မိသားစု ဘ၀လေးရယ်၊ မိမိ ရေးချင်မိတာလေးတွေရယ်ကို ဆွေမျိုး၊မိတ်ဆွေ များနဲ့ မျှဝေခံစားဘို့ ရည်ရွယ်ပြီး ဒီ ဓါတ်ပုံအယ်(လ်)ဘမ် ဘလော့(ဂ်) လေးကိုအစပျိုးပါတယ်။
Thursday, 10 April 2014
တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ
တရားအားထုတ်စဉ် အရေးကြီးဆုံးက သဘောထား မှန်ဖို့
♦ စိုက်မရှုနဲ့၊ ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့။
♦ ဖြစ်အောင်လည်းမလုပ်နဲ့၊ ပျက်အောင်လည်းမလုပ်နဲ့။
♦ ဖြစ်အောင်လုပ်ရင် လောဘ၊ ပျက်အောင်လုပ်ရင် ဒေါသ၊ ဖြစ်တိုင်းပျက်တိုင်း
မသိရင် မောဟ။
♦ ရှုမှတ်စိတ်မှာ လောဘ၊ ဒေါသ၊ သောက မပါမှ ရှုမှတ်စိတ် ဖြစ်မယ်။
♦ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ်။
♦ ကောင်းတာလည်း ရှုရမှာပဲ၊ ဆိုးတာလည်းရှုရမှာပဲ။
♦ ကောင်းတာမှ လိုချင်တယ်၊ မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင်
တရားပါ့မလား။
♦ မျှော်လင့်ချက် မပါစေနဲ့၊ လိုချင်တာ မပါစေနဲ့။ ကြောင့်ကြစိတ် မပါစေနဲ့။
ဒီသဘောထားတွေ ရှုစိတ်ထဲ ရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး။
♦ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေတာလဲ။
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့..တစ်ခုခုဖြစ်နေတတ်တယ်။
♦ စိတ်က ပင်ပန်းဆင်းရဲနေရင် တရားအားထုတ်တာ တစ်ခုခုလိုနေပြီ။
♦ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင်။
♦ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင် တရားအားထုတ်တာကို ပြန်စစ်ဆေးကြည့်
သင့်တယ်။ မှန်ကန်တဲ့သဘောထားမျိုး ရှိရဲ့လား။
♦ လိုချင်တဲ့စိတ်၊ ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့။ ပင်ပန်းတာပဲ အဖတ်တင်
မယ်။
♦ တရား အားထုတ်မယ့် စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိရမယ်။
♦ စိတ်ရော ကိုယ်ရော သက်တော့သက်သာရှိရမယ်။
♦ လွပ်လပ်ပေါ့ပါးတဲ့စိတ်နဲ့မှ တရားအားထုတ်လို့ရမယ်။
♦ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်း၊ ဆိုးဆိုး ဘာလာလာ လက်ခံ
ပြီး အေးအေးဆေးဆေးနဲ့ ကြည့်နေတာပဲ။
♦ စိတ်က ဘာလုပ်လုပ်နေလဲ။ တွေးနေသလား၊ သိနေသလား။
♦ စိတ်က ဘယ်ရောက်နေလဲ။ အတွင်းမှာလား၊ အပြင်မှာလား။
♦ သိနေတဲ့စိတ်၊ ရှုနေတဲ့စိတ်က သေချာသိလား၊ အပေါ်ယံသိလား။
♦ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ ဖြစ်နေတာကို ဖြစ်နေတဲ့
အတိုင်း သိအောင်လုပ်နေတာ။
♦ အတွေးကို ပြဿနာမရှာနဲ့။ မတွေးအောင်လုပ်နေတာ မဟုတ်ဘူး။ တွေးရင်
တွေးမှန်းသိအောင် လုပ်နေတာ။
♦ အာရုံကို ပယ်ရမှာမဟုတ်ဘူး။ အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး
(ရှုမှတ်ပြီး) ပယ်ရမှာ။
♦ သဒ္ဓါရှိမှ ဝီရိယရှိမယ်။ ဝီရိယရှိမှ သတိမြဲမယ်။ သတိမြဲမှ သမာဓိတည်မယ်။
သမာဓိတည်မှ အမှန်အတိုင်း သိမယ်။ အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်
လာတယ်။
♦ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်။ အတိတ်ကိုလည်း မပြန်နဲ့။
အနာဂတ်ကိုလည်း မကြံနဲ့။
♦ အာရုံက အရေးမကြီးဘူး။ အနောက်က အလုပ်လုပ်နေတဲ့စိတ်၊ ရှုမှတ်နေတဲ့
စိတ်က ပိုအရေးကြီးတယ်။ ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာ
ပဲ။
အရှင်တေဇနိယ(ရွှေဥမင်)
Buddhavasa Tiloka။
Labels:
Others
Subscribe to:
Post Comments (Atom)
No comments:
Post a Comment