ရှာလကာရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာရှင် တချို့က ဆိုပါတယ်။ ရှာလကာရည်မှာ အဲဒီအကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိသင်တွေလည်း ရှိပါတယ်။ (၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ် ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။ ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့ အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ်မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။ သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။ (၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ် ရှာလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန် ကျချင်ရင် ထမင်းမစားခင် ရေထဲမှာ ရှာလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အရွက်သုပ်တွေထဲကို ရှာလကာရည် ထည့်စားသင့်ပါတယ်။ (၃) အစာကြေညက်စေပါတယ် ရှာလကာရည်ဟာ အစာကြေညက်လွယ်စေတဲ့ အစွမ်းရှိပါတယ်။ တချို့ အစားအသောက်တွေ စားပြီး အစာမကြေတာနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေသလို အစာစားတိုင်း ရှာလကာရည် ထည့်စားပေးတာကြောင့် နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။ (၄) အရေပြား ပြဿနာတွေကို သက်သာစေပါတယ် ရှာလကာရည်ကို နေ့စဉ်သောက်တာကြောင့် အသားအရေကို ကြည်လင် ရှင်းသန့်စေတယ်လို့ တချို့မှတ်တမ်းတွေအရ သိရပါတယ်။ ဝက်ခြံပေါက်လွယ်တဲ့ အသားအရေအတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။ ရှာလကာရည် တစ်ခွက်နဲ့ ဆားခါးတစ်ခွက်ကို ရောပြီး ကြက်သီးနွေးရေထဲ ထည့်ချိုးရင် အရေပြားရှိ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ ဒါက နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေပါတယ်။ (၅) ကြွက်နို့ပျောက်စေပါတယ် ရှာလကာရည်ကို ကြွက်နို့ကုသဖို့အတွက် အိမ်တွင်းကုထုံးအနေနဲ့ သုံးပါတယ်။ ရှာလကာရည်ကို ဝါဂွမ်းစကို နှစ်ပြီး ကြွက်နို့နေရာမှာ လိမ်းပြီး ပတ်တီးစည်းထားပါ။ တစ်ညလုံး ထားပါ။ ကြွက်နို့ပျောက်တဲ့အထိ ညတိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါ။ (၆) နာမကျန်းမှုကို သက်သာစေပါတယ် ရှာလကာရည်ဟာ အဖြစ်များတဲ့ နာမကျန်းမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ ရှာလကာရည်မှာ ပိုးသတ်အာနိသင်ရှိလို့ပါ။ (၇) ဆံကေသာကို နူးညံ့ပျော့ပျောင်း စေပါတယ် ရှာလကာရည်ရဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ အဆီတစ်အက်စစ်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ ကွန်ဒီရှင်နာနဲ့ ဆံပင်လိမ်းဆီတွေကို ကင်းစင်စေပြီး ဆံပင်သားကို သန်စွမ်းကာ ဆံပင်သားနူးညံ့တောက်ပစေပါတယ်။ ဒါ့အပြင် ဆံပင်သားမှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ဗောက်ပျောက်စေကာ ဆံပင်သားရဲ့ စံ အဆင့်ကို ဟန်ချက်ညီစေပါတယ်။ ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သားကို ရေအေးဆေးပြီးတာနဲ့ ရှာလကာရည်အနည်းငယ် လိမ်းပေးပါ။ ဆံပင်သားကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမဲ့ နေ့တိုင်း မသုံးသင့်ပါဘူး။ ဆံပင်ခြောက်သွားချိန်မှာ အနံ့ပျောက်သွားပါလိမ့်မယ်။

ကြယ်စင်