Thursday, 16 January 2014

မြန်မာပြည်ကိုအလည်ရောက်ခဲ့တဲ့မင်းသမီးမေရီရဲ့ ဒိန်းမတ်နိုင်ငံတော်ဝင်မိသားစု။


ဒိန်းမတ်နိုင်ငံမှာ 1849 ကထဲကဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြဌာန်းခဲ့ပါတယ်။ နိုင်ငံကို ပြည်သူတင်မြှောက်တဲ့ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့
ကအုပ်ချုပ်ပြီး တော်ဝင်မိသားစုဟာနိုင်ငံရေးအာဏာကျင့်သုံးမှုမရှိပါဘူး။

ဒိန်းမတ်နိုင်ငံအစိုးရဟာ
အခါအားလျှော်စွာပြည်သူ့ဆန္ဒနဲ့အညီ အခြေခံဥပဒေ
ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဥပမာ 1915 မှာအမျိုးသမီးတွေ
ဆန္ဒမဲပေးခွင့်အတွက်ပြင်ဆင်ခဲ့ပါတယ်။

အခုဘုရင်မဖြစ်တဲ့ မာဂရက်(Margrethe) ဟာလည်း အမျိုးသမီးဖြစ်တဲ့အတွက်အခြေခံဥပဒေအဟောင်းအရ
အဖေဘုရင်ရဲ့အရိုက်အရာကိုဆက်ခံခွင့်မရှိပါဘူး။
1953 နောက်ပိုင်းပြင်ဆင်ပြီးမှသာ ဘုရင်မအဖြစ်ဆက်ခံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီးဟာ 1967 မှာပြင်သစ်နိုင်ငံသားနဲ့လက်ထပ်ခဲ့ပြီး 1972 မှာတော့
ဒိန်းမတ်နိုင်ငံရဲ့ဘုရင်မဖြစ်လာခဲ့ပါတယ်။
ဖရက်ဒရစ်(ခ်)(Frederik) နဲ့ ရော်ကင်း(Joachim)သား၂ယောက်မွေးဖွားခဲ့ပါတယ်။

အိမ်ရှေ့စံသားကြီးဖရက်ဒရစ်(ခ်)ကမြန်မာပြည်ကိုအလည်ရောက်ရှိခဲ့တဲ့
Australia သြစတေးလျ သူ မေရီ(Mary) ကို2004မှာလက်ထပ်ခဲ့ပါတယ်။
ဒါကြောင့်မေရီဟာ Crown Princess of Denmark ဖြစ်ပါတယ်။
နောက်ဆုံးမွေးတဲ့အမွှာ၂ယောက်နဲ့ဆိုသားသမီး၎ဦးရှိပါပြီ။

မင်းသမီးမေရီဟာ၂၀၁၄၊ ဇန်န၀ါရီလတုန်းကမြန်မာနိုင်ငံကိုအလည်ရောက်ရှိ
ခဲ့တာဖြစ်ပြီးရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖူးမျှော်နိုင်ခဲ့ပါတယ်။
မင်းသမီးမေရီမြန်မာပြည်ကပြန်လာကာစကဒိန်းမတ်TVမှာ
မြန်မာလူမျိုးတွေဟာယဉ်ကျေးဖေါ်ရွေကြကြောင်းပြောခဲ့ပါတယ်။
 

ဘုရင်မရဲ့သားငယ်ရော်ကင်း(Joachim)ကတော့1995 မှာ
တရုတ်သွေးပါတဲ့ဟောင်ကောင်သူ Alexandra နဲ့လက်ထပ်ခဲ့ပါတယ်။
သား၂ယောက်ရပြီး 2005 မှာကွာရှင်းခဲ့ပါတယ်။
2008မှာပြင်သစ်သူ မာရီ(Marie)နဲ့ဒုတိယအကြိမ်လက်ထပ်ခဲ့ပြီး
သား ၁ သမီး ၁ ထပ်မံရရှိထားပါတယ်။

                                                                              
                                                                         
ဒီတော်ဝင်မိသားစုဟာသက်ဦးဆံပိုင်ဘုရင်တွေကဆင်းသက်လာတာ
ဖြစ်ပေမဲ့ ပဒေသရာဇ်အငွေ့အသက်တွေမရှိကြတော့ပါဘူး။
ပြည်သူ့ဆေးရုံမှာတက်ကြတယ်၊ ကလေးတွေကိုပြည်သူ့ကျောင်း
မှာဘဲထားတယ်၊ ပြည်သူနဲ့ကင်းကွာမှုမတွေ့ရပါဘူး။

လူသားတစ်ဦးရဲ့တန်ဘိုး၊ အခွင့်အရေးတွေကိုအလေးထားသလို
သူတို့ကိုယ်တိုင်လည်းလူသားတွေပီပီနေထိုင်ကျင့်သုံးကြကြောင်းပါခင်ဗျား။


မင်းမော်လှမြင့်(YSO,PKU)။ 

No comments:

Post a Comment