Kulturnat i Hornbæk. (Culture Night Hornbæk in Denmark).
ဟွန်း(န်)ဘိ(ခ်) မြို့လေးရဲ့ပွဲတော်ညချမ်း။
ဒိန်းမတ်နိုင်ငံရဲ့ မြို့တိုင်းလိုလိုမှာ မြို့ပွဲတော်လေးတွေ တစ်နှစ်မှာတစ်ရက်
ကျင်းပလေ့ရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံလို မြို့လေးတွေမှာ သတ်သတ်မှတ်မှတ်
ပွဲတော်ရယ်လို့ မရှိတာကြောင့် ၁၉၉၀ ၀န်းကျင်နောက်ပိုင်းမှစပြီး မြို့ပွဲတော်လေးတွေ
ကျင်းပခဲ့ကြတာပါ၊ သူ့မြို့နဲ့သူ အောက်တိုဘာဝန်းကျင် ဆောင်းဦးကျောင်းပိတ်ရက်
မတိုင်ခင် သောကြာညနေခင်းမှာစပြီး ကျင်းပလေ့ရှိကြပါတယ်၊
အဲဒီနေ့မှာ ပုံမှန်အားဖြင့် ညနေ ၅နာရီပိတ်လေ့ရှိကြတဲ့ဆိုင်တွေအားလုံးလဲ
ည ၁၀ နာရီကျော်သည်အထိဖွင့်ကြပါတယ်၊ မြို့လယ်လမ်းမပေါ်မှာလည်း
ဆိုင်တွေဖွင့်ကြတယ်၊ အစားအသောက် အလကားကျွေးကြတာလဲရှိတယ်၊
Jezz music စတဲ့ တီးဝိုင်းတွေနဲ့လဲ ဧည့်ခံဖျော်ဖြေကြတယ်။
မနေ့ညချမ်းပိုင်းက ကျွန်တော်တို့မိသားစုရောက်သွားတဲ့ Hornbæk မြို့ပွဲတော်လေးက
အိမ်နဲ့ ၆ ကီလိုဘဲဝေးပါတယ်၊ ဟိုရောက်တော့ သူတို့သားအမိနဲ့လမ်းခွဲပြီး ကျွန်တော်
ကတော့ ထုံးစံအတိုင်း စာကြည့်တိုက်မှာကျန်ခဲ့ပြီး fb မိတ်ဆွေများအတွက် ကင်မရာနဲ့
တစ်မျိုး ဖုန်းနဲ့တစ်ဖုံ ဓါတ်ပုံတွေရိုက်ရင်းကျန်ခဲ့ပါတယ်။
အထူးခြားဆုံးနဲ့ ကျွန်တော်အကြိုက်ဆုံးကတော့ မြို့လေးရဲ့ပြည်သူ့စာကြည့်တိုက်မှာ
ကလေး လူကြီး ကြိတ်ကြိတ်တိုး စည်ကားနေတာကိုပါဘဲ၊ ပြည်သူနဲ့စာကြည့်တိုက်
တစ်သားထဲကျနေအောင် ကြိုးစားမှုကဒိန်းမတ်မှာအထူးအောင်မြင်နေပါတယ်၊
ပုံတွေမှာတွေ့ရမှာဖြစ်တဲ့ စာကြည့်တိုက်ထဲမှာ ကလေးတွေအတွက် ပုံပြင်ဖတ်ပြတဲ့
အစီအစဉ်ရှိမယ်၊ လက်ပေါ်မှာအရုပ်လှလှလေးတွေဆွဲပေးတဲ့ အစီအစဉ်လဲရှိပါတယ်၊
င်္နမည်ကြီး အကမယ်နဲ့အတူကနိုင်တဲ့ အစီအစဉ်လဲပါ ပါတယ်၊ အသက် ၇၀ ကျော်စုံတွဲ
တွေလဲ ငယ်မူပြန်ပြီး ၀င်ကကြတာတွေ့ခဲ့ရပါတယ်။
လမ်းမပေါ်မှာ မီးသတ်တပ်ဖွဲ့က ကလေးတွေလဲပျော် သူတို့လည်း ရန်ပုံငွေရအောင်
ကရိန်းကြီးယူလာပြီး ကလေးတွေကို ကောင်းကင်ကနေ မြို့ကိုကြည့်နိုင်အောင်
အန္တရာယ်ကင်းအစီအမံတွေနဲ့ ဆောင်ရွက်ပေးလို့ ကလေးတွေလဲစီးဘို့
တန်းစီနေကြလေရဲ့။
ပြန်ခါနီးမိသားစု ပြန်ဆုံကြတော့ မြန်မာပြည်အလွမ်းပြေ ပွဲဈေးတန်းမှာဘာမှမစားခဲ့
ရဘူးဖြစ်မှာမို့ သမီးကိုမုန့်စားခိုင်းတော့ သမီးကအာလူးပန်းခိုင်ကြော်
ဝင်တန်းစီပါတယ်၊ စောင့်ရတာနာရီဝက်လောက်ကြာပါတယ်၊တစ်ချောင်းကို ဒိန်းမတ်
ခရိုနာ၂၀ ပေးရပါတယ်၊ ၃ထောင်ကျပ်လောက်ဖြစ်မှာမို့ ကျွန်တော့်ကိုတော့
အိမ်ရောက်မှ ကြော်ကျွေးမယ်ဆိုပြီး ပွဲမှာဘာမှမစားခဲ့ရကြောင်းပါ။
(သီဟိုရှင်ပွဲဈေးတန်းက မုန့်ပေါင်းနဲ့အကြော်စုံအမှတ်တရ ရေနွေးကြမ်းအိုးထဲမှာလဲ
တစ်ခါတစ်ရံဘီအီးတွေဖြစ်နေတတ်ပါတယ်)
MinMawHlaMyint(FB posted on 21st,Sept 2013).
မိသားစု ဘ၀လေးရယ်၊ မိမိ ရေးချင်မိတာလေးတွေရယ်ကို ဆွေမျိုး၊မိတ်ဆွေ များနဲ့ မျှဝေခံစားဘို့ ရည်ရွယ်ပြီး ဒီ ဓါတ်ပုံအယ်(လ်)ဘမ် ဘလော့(ဂ်) လေးကိုအစပျိုးပါတယ်။
Sunday, 29 September 2013
ရောင်းသူမဲ့ ဟင်းသီးဟင်းရွက်ဆိုင်လေး။
ကျွန်တော်တို့သမီးရဲ့သူငယ်ချင်းအိမ်ရှေ့က ဟင်းသီးဟင်းရွက်ဆိုင်လေးပါ၊
ကားလမ်းဘေးရောင်းသူမဲ့ဆိုင်လေးလဲဖြစ်ပါတယ်၊
ဈေးနှုန်းလေးတွေရေးထားပြီး ပိုက်ဆံသေတ္တာကနေအအမ်းယူလို့ရပါတယ်၊
ကတ်ကြေးထားပေးပြီး ပန်းကိုတော့အခင်းထဲကနေ ကိုယ့်ဘာသာရွေးဖြတ်နိုင်ပါတယ်။
ကျွန်တော် ၉တန်းကျောင်းသားဘ၀၊ ပခုက္ကူကဆရာကြီးဦးမြင့်မောင်ရဲ့အင်္ဂလိပ်စာ
ကျောင်းမှာရှိတဲ့ ရောင်းသူမဲ့သရေစာဆိုင်လေးကို သတိရမိပါတယ်၊ စာရိတ္တပျိုးထောင်ခြင်းပါ။
- Min Maw Hla Myint ကျွန်တော်တို့မြန်မာတိုင်းရင်းသားအားလုံးမှာ ရိုးသားမှုအရင်းခံစိတ်ရှိကြပါတယ်၊ သူများနိုင်ငံတွေလို ပြည်သူတွေအူမတောင့်ဘို့ကို သက်ဆိုင်ရာတွေကစီစဉ်ပေးဘို့လိုနေသေးတာကြောင့်လို့ဘဲ မြင်ပါတယ်။ အပေါ်ကဆိုင်လေးက လမ်းသွားလမ်းလာသိပ်မရှိတဲ့ ကားလမ်းဘေးမှာပါ၊ ၀ယ်ချင်ရင် ကားရပ်ပြီးမှဆင်းဝယ်ရပါတယ်၊ အားကျပြီး လမ်းဆုံလမ်းခွကျွန်တော့်အိမ်ဘေးမှာ သိမ်းမထားချင်တဲ့ DVD တွေထိုင်ခုံနဲ့တင်ပြီး နွေရာသီ စနေ၊ တနင်္ဂနွေမှာ မနက်ချခင်း ညနေမှပြန်သိမ်း လုပ်လိုက်ပါတယ်၊ အဆင်ပြေပါတယ်၊ တစ်ချို့ဆို အခွေတွေဖရိုဖရဲဖြစ် နေတာကို စနစ်တကျပြန်စီပေးသွားကြတယ်၊ မှတ်မှတ်ရရ စနေအသောက်ညနေမှာတော့ 60 ကရိုနာ(၁သောင်းခန့်) ပါသွားဘူးတယ်၊ လူငယ်တစ်ချို့ကောင်းပြီးမသွားတာနေမှာပါ၊ ကောင်းတာပါဘဲ၊ ကိုယ်ကယူခဲ့ဘူးမှာကိုး၊ ပြုသူအသစ်တဲ့ မသိကြလို့ပါ၊ ကျွန်တော်ကတော့ အကြွေးတစ်ခု ကျေသွားတာပေါ့ခင်ဗျား :)။MinMawHlaMyint(FB posted 28th, Sept 2013).
ပိုင်ရှင်မဲ့နှင့် ကိုယ်ချင်းစာတရား။
တလောတုန်းက လက်ကိုင်ဖုန်းအသစ်လေးတလုံးကောက်ရပါတယ်၊
ကောက်ရတယ်ဆိုတာထက် ပိုင်၇ှင်မဲ့တွေ့ ရတယ်ဆို၇င်ပိုမှန်မှာပါ၊
အိမ်နဲ့ ၇ ကီလိုလောက်ဘဲလှမ်းတဲ့ Gilleleje ဆိုတဲ့မြို့ လေး၇ဲ့
ဘူတာမှာကျွန်တော်၇ဲ့ဇနီးကိုသွားကြိုတာပါ၊
ည ၉ နာ၇ီကျော်ဆိုတော့ဘူတာမှာလူတယောက်မှမ၇ှိတော့ပါဘူး၊
အပြင်ဘက်ခုံတန်းလျားပေါ်မှာတွေ့ တာပါ၊ ယူကြည့်လိုက်တော့အကောင်းစားပါ၊
ဘက်ထ၇ီတော့သေနေပါပြီ၊
၁၅ မိနစ်လောက်ကြာတော့ကျွန်တော်၇ဲ့ဇနီးရောက်လာပါတယ်၊
ဘူတာ၇ုံးကလဲပိတ်နေပါပြီ၊ လူလဲတယောက်မှမတွေ့ ရတော့တာနဲ.
ထားခဲ့၇င်လဲ အေ၇ှ့အလယ်ပိုင်းသားတချို့ နဲ့ တွေ့ ရင်အပိုင်ယူသွားမှာကြောင့်
စာေ၇း ကျွန်တော့် ဖုန်းနံပါတ်ပါရေးပြီး ခုံမှာညှပ်ထားခဲ့ပြီး သိမ်းခဲ့ပါတယ်၊
မနက်ဘူတာဖွင့်ချိန်မှာမှပြန်လာအပ်ဘို့ ပါဘဲ၊
ည ၁၁ နာ၇ီကျော်မှာပိုင်၇ှင် ဖုန်းဆက်လာပြီးအိမ်လာယူသွားပါတယ်၊
ပိုင်၇ှင်ကပြောပြတယ်၊ သူသွားခဲ့တဲ့နေ၇ာတွေလိုက်၇ှာနေတာတဲ့၊
နောက်ဆုံးမှာမှစာကိုတွေ့ ရတာတဲ့ အ၇မ်းပျော်သွားတာဘဲတဲ့၊
ကျေးဇူးလဲအရမ်းတင်ကြောင်းပြောသွားပါတယ်၊
သူမေးလို့ ပြောပြလိုက်တာတခုတော့၇ှိတယ်၊
"ငါတို့ မြန်မာနိုင်ငံသားတွေကို မိဘတွေက ငယ်ငယ်ကထဲကနေ
သူများပစ္စည်းမသိအောင်မယူဘို့ ဆုံးမထားကြတယ်၊ မင်းတို့ မေ့ကျန်
ပျောက်တဲ့ပစ္စည်းတွေငါတို့ နိုင်ငံသားတွေတွေ့ ရင်ပြန်ရကြမှာဘဲ"
လို့ ပြောပြလိုက်ရကြောင်းပါခင်ဗျား။
Minmawhlamyint( FB post 9th,July 2013).

Saturday, 28 September 2013
Harvest festival(Høstfest) in Denmark.
Harvest festival(Høstfest) in Denmark.
ဒိန်းမတ်မှာ 31st August ဆိုရင် သီးနှံရိတ်သိမ်းပွဲကျင်းပလေ့ရှိပါတယ်၊
ပုံမှာ ရိတ်သိမ်းပြီးစကောက်ရိုးပုံတွေကိုမြင်တွေ့ရမှာပါ၊
ဒီမှာတော့ကောက်ရိုးလုံးခေါ်ရမယ်ထင်တယ်၊
စက်မှုလယ်ယာစနစ်ရဲ့ ပုံရိပ်တစ်ခုပါ၊
ကျွန်တော်တို့ဆီမှာတော့ ကောက်ရိုးပုံပေါ့။
ကျွန်တော်တို့ဆီမှာတော့ နှစ်၅၀ ၀န်းကျင်သက်တမ်းရှိပြီဖြစ်တဲ့ "လက်မှုလယ်ယာမှသည်စက်မှုလယ်ယာသို"့ ဆိုတဲ့ဆောင်ပုဒ်ဟာမှုန်ဝါးဝါးဖြစ်နေတုန်းနဲ့ HDI (http://en.wikipedia.org/wiki/Human_Development_Index) အရမ်းနိမ့်ကျနေတုန်း
ဆိုပေမယ့် ဒေါ်လာသန်း ၃၀ ကျော်သူဌေးကတော့ အယောက် ၄၀ တောင် ရှိနေပြီဆိုဘဲ။

MinMawHlaMyint( FB posted 4th,Sept 2013).
Friday, 27 September 2013
"အလုပ်ဟူသမျှ ဂုဏ်ရှိစွ"
"Good Job and Training". "အလုပ်ဟူသမျှ ဂုဏ်ရှိစွ"
ဒီကောင်တွေအိမ်နားကကုန်စုံဆိုင်ရှေ့မှာ ချရောင်းနေကြလေရဲ့၊
"ငါ့နိုင်ငံကသူတွေ ပြချင်လို့ပါကွာ"ဆိုပြီးဓါတ်ပုံရိုက်ခဲ့တာ၊
ဂိုက်ပေးတောင် ကြမ်းနေသေး၊
ဘောင်းဘီအသစ်ဝယ်ချင်လို့တဲ့၊
ဒိန်းမတ်မိဘတွေကိုတော့ သြဘာပေးတယ်ဗျာ၊
ကိုယ်အပိုသုံးချင်ရင် ကိုယ့်ဘာသာရှာဘဲ။
Min Maw Hla Myint (from FB post 12.09.2013).

Thursday, 26 September 2013
အက်(စ်)ကီမို(Eskimo)တို့ တိုင်းပြည်။
ဂ၇င်းလန်း(Greenland) က Denmark နိုင်ငံထဲကပါ၊ ၁၉၇၀ ၀န်းကျင်ကျွန်တော် ၃၊ ၎
တန်းလောက်တုန်းက ဂ၇င်းလန်းမှာေ၇ခဲတွေနဲ့ အိမ်ဆောက်နေတဲ့
အက်(စ်)ကီမိုလူမျိုးတွေ
အကြောင်းပထ၀ီမှာသင်ခဲ့၇ဘူးတယ်၊ အညာသားကျွန်တော့်အတွက်သူတို့ အစားအ၇မ်းချမ်းနေ
ခဲ့ဘူးတယ်၊ အခုတော့ေ၇ခဲအိမ်တွေနဲ့ မနေကြတော့ပါဘူး၊ ခွေးဆွဲတဲ့စွပ်ဖားတွေနဲ့ တော့သွားလာ၊
ငါး၇ှာနေကြဆဲပါ၊အာတိတ်(Arctic)နဲ့ အတ္တလန်တိတ်(Atlantic) သမုဒ္ဒရာ ၂ စင်းကြားမှာ၇ှိပါတယ်၊
ကိုယ်ပိုင်အုပ်ချုပ်ေ၇း၇ထားပါတယ်၊ မြို့ တော်က Nuuk ဖြစ်ပြီး ကိုပင်ဟေဂင်ကနေ လေယာဉ်
လက်မှတ်ကတော့ US သွားတာထက်ဈေးကြီးပါတယ်။

Min Maw Hla Myint(FB post 13.05.2013).
Monday, 23 September 2013
Library in Denmark.( Bibliotek i Danmark). စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားတဲ့ဒိန်းမတ်။
ဒိန်းမတ်နိုင်ငံမှာ ကျောင်းတိုင်းကိုယ်ပိုင်စာကြည့် တိုက်ရှိတဲ့အပြင်
မြို့လေးတွေတိုင်းမှာလဲ ပြည်သူ့စာကြည့်တိုက်တွေဖွင့်လှစ်ပေးထားပါတယ်၊
စာအုပ်အသစ်တွေအမြဲတင်ပေးတဲ့အပြင် DVD, Video, CD, play station
စတာတွေပါဌားလို့ရပါတယ်၊ ၀န်ဆောင်မှုအားလုံး အခမဲ့ဖြစ်ပါတယ်၊
မြို့လေးတွေတိုင်းမှာလဲ ပြည်သူ့စာကြည့်တိုက်တွေဖွင့်လှစ
စာအုပ်အသစ်တွေအမြဲတင်ပေးတဲ့အပြင
စတာတွေပါဌားလို့ရပါတယ်၊ ၀န်ဆောင်မှုအားလုံး အခမဲ့ဖြစ်ပါတယ်၊
ပြည်သူ့စာကြည့်တိုက်တိုင်းမှာလဲ ကလေးတွေအတွက် သီးသန့်တစ်နေရာ
ထားရှိပေးပါတယ်၊ သူတို့စိတ်ဝင်စားတဲ့အရာတွေအပြင် ကစားလို့ရအောင်ပါ
လုပ်ပေးထားတတ်ကြပါတယ်၊
မူကြိုတန်းကလေးမှစပြီး ပြည်သူ့စာကြည့်တိုက်နဲ့မစိမ်းအောင်
လေ့လာရေးခရီးပို့ပေးကြပါတယ်၊
ဒါကြောင့် ကလေးသူငယ် ကျောင်းသားအစ သက်ကြီးရွယ်အို မသန်မစွမ်းအဆုံး
ပြည်သူ့စာကြည့်တိုက်ကိုလာကြပါတယ်၊
ဘိုးဘွားဂေဟာမှာလဲ စာကြည့်တိုက်တွေကို လိုက်ပို့တဲ့နေ့ရှိပါတယ်၊
သူတို့အတွက် နားထောင်ရတဲ့စာအုပ် cd(listening book) တွေထားပေးပါတယ်၊
လုပ်ပေးထားတတ်ကြပါတယ်၊
မူကြိုတန်းကလေးမှစပြီး ပြည်သူ့စာကြည့်တိုက်နဲ့မစိမ်းအေ
လေ့လာရေးခရီးပို့ပေးကြပါတယ်၊
ဒါကြောင့် ကလေးသူငယ် ကျောင်းသားအစ သက်ကြီးရွယ်အို မသန်မစွမ်းအဆုံး
ပြည်သူ့စာကြည့်တိုက်ကိုလာကြပါတယ
ဘိုးဘွားဂေဟာမှာလဲ စာကြည့်တိုက်တွေကို လိုက်ပို့တဲ့နေ့ရှိပါတယ်၊
သူတို့အတွက် နားထောင်ရတဲ့စာအုပ် cd(listening book) တွေထားပေးပါတယ်၊
ပုံလေးတွေမှာ ပြည်သူ့စာကြည့်တိုက်မှာမွေ့ပျော
wheel chair နဲ့စာအုပ်လာဌားတဲ့ ဘိုးဘွားကိုပါတွေ့ရမှာပါ၊
သတိပြုမိတာက ဒိန်းမတ်ဟာ 2006 ၀န်းကျင်ကစလို့ နိုင်ငံစီးပွါးေ၇း ကျဆင်းမှု
ကြောင့် ဘဏ်ခွဲ၊ စာတိုက်ခွဲ၊ ဆေးရုံ၊ ဟော်တယ်၊ ရုံး တစ်ချို့ပိတ်သင့်တာပိတ်၊
ပေါင်းသင့်တာပေါင်းလုပ်ခဲ့ရပေမယ
ကိုတော့ အရှိန်အဟုန်မပျက်စေခဲ့ပါခင်ဗျား
(ပုံအချို့ ၀ါးနေတာက ကျွန်တော်နဲ့ ဇနီးရဲ့လျှပ်တစ်ပြက်ရိုက်ချက်တေ
Subscribe to:
Posts (Atom)