ရွှေဂူကြီးတံကဲတော်ကြီးက ပခုက္ကူမြို့ မှာရှိနေတာပါ။ရွှေဂူကြီး မြတ်စွာ ဘုရားအတွင်းမှာရှိလို့ 
ရွှေဂူကြီးတံကဲလို့ ပဲ အမည်တွင်ခဲ့ပါတယ်။
၅ ပေ ၂ လက် ရှိတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်အတွက်
နောက်ခံထုလုပ်ခဲ့တဲ့တံကဲတော်ကြီးကအမြင့် ( ၁၂ )ပေ (၁၀) လက်မ၊ ၊ အလျား ( ၅ )
ပေ (၁၀ )လက်မ နဲ့ သစ်သားထု က ( ၆ ) လက်မ ရှိပါတယ်။အံ့မခန်း
တံကဲတော်ကြီးလို့ ညွှန်းဆိုကြတာက အဲဒီ ( ၆ ) လက်မထုရှိတဲ့ ယမနေသား
ကိုတစ်ဆက်တည်း တစ်စပ်တည်း ( Combine ) ပန်းကနုတ်( ၈ ) ထပ်
ထုလုပ်သွားခြင်းပါ။လွယ်လွယ် မြင်သာအောင်ပြောပါတော့ သစ်သားက ( ၆ ) လက်မ
အထူထဲမှာပန်းကနုတ်နဲ့ အရုပ်ကို ( ၈ ) ထပ် (8 Layers )
ထုလုပ်ထားခဲ့တာပါပဲ။ပန်းကနုတ်များကြားထဲမှာ၊ ဇာတ်ထုတ် ( ၄ )ခု အတွက်
ဇတ်ခန်း (၁၂ ) ခန်းကိုဇာတ်ရုပ်ပန်းပုရုပ်လုံး (၁၃၆ )ရုပ်နဲ့  တိရိစ္ဆာန်
(၁၀) ရုပ်ကို ပါ တစ်ခါထဲ ထည့်သွင်းထုလုပ်ခဲ့တဲ့
ရွှေဂူကြီး တံကဲတော်ကြီးကို ထုလုပ်ချိန် ( ၄ ) နှစ်ကြာမြင့်ပြီး ခရစ်နှစ်( ၁၉၀၈ )မှာ ပြီးစီးခဲ့ပါတယ်။
( ၄ )နှစ်ကြာထုလုပ်ခဲ့တဲ့ တံကဲတော်ကြီးအတွက် ပန်းပုထုလုပ်ခ ပေးရတဲ့
အနုပညာကြေး( ၄၀၀၀ ) ကျပ်ဟာ အဲဒီခေတ်က ရွှေ ( ၂ ) ပိသာ နဲ့ညီမျှခဲ့ပါတယ်။
ဒီတံကဲတော်ကြီးအတွက် စေတနာထက်သန်ခဲ့ကြတဲ့အလှု့ ဒကာများကတော့ပခုက္ကူမြို့ 
ဈေးဟောင်းကျောင်းတော်ရာလမ်း၊ တိုက်နံပါတ်( ၅၇၅ )နေ ဦးဟင်းငါး နဲ့  ဇနီး
ဒေါ်ဇီးဇံ ၊သမီး မယ်သစ်၊ မယ်မြစ်တို့ ဖြစ်ကြပြီး၊အနုပညာမြောက်လှတဲ့
ပန်းပုပညာရှင်ကတော့ ပခုက္ကူ၊ ရေစကြို နားက မြိုင်မြို့ နယ်
သစ်ကြီးတောလေးတန်းရွာက
ဆရာကံကြီးနဲ့ သားမောင်တေ တို
့ဖြစ်ကြပါတယ်။စလေရုပ်စုံကျောင်း အပြီး နောက် (၁၆ ) နှစ်အကြာမှာ
ထုလုပ်ခဲ့တဲ့ရွှေဂူကြီး တံကဲတော် ပန်းပုဆရာ ဆရာကံကြီး ကတံကဲတော်ကြီးရဲ့
ဘယ်ဖက်ပန်းကနုတ်ထဲမှာသူ့ နာမည်ကို ဆြာကံကြီး၊ သားမောင်တေ လို့ 
တာဝန်ယူစွာ၊ ဂုဏ်ယူစွာနဲ့ ပန်းကနုတ်တွေထဲမှာအရုပ်တွေထည့်သလို နာမည်စာလုံးကိုလည်း တွဲလျက် ထွင်းထုရေးထိုးခဲ့ပါတယ်။
သာသနာ၊ ဆရာ၊ ဒကာ အတွဲညီခဲ့ပုံရဲ့ ပြယုဂ်လည်းဖြစ်ခဲ့ပါတယ်။
ပခုက္ကူ သာသနာလို့ ကျော်ကြားခဲ့တဲ့ ပခုက္ကူမြို့ အတွက် ပခုက္ကူသာသနာဆိုတာ လို့ စရင်
ဒီ ရွှေဂူကြီး တံကဲပါထည့်ပြောရပါတော့မယ်။တောင်မြို့ 
မဟာဂန္တာရုံကျောင်းတိုက်ကြီးကို တည်ထောင်ခဲ့တဲ့ ဆရာတော် ရှင်ဇနကာဘိဝံသ
ကိုယ်တော်မြတ်ကြီးက မြန်မာပြည်မှာ ရဟန်းတွေကြားထဲမှာ ကိုရင်ဘဝနဲ ပထမကြီးကို
ထိပ်ဆုံးကနေအောင်မြင်ခဲ့တာပါ၊ အဲဒါပခုက္ကူမှာ စာသွားလိုက်ခဲ့ရတာပါ။ စာသင်သားဘဝမှာ နေ့ စဉ် ဖူးစကက်စာမျက်နှာ
( ၄ )ရ္ဂက် ( ၈) မျက်နှာ ရေးရတဲ့အပြင် အလွတ်ပါ ကျက်ရသေးတဲ့အတွက် ဆွမ်းခံနောက်ကျရမြဲမို့  ကသီလင်တရှိပါသတဲ့၊
"ရဟန်း (၅၀၀) ဆွမ်းခံကြွရတော့ ဆွမ်းမဝဘူးပဲပြောပါတော့" လို့ ဆရာတော်ကသူ့
့မှတ်တမ်းမှာရေးသွားပါတယ်။ အဲဒီကျောင်းမှာတင်ပဲ စာသင်ရဟန်းသံဃာ (၅၀၀)
ရှိခဲ့ပြီးထိုရဟန်း (၅၀၀) ခြေသလုံးမျဉ်းကိုအားကိုးပြီးဆွမ်းခံကြွတဲ့ဧရိယာ
အကျယ်အဝန်းကသံဃာ (၅၀၀) အတွက်ဆွမ်းလောင်းပေးနိုင်တြတဲ့ ပခုက္ကူရဲ့
မနက်ခင်းတွေကို စိတ်ကမြင်ကြည့်လိုက်ရင်ပဲပခုက္ကူက သာသနာကို တွေ
့နိုင်ကြပါပြီ။စာ(၈) မျက်နှာ ညစဉ်ပြင်ဆင်ရလို့  ဆွမ်းခံနောက်ကြပြီး
ဆွမ်းမဝချင်ဘူးလို့ပြောခဲ့တဲ့
အငယ်ဆုံး ကိုရင်လေးကတောင် နောင်တစ်နေ
့ကြတော့ အမရပူရတောင်သမန်အင်းစောင်းမှာမဟာဂန္တာရုံဆိုတဲ့ကျောင်းတိုက်ကြီး
တည်ထောင်ပြီး နှစ်စဉ်သံဃာ(၅၀၀) ကို စာချပေးနိုင်ခဲ့တာ ဒီနေ့ ထိမဟုတ်လား၊
နိုက်ငံခြားသားလာသမျှ မှတ်တမ်းသွားရိုက်နေရတာအဲဒီကျောင်းပဲလို့ လည်း
ပြောချင်ရင်ပြောနိုင်ပါပြီ။ ဒီတော့လည်း အဲဒီတုန်းက ပခုက္ကူမှာ
အလျံငြီးငြီးတောက်လောင်နေတဲ့သဒ္ဒါစိတ်တွေနဲ့
မနက်မိုးလင်းနေကြတဲ့အချိန်မှာဈေးဟောင်းကျောင်းတော်ရာလမ်းထဲက
ဒေါ်ဇီးဇံတွေလည်းရှိတာပေါ့၊ ဒီလိုပဲဧရာဝတီမြစ်ဟိုဖက်ကမ်းကချင်းတွင်းမြစ်နဲ
့ကြားထဲမှာ ဆရာကံကြီးတို့ ၊ စလေဆရာတို့ လို အနုပညာရှင်တွေကလည်း
ရှိတာပေါ့။ဒီလိုဖြစ်ရပ်တွေ အများကြီးထဲမှာမှ ၁၉၀၈ ခုနှစ်ကဆရာကံကြီး
ဖန်တီးထားရစ်ခဲ့တဲ့ ရွှေဂူကြီးတံကဲတော်င်္ကြီးကတော့၊ဆရာကံကြီးနဲ
့သားမောင်တေသာမက၊ ပခုက္ကူက ဗုဒ္ဓသာသနာ၊ ပခုက္ကူက ကဆရာသံဃာ၊
ပခုက္ကူက ဒါယကာတို့ကိုပါ တွဲလျက်မှတ်တမ်းတင်ရတော့မှာဖြစ်ပါတယ်
ယခု မြန်မာတွေဘယ်နားလေးမှာကျကျန်ခဲ့မှန်းမသိသောမြန်မာတို့ရဲ့နှစ်သက်စရာလူမှုပုံစံလေးကလည်းရွှေဂူကြီးတံကဲနားထိရှိနေသေး
တယ်လို့ လည်းမြင်နေရပါသေးတယ်။အခုနေပြန်ကြည့်တော့ မြန်မာပြည်ရဲ့
သာသနာသမိုင်းပဲဖြစ်ဖြစ်၊ ပညာရေးသမိုင်းပဲဖြစ်ဖြစ်၊
အနုပညာသမိုင်းပဲဖြစ်ဖြစ်ပြောကြတော့မယ်ဆိုရင် ပခုက္ကူနဲ့ ၊ ရွှေဂူကြီးတံကဲ
ကိုချန်ရစ်ခဲ့
လို့ မဖြစ်နိုင်တော့ပါဘူး။ တစ်ဖက်ကလည်း ဆရာကံကြီး က ဒီတံကဲတော်ကြီးကိုဖန်တီးဖို့ ချဉ်းကပ်သွားပုံဟာ
မြန်မာ အနုပညာသည်များအတွက် အံ့သြဖွယ်ရာ ရှေ့ ဆောင်လမ်းပြသဖွယ်ဖြစ်လို့ နေပါတော့တယ်။
ရုပ်ပွားတော်နောက်က တံကဲများခေတ်အဆက်ဆက်
ပန်းကနုတ်ပဲများပါတယ်၊ဆရာကံကြီးကတော့ ဗုဒ္ဓ၀င်ဇာတ်နိပါတ်လာ
ဇာတ်ကွက်များထည့်သွင်းပြီး ကနုတ်နဲ့အရုပ်ကို အချိုးညီစွာထည့်သွင်းသွားတာ
အစောဆုံးပညာရှင်လည်းဖြစ်ပါလိမ့်မယ်၊
အခုကာလ ဒီဇိုင်းဆရာများ
မဂ္ဂဇင်းစာမျက်နှာတွေမှာ ပုံနဲ့ စာ အချိုးညီအောင် စာမျက်နှာဖွဲ့ စည်း(
Layout လုပ်)
ကြတာဆရာကံကြီးဆီကဆင်းသက်တယ်ပြောချင်လဲပြောပါတော့။မြန်မာအနုပညာရှင်တွေထဲမှာ
ပန်းချီမှာ နာမည်စထိုးတာ သီပေါမင်းရဲ့ ပန်းချီတော် ဆရာချုံက စတွေ
့ပါတယ်။ပန်းပုမှာ ဆရာကံကြီးလည်း အစောဆုံး နာမည်ထိုးတဲ့ထဲမှာပါပါလိမ့်မယ်။
ခေတ်ပြိုင်အခြေနေတွေ အတိအကျ ဘယ်လိုရှိတယ်မသိပေမယ့် ၁၉၀၈ ခုနှစ် က
ကမ္ဘာလောကကြီးထဲကို အသစ်တစ်ခုချထားခဲ့တဲ့ ဆရာကံကြီးရဲ့
ပန်းပုလက်ရာကတော့ဖြင့်စွမ်းဆောင်ရည်အမြင့်ဆုံးထဲမှာပါပြီး
နှောင်းမြန်မာများအတွက် ဂုဏ်ယူဖွယ်ရာ တစ်ခုဖြစ်ခဲ့ပါပြီ၊မြန်မာမှာတွင်မက
ကမ္ဘာမှာပါ တစ်ခုတည်းသောပစ္စည်းဖြစ်ကြောင်းရဲရဲပြောနိုင်ကြပါပြီ။
အနုပညာလက်ရာအဆင့်တန်းတစ်ခုအတွက်သာမကဖြစ်ခဲ့လို့ ကျွန်တော့်
အလိုအားဖြင့်တော့
နိုင်ငံရဲ့ ရတနာ(National Treasure )
စာရင်းအဖြစ်သတ်မှတ်ပါတယ်။ကျွန်တော့်အတွက်တော့ မိတ်ဆွေ၊ အပေါင်းအသင်း၊
အကြောင်းတစ်စုံတစ်ရာမရှိပဲ၊ဒီအနုပညာပစ္စည်းများအတွက် သက်သက်
သွားရောက်ခဲ့ရတဲ့ စလေ နဲ့  ပခုက္ကူတို့ ကိုရောက်ခဲ့ချိန်တွေမှာ
ဒီအနုပညာပစ္စည်းတွေကို အကောင်းတိုင်းကျန်အောင်ရည်ရ္ဂယ်ချက်
ရည်မှန်းချက်ရှိရှိ၊ သတိရှိရှိနဲ
့ခေတ်အဆက်ဆက်ထိန်းသိမ်းပေးလာခဲ့ကြတဲ့ဆရာတော်များ ဂေါပကများ၊ မြို
့နေလူထုများနဲ့ရှေးဟောင်းသုတေသနတို့ ရဲ့ဂုဏ်ကျေးဇူးကိုလည်းအမှန်ပင်
အောင့်မေ့ဆင်ခြင်ခဲ့ရပါတယ်။
ဆရာဦးကံကြီးနဲ့ သားမောင်တေ
ဆရာဦးကံကြီးရဲ့ ဖခင် ပန်းပုဆရာကြီး ဆရာရှိန်းဟာ မင်းတုန်းမင်းရဲ့ လက်စွဲ ပန်းပုဆရာကြီးဖြစ်တယ်
လို့ မှတ်တမ်းရှိခဲ့ပါတယ်၊ သစ်ကြီးတောလေးတန်းရွာက ယနေ့ ထက်တိုင် ပန်းပုဆရာတွေလည်းထွက်နေပါသေးတယ်၊
အမည်နာမ မတင်ကျန်ရစ်ခဲ့ကြပေမယ့် ပုဂံညောင်ဦး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ပုလဲ၊ ယင်းမာပင်၊
ဆားလင်းကြီး၊ မင်းတိုင်ပင် စသည်ဖြင့်ဧရာဝတီနဲ့ ချင်းတွင်း မြစ်နှစ်မြစ်ကြားမှာ အနုပညာလက်ရာများစွာ ကျန်ရစ်တာကို
တွေ့ ရပါတယ်။ စလေရုပ်စုံကျောင်းလို ဇာတ်နိပါတ်များစွာနဲ့မြန်မာဘုန်းတော်ကြီးကျောင်း
တွေလယ်ပေါ် (၃) ဆင့်ကနေ လယ်ပေါ် (၇ )ဆင့်အထိ ရွာကြီးတိုင်းမှာလိုလို ရှိခဲ့ဘူးပါတယ်။
ကျွန်တော်ငြီးချင်းချသလိုငြီးရရင်တော့ လက်မတင်လေးတင်ဗျာလို့ ငြီးသော်လည်းကျွန်တော်မမွေးခင်ကပဲ ပျက်စီးခဲ့ကြပါပြီ၊
တစ်ချို့ ကျောင်းတွေမှာ သက်သေအဖြစ် ဒီကျောင်းကြီးနေရာမှာအရင်ကရုပ်စုံကျောင်းကြီးလေ
ဆိုပြီးဘောင်သွင်းထာဲး့အဖြူအမဲဓါတ်ပုံတွေချိတ်ထားရာကနေဖြုတ်ဖြုတ်ပြကြတာအခုဆို အဲဒီဓါတ်ပုံတောင်တွေ့ ဖို့ ခက်ခဲ့ပါပြီ။
ကျွန်တော်မကြာခဏ တင်လေ့ရှိတဲ့ ထန်းလက်တဲလေးနဲ့ ဆံပင်ညှပ်ဆိုင်ပုံလေးရှိပါတယ်၊
အဲဒါရေစကြိုမြို့ နယ်ထဲက ရွာပါ အမည်ကိုကတောရွာ
ပါတဲ့။အဲဒီဆိုင်လေးဘေးကတည့်တည့်လမ်းက ဘန်းကြီးကျောင်းကို
ဝင်ဆောင့်ပါလိမ့်မယ်။ အဲဒီကျောင်းက ရှေးမြန်မာဘုန်းကြီးကျောင်းပါ၊ ပုံစံတကျ
အလှုဒါနဖြစ်ကြောင်းကို
ဘုန်းကြီးစီးဖို့ လှည်းယာဉ်အထိ အလှု
့ဒကာကလှုခဲ့တာတွေ့ နိုင်ပါသေးတယ်၊သို့ သော် ဇာတ်ကွက် ရုပ်လုံးရုပ်ကြွများက
ဟိုတစ ဒီတစ၊ အရင်ကပ္ပိယကြီင်္းတုန်းက ချမ်းလို့ ပြုတ်ကျနေတဲ့ပန်းပုရုပ်တွေနဲ
့မီးတောင်လူံခဲ့သေးတယ်လို့ ဘုန်းကြီးကိုယ်တိုင်ကတောင်
ပြောပြပါသေးတယ်။ အဲဒီ ယနေ့ ဆံပင်ညှပ်ဆိုင်နဲ့  ရှေးမြန်မာ ဘုန်းကြီးကျောင်းသွားတဲ့လမ်းမှာတင်ကျွန်တော်တို့ မြန်မာများ
ကျကျန်ရစ်ခဲ့သော၊ မြန်မာတို့ ပျောက်ဆုံးရစ်ခဲ့သောမြန်မာများ
ကျောခိုင်းခဲ့ကြသော မြန်မာဖြစ်စေတဲ့ကိုယ်ပိုင်ပုံစံများစွာကိုလည်း
အထွေးလိုက်ကြီးမြင်တွေ့ ရပါပြီ။
ကျွန်တော်တို့ ဘယ်ဆီကိုသွားနေကြပါသနည်း
ဟုလည်း ဆင်ခြင်ရန်လိုအပ်ကြပါသည်။ဆရာကံကြီးများစွာကိုကျောခိုင်းခြင်းဟုလည်း
ခေါင်းစဉ်တပ်လိုလှပါသည်။
ဆရာကံကြီးတို
့သားအဖကိုပြန်ကြည့်ရအောင်ပါ။ရွှေဂူကြီးတံကဲကို ထုလုပ်ဖို့ စူးဆောက်တန်ဆာပလာ
လက်နက်တွေကို ပန်းပဲဖိုမှာ ကိုယ်တိုင်ပြုလုပ်ကြပါတယ်တဲ့။ တစ်ချို
့စူးဆောက်တွေက နှစ်ဆစ်ချိုး သုံးဆစ်ချိုး အကောက်တွေနဲ့ပြုလုပ်တာ (၅၀)
ကျော်လောက်ရှိပါသတဲ့။ ဒါဆိုရင် သမရိုးကျထုလုပ်လေ့ရှိတဲ့
ပန်းကနုတ်တကဲမဟုတ်တော့ပါဘူး။ ဆရာကံကြီးဟာ စိန်ခေါ်မှုအသစ်တစ်ခုကို
ရင်ဆိုင်ဖို့ အစကတည်းကရည်ရွယ်ပြီးဖြစ်တယ် လို့ မြင်နိုင်ပါပြီ။
ဆရာ ကံကြီးဟာ တံကဲတော်ကြီးကို ထုလုပ်ဖို့ ယမနေသားကို ရွေးချယ်ခဲ့ပါတယ်တဲ့။
ယမနေသားဟာ ထုဆစ်ရတာ ဆပ်တဲ့အတွက် ဆောက်သွားနဲ့ ထိတွေ့တဲ့အခါ လိုသလို
သွားနိုင်ပုံရပါတယ်။ သစ်သားပန်းပုက အနှုတ်ပါ။ ရှိပြီးသားသစ်သားတုံးကို
စိတ်မျက်စိက မြင်ယောင်ကြည့်ပြီးမှ ဖန်တီးရတာပါ၊ အခွင့်အရေး
နည်းပါးလွန်းလှပါတယ်။ ပန်းပုရုပ်တွေနဲ့ ဗုဒ္ဓ၀င်ဇာတ်တွေကို တစ်ခါတည်း
ထည့်မယ်ဆိုတော့ ခုခေတ်စကားနဲ့ပြောရရင်စိန်ခေါ်ပုံကြမ်းလှချည်လားလို့
ဆိုရပါမယ်။ တံကဲတော်ကြီးထဲမှာ ပါဝင်တဲ့ဇာတ်တော်တွေက
(၁) ဒေ၀ါရောဟဏဇာတ်၊(၂) နေမိဇာတ်၊
(၃) သာဓိဏဇာတ်၊ (၄) ဗိမ္ဗိသာရဇာတ် (၄) ဇာတ်အတွက်ဇာတ်ခန်း(၁၂)ခန်းဖွဲ့စည်း
သွားပါတယ်။တံကဲတော်ကြီးရဲ့ အပေါ်ဆုံးမှာ ဆရာကံကြီး စဉ်းစားသွားပုံ ဇာတ်ကွက်က မြတ်စွာဘုရားရှင်တာဝတိံသာက
ဆင်းခန်းဖြစ်ပါတယ်။ ဘုရားရှင် မစွန့်အပ်သော သံဝေဇနိယလေးဌာန ရှိပါတယ်။
ဖွားတော်မူသောနေရာ၊ဘုရားဖြစ်တော်မူသောနေရာ၊
ဓမ္မစင်္ကြာတရားဦးဟောတော်မူသောနေရာနှင့် တာဝတိ`ံသာမှ ပြန်ကြွလာပြီး
လူ့ပြည်သို့ဆင်းသော သင်္ဃဿနဂိုရ် တောင်တံခါးတို့ ဖြစ်ပါတယ်။
မြန်မာတွေ
အစဉ်အဆက်ဟာ ဗုဒ္ဓဘာသာ စတင်ဝင်ရောက်လာချိန်ကစပြီး အခုအချိန်အထိ
ထိုလေးဌာနကိုနှစ်သက်ကြတဲ့သဘောလည်းရှိပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊
ညောင်ရမ်း၊ ကုန်းဘောင်မှသည် ယနေ့အထိ ထိုလေးဌာနကို သာသနိကအဆောက်အဦများမှာ
ပန်း (၁၀) မျိုး အနုပညာတစ်ခုခုနဲ့ဖန်တီးပြီးထည့်သွင်းလှူဒါန်းလေ့ရှိပါတယ်။
ထိုအစဉ်အလာကို ဆရာကံကြီးကလည်း ရှေးဆရာများနည်းတူ မမေ့မလျော့ ထည့်သွင်းဖို့
ကြိုးစားခဲ့ပါတယ်။ သို့သော် ဆရာကံကြီးဟာ တံကဲတော်ကြီးရဲ့
ထိပ်ဆုံးမှာထည့်ဖို့ မြတ်စွာဘုရားရှင် တာဝတိ`ံသာမှ ဆင်းသက်သည့်အခန်းကို
ရွေးချယ်ခဲ့ပြီး ထုလုပ်ခဲ့တာဟာ ဆရာကံကြီး ပထဆုံး စဉ်းစားချက်လို့တောင်
ယူဆမိပါတယ်။
မယ်တော်အမိနတ်သားကိုအကြောင်းပြုပြီးတာဝတိ`ံသာတွင်
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူပြီး တာဝတိ`ံသာမှ
ရွှေစောင်းတန်းငွေစောင်းတန်းပတ္တမြားစောင်းတန်းတို့တွင်
အလယ်ပတ္တမြားစောင်းတန်းမှ သင်္ဃဿနဂိုရ်ပြည် တောင်တံခါးဆီသို့
ကြွမြန်းလာသောဇာတ်ကွက်ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်အားလိုက်ပါပို့ဆောင်ကြသော မာတလိ၊ ၀ိသကြုံ နတ်သားများနဲ့
ဗြဟ္မာကြီးများကို ပြည့်စုံအောင်ထုလုပ်ထားတဲ့အပြင် မျက်နှာအမူအရာများကိုလည်း
ခရုသင်းမှုတ်သူ၊ ထီးမိုးသူယပ်လွှဲသူတို့အလိုက်ကွဲပြားအောင်ထုလုပ်ခဲ့ပါတယ်။
မျက်နှာထောင့်ပေါင်းစုံမှ နတ်သားများ
ဘယ်ညာဆင်းသက်လာပုံမှာတံကဲတော်ထိပ်ပန်းအတွက်
အလွန်လိုက်ဖက်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ အောက်ခြေက ဗိမ္မိသာရဇာတ်အတွက်
ထုလုပ်ခဲ့တဲ့ဇာတ်ရုပ်များကအသက်ဝင်လွန်းလှတဲ့အတွက်အမယ်ကြီးအိုအောင်စိန်ကတံကဲတော်တွင်
ပါဝင်သည့် ဇာတ်ခန်းအတိုင်း ရွှေမန်းဦးတင်မောင်ကို ညွှန်ပြခဲ့ရာ
ရွှေမန်းဦးတင်မောင်ကလည်း ထိုဇာတ်ခန်းအတိုင်းပင် ကပြခဲ့တယ်လို့လည်း
မှတ်တမ်းရှိခဲ့ပါတယ်။ကျွန်တော့်အနေနဲ့ကတော့
ထိုဗိမ္မိသာရဇာတ်ကထီးချက်စောင့်နတ်သမီးလေးဟာ
ရွှေဂူတံကဲဆရာရဲ့ စံပဲဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။
ဆရာကံကြီးဟာ ရှေးမြန်မာတွေထဲမှာ အံ့သြဖွယ်ရာလုပ်ရပ်ကိုလည်းလုပ်လိုက်
ပါသေးတယ်။ အဲဒါကတော့ တံကဲတော်ကြီးကို ပုံစံငယ် ပြုလုပ်လိုက်ခြင်းပါ။
အဲဒီလို ပုံစံငယ်ပြုလုပ်ပြီး အလှူ့အစ်မ ဒေါ်ဇီးဇံနှင့် ဆရာတော်
သမားတော်ကြီးများကိုပြသပြီး အကြံဉာဏ်ရယူခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၁၀၀) က
ရှေးမြန်မာပန်းပုဆရာ ဆရာကံကြီးပဲဖြစ်ပါတယ်။ လက်ခ ရွှေ (၂) ပိဿာနှင့်
ကြာမြင့်ချိန် (၄)နှစ်ယူတဲ့ ပညာရှင်ကို ယုံကြည်ခဲ့တဲ့ဂဂအလှူ့အမဒေါ်ဇီးဇံ
ပဲဖြစ်ပါတယ်၊ ယုံကြည်ရကျိုးနပ်ခဲ့တဲ့ဆိုတာလည်း
ယနေ့မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ပခုက္ကူမြို့မှာ သီဟိုဠ်ရှင်ဘုရား၊ ရွှေတံ့တစ်ဘုရားတို့မှာလည်းတံကဲတော်ကြီးတွေ
ရှိခဲ့ကြဖူးပါတယ်။သာသနာ၊ ဆရာ၊ ဒကာအတွဲညီနေကြတဲ့အချိန်က
တံကဲတော်ကြီးတွေကိုလည်း အပြိုင်အဆိုင် ထုလုပ်ခဲ့ကြသလားလို့
တွေးကြည့်နိုင်ပါသေးတယ်။ သီဟိုဠ်ရှင်ဘုရားက တံကဲတော်ကြီးက
မီးထဲပါသွားပြီဖြစ်သော်လည်း၊
အဖြူ၊အမည်းဓါတ်ပုံတစ်ပုံကိုအ၀င်မှန်ပုံးထဲမှာပြထားတာကိုတွေ့ရပါတယ်အလွန်လှပြီး၊အလွန်ကြီးကျယ်ခမ်းနားကာ
အလွန်လက်ရာမြောက်တယ်ဆိုတာ မြင်နိုင်ပါတယ်။ သို့သော် ဆရာကံကြီးရဲ့ တံကဲလို
ပန်းရှစ်ထပ်မဟုတ်၊ ရုပ်လုံးမပါ၊ ကနုတ်ပန်း သက်သက်မျှသာဖြစ်ပါတယ်။
သီဟိုဠ်ရှင်ဘုရားက ယနေ့ခေတ်လက်ရာနဲ့ အသစ်ပြန်လုပ်ထားတဲ့ တံကဲတော် ကတင်ပဲ
ယနေ့မြင်ရတာ အလွန်ကြီးကျယ်ခမ်းနားလို့ တံကဲနဲ့ပါတ်သတ်တဲ့ ပခုက္ကူက ဒကာတွေရဲ့
ခံစားချက်ကိုလည်း မှန်းဆလို့ရနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံ ဘယ်အရပ်မှာမှ
မတွေ့နိုင်တဲ့ တံကဲမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။
ဆရာကံကြီးရဲ့လက်ရာ ဘယ်မှာများ တွေ့နိုင်ပါဦးမလဲလို့ ကြည့်နေတတ်တဲ့ ကျွန်တော့်စိတ်ကူးကို
နိဂုံးချုပ်ပေးလိုက်တဲ့ စကားတစ်ခုကိုမကြာခင်ကဘဲကျွန်တော်ကြားခဲ့ရပါတယ်။
ဆရာကံကြီးဟာ တံကဲတော်ကြီးကို ထုလုပ်ပြီး စူး၊ ဆောက်တန်ဆာပလာလက်နက်များ
အားလုံးကို ဧရာဝတီမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ ဒါဆိုရင်တော့ ဆရာကံကြီးဟာ
သူ့စေတနာ၊ သူ့ပညာ၊ သူ့သဒ္ဒါ အားလုံးကို ရွှေဂူကြီးတံကဲတော်အပေါ်မှာ
ပုံပြီးလက်ကုန် ပညာကုန်ဖွင့်ခဲ့တယ်လို့ ပြောရတော့မှာ ဖြစ်သလို
သူကိုယ်တိုင်ကလည်းတံကဲတော်ကြီးအပေါ်ကို
အတူမရှိအတုမရှိစေလိုတဲစတနာရည်ရွယ်ချက်ထားခဲ့တယ်လို့ဆိုရတော့မှာပါ။
ကျွန်တော်တို့အနေနဲ့လည်း တစ်ခုခုကို ဖန်တီးတော့မယ်ဆိုပါတော့၊ တစ်ခုခုကို တင်ပြတော့မယ်ဆိုပါတော့၊
ဆရာကံကြီးနဲ့ သား မောင်တေ ကိုကြည့်ကြရမှာဖြစ်ပါတယ်။ ကြံစည်စိတ်ကူးပုံ၊ အကြံဉာဏ်ရယူပုံ၊
တင်ပြဖို့ စိတ်ကူးပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သတိ၊ ဉာဏ်ပညာ တရားဓမ္မတို့ကို လက်မလွတ်စေဘဲ
အံ့မခန်းဖန်တီးခဲ့တဲ့ ဆရာကံကြီးနဲ့ သား မောင်တေ တို့ဟာ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကတည်းကပင်
ကမ္ဘာလောကကြီးထဲကို စွမ်းဆောင်ရည်အမြင့်ဆုံး အသစ်တစ်ခုကို နှောင်းမြန်မာများအတွက်
ချန်ထားရစ်ခဲ့နိုင်ပြီဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခုကောင်းရင် နိုင်ငံခြားက၀ယ်လာတယ်လို့ပြောကြပါတယ်။
ဒီပစ္စည်း နိုင်ငံခြားက ဝယ်လို့ မရပါ၊ စက်နဲ့ လုပ်တယ်ပြောကြပါတယ် ဒါ စက်နဲ့ လုပ်လို့ မရပါ။
နိုင်ငံခြားကမှာယူတယ်လို့ ပြောကြပါတယ်၊ နိုင်ငံခြားက တင်သွင်းလို့ မရပါ။
လုပ်ငန်းတစ်ခု အောင်မြင်တယ်၊ နိုင်ငံခြားသား မန်နေဂျာနဲ့ လုပ်တယ်လို့ ပြောကြပါတယ်၊
နိုင်ငံခြားသားနဲ့ လုပ်၍မရပါ။ရေစကြို သစ်ကြီးတော လေးတန်းရွာက ရှေးမြန်မာသားအဖ
ဆရာကံကြီးနဲ့သား မောင်တေ ပဲဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့လည်း တစ်ခုခုကို ဖန်တီးတော့မယ်ဆိုပါတော့၊ တစ်ခုခုကို တင်ပြတော့မယ်ဆိုပါတော့၊
ဆရာကံကြီးနဲ့ သား မောင်တေ ကိုကြည့်ကြရမှာဖြစ်ပါတယ်။ ကြံစည်စိတ်ကူးပုံ၊ အကြံဉာဏ်ရယူပုံ၊
တင်ပြဖို့ စိတ်ကူးပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ သတိ၊ ဉာဏ်ပညာ တရားဓမ္မတို့ကို လက်မလွတ်စေဘဲ
အံ့မခန်းဖန်တီးခဲ့တဲ့ ဆရာကံကြီးနဲ့ သား မောင်တေ တို့ဟာ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကတည်းကပင်
ကမ္ဘာလောကကြီးထဲကို စွမ်းဆောင်ရည်အမြင့်ဆုံး အသစ်တစ်ခုကို နှောင်းမြန်မာများအတွက်
ချန်ထားရစ်ခဲ့နိုင်ပြီဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခုကောင်းရင်နိုင်ငံခြားက၀ယ်လာတယ်လို့ပြောကြပါတယ်။
ဒီပစ္စည်း နိုင်ငံခြားက ဝယ်လို့မရပါ၊ စက်နဲ့ လုပ်တယ်ပြောကြပါတယ်
ဒါ စက်နဲ့ လုပ်လို့ မရပါ။နိုင်ငံခြားကမှာယူတယ်လို့ ပြောကြပါတယ်၊ နိုင်ငံခြားက တင်သွင်းလို့ မရနိုင်ပါ၊
လုပ်ငန်းတစ်ခု အောင်မြင်တယ်၊ နိုင်ငံခြားသား မန်နေဂျာနဲ့ လုပ်တယ်လို့ ပြောကြပါတယ်၊
နိုင်ငံခြားသားနဲ့ လုပ်၍မရပါ။ရေစကြို သစ်ကြီးတော လေးတန်းရွာက ရှေးမြန်မာသားအဖ
ဆရာကံကြီးနဲ့သား မောင်တေ ပဲဖြစ်ပါတယ်။
(၃၁-၇-၂၀၁၃ တွင်
ရွှေဂူကြီးတံကဲ စာပြီးစီးကြောင်း)
ဒီဇိုင်းမျိုးဆွေသန်း
No comments:
Post a Comment