"Netto" supermarket in Denmark.
ကျွန်တော်တို့ ဒိန်းမတ်စရောက်တဲ့နေ့မှာဘဲ ဟင်းချက်စရာဝယ်ဖို့
ရောက်တဲ့ "နက်တိုး" ဈေးဆိုင်အကြောင်းပါ။
တိုက်တိုက်ဆိုင်ဆိုင် ဆိုင်နံမည်ကလည်း "နက်တိုး" logo ကလည်း
ခွေးပုံနဲ့ဆိုတော့ ဒီနိုင်ငံကလည်း ငါတို့နိုင်ငံကခွေးနံမည်ကိုခိုးချထား
တာပါလားလို့ ပြောမိကြပါသေးတယ်။
မိတ်ဆွေများအတွက် post လေးတစ်ခုလည်းရေးတင်ချင်မိတော့
ဒိန်းမတ်မိတ်ဆွေတစ်ယောက်ကို "မင်းတို့ .. နက်တိုးလို့ ခွေးတွေကို
နံမည်ပေးကြလားကွ" မေးဖြစ်ပါတယ်။
သူကမပေးကြကြောင်းနဲ့ Netto ဆိုတာကုန်ပစ္စည်းတွေရဲ့ထုတ်ပိုးခကို
ထည့်မတွက်ဘဲ ပစ္စည်းရဲ့အမှန်အလေးချိန်ရဲ့ ဈေးနှုန်းကိုဘဲယူတယ်
ဆိုတဲ့အဓိပ္ပာယ်နဲ့ပေးထားကြောင်းရှင်းပြပါတယ်။
ဒိန်းမတ်မှာတော့အိမ်ရှင်မတိုင်းဈေးဝယ်ရောက်ကြတဲ့ဆိုင်လည်းဖြစ်ပါတယ်။
အထူးသဖြင့် ဟင်းချက်စရာတွေ ဈေးချိုတတ်ပါတယ်။
ထုံးစံအတိုင်း တစ်ခြားထက်ဈေးတင်ထားတဲ့ပစ္စည်းတွေလည်းရှိပါတယ်။
ဒိန်းမတ်နိုင်ငံ Maersk(Mærsk) group ကပိုင်ပြီး တစ်နိုင်ငံလုံးမှာဆိုင်ခွဲ
400 ကျော်ရှိပါတယ်။ ဂျာမဏီ၊ ပိုလန် နဲ့ ဆွီဒင်တို့မှာလည်းဆိုင်ခွဲတွေဖွင့်ထားပါတယ်။
အခွန်မှန်ကန်စွာဆောင်တဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေကြောင့်
သူတို့စီးပွါးရေးအောင်မြင်တာနဲ့အမျှ နိုင်ငံတော်မှာလည်းအကျိုးရှိတော့
တစ်ဆက်ထဲ ပြည်သူမှာလည်းအကျိုးရကြောင်းပါခင်ဗျား။
- U Maw Maw ငရိုဆီ က သူဌေးကြီးတွေ ကတော့ အခွန်ဌာန၊ အာဏာရှိတဲ့လူထံ လာဘ်ထိုးပြီး အခွန် ရှောင်တာ ခုဆို ခရိုတွေ တောင်ဖြစ် နေကြပီ။
- Yazaarka Dydin ခုမှပဲသေချာသိတယ်။။
ဂျာမဏီ ထင်လို့အားမပေးခဲ့ဘူး
ကြာတယ်ခုဘဲ Natto သွားပြီဗျာ။။။
ဘီယာမသောက်တော့မှသိရတယ်ကွာ။
ဒီနေ့တော့ 3krတန် သုံးလုံးဝယ်ပြီး
ဂုဏ်ပြုလိုက်မယ် - Pakokku View ကိုမော်ရေ အဲမှာလို perfect competation မျိုးဒီမှာဖြစ်ဖို့ဆိုရင် လုပ်ပိုင်ခွင့်အလွဲတွေအရင် မျိုးတုန်းမှဖြစ်လိမ့်မယ်။ လတ်တလောကတော့ တရာလက်လွတ်စီးပွားချုပ်ကိုင်ပြိုင်ဆိုင်မှုကိုပဲ ကျနော်တို့ ချောင်းကြည့်နေရတယ်။
ပေးဆောင်ရပါတယ်၊ ၃၇ နာရီထက်ပိုလုပ်လို့ ရတဲ့ဝင်ငွေခွန်ကတော့ ၃၈ ထက်ပိုများ
သွားပါပြီ။ သာမန်အလုပ်သမားလစာနဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အရာရှိတွေလစာ ပြောပလောက်
အောင်မကွာခြားပါဘူး၊ ဘယ်သူမှလစာကလွဲလို့အပိုဝင်ငွေမရှိကြပါဘူး။
တစ်ဦးချင်းဝင်ငွေသိပ်မကွာခြားအောင်အဲလိုနည်းတွေနဲ့ထိန်းပါတယ်။
အခုလိုသူဌေးကြီးတွေများလေ ပြည်သူ့အတွက်ကောင်းလေပါဘဲ။
ဦးမော်ပြောတဲ့ ခရိုဆိုတာတွေဒိန်းမတ်လွှတ်လိုက်ရင်တော့ ဒီကပြည်သူ
တွေအကျိုးဘဲရှိလာမလား..
ဒိန်းမတ်အပေါ်ထပ်အဆောက်အအုံ ဘဲပျက်စီးသွားမလားသံသယရှိတယ်.ဟားဟား
သန်းနိုင်ပြောတဲ့တရားလက်လွတ်မှုမရှိနိုင်သလို လာဘ်မစားတဲ့အပေါ်ထပ်ကြောင့်
ပြည်သူတွေအကျိုး ခံစားရပါတယ်၊ ပြောရရင် အစကောင်းခဲ့လို့ပါဘဲ။
မင်းမော်လှမြင့်။ ၉၊၁၊၂၀၁၄ facebook post
No comments:
Post a Comment