Wednesday, 22 January 2014

မြန်မာပြည်ရဲ့ ပထမ ဆိုတာတွေရဲ့ ပထမဦးဆုံးများ

ဒီပိုစ့်လေးကတော့ သူငယ်ချင်းတွေ အတွက် အရမ်းကိုတန်ဖိုးရှိလိမ့်မယ်လို့ မျော်လင့်ထားပါတယ်..ဒီပိုစ်လေးကို တင်နိုင်ဖို့ အချိန်တွေအများကြီးကို ရင်နှီးခဲ့ရပေမဲ့ သူငယ်ချင်းတွေ အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျနော် တင်ရကျိုးနပ်လို့ အရမ်းကို ပီတိဖြစ်ရမှာပါ..သူငယ်ချင်းမိတ်ဆွေတွေကို အစဉ်လေးစားလျှက်..

မြန်မာပြည်ရဲ့ ပထမ ဆိုတာတွေရဲ့ ပထမဦးဆုံးများ (39 photos ပါပါတယ်)

ကျွန်တော်တို့ ဂေါတမမြတ်စွာဘုရားသည် ဗာရာဏသီပြည်၊ မိဂဒါဝုန်တော နန္ဒိယ၀ိဟာရကျောင်းတော်တွင် ပထမဆုံးဝါဆိုတော်မူခဲ့ပါတယ်။

ပထမဆုံးသရဏဂုံတည်ခဲ့သူနှင့် မြတ်စွာဘုရားအား ပထမဆုံးဆွမ်းကပ်လှူဒန်းခဲ့သူများမှာ တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ဖြစ်ပါတယ်။

ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိပြီး ပထမဆုံးတရားဟောကြားတော်မူသောတရားမှာ ဓမ္မစကြာတရားဖြစ်ပါတယ်။

ရွှေတိဂုန်စေတီတော်ကြီးအား ဥက္ကာလာပမင်းကြီးက မဟာသက္ကရာဇ် (၂၀၃)ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် တည်ထားကိုးကွယ်ခဲ့သည်။ စတင်တည်စက အမြင့် (၄၄တောင်) (၆၆ပေ) ရှိပါတယ်။

ဆူးလေစေတီတော်ကို သာသနာနှစ် (၂၃၅) ခုနှစ်က တည်ခဲ့ပါတယ်။ ရန်ကုန်မြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် သက္ကရာဇ် (၁၂၂၄) ခုနှစ်တွင် ဆူးလေစေတီတော်ကြီးအား ပထမဆုံးအကြိမ် ထီးတော်တင်ခဲ့ပါတယ်။

ဗိုလ်တထောင်ဘုရား၏စိန်ဖူးတော်အား (၁၉၅၄) ခုနှစ်၊ ဇန၀ါရီလ (၃) ရက်နေ့တွင် တင်ခဲ့ပါတယ်။

ပိဋကတ်သုံးပုံကို ပထမဦးဆုံးအောင်မြင်စွာ အာဂုံဆောင်နိုင်ခဲ့သောပုဂ္ဂိုလ်ထူးမှာ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်ပါတယ်။

ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံအား ပထမဦးဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့သောမြေပုံမှာ (၁၃၇၅) ခုနှစ်က ထုတ်ဝေခဲ့သော (ကတ်တလန်) (Cultland) မြေပုံဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းအစောဆုံးဝင်ရောက်ခဲ့သော မျိုးနွယ်စုမှာ ထိဗက်-မြန်မာ၊ မွန်-ခမာတို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံအကြောင်း ပထဆုံးသောဖော်ပြခဲ့သောစာအုပ်မှာ (မာကိုပိုလို) ၏ မှတ်တမ်းများစာအုပ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာသော အင်္ဂလိပ်လူမျိုးမှာ ဆာ-ရက်(လ်)-ဖစ်ခ်ျ (Sir Ralph Fitch) ဖြစ်ပြီး၊ ၁၅၅၈ ခုနှစ် နန္ဒဘုရင်လက်ထက်က ပဲခူးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာပထမဦးဆုံးဘုရင်မှာ အဘိရာဇာ အမည်ရှိသော သာကီဝင်မင်းဖြစ်ပြီး၊ ဧရာဝတီမြစ်အေ၇ှ့ဘက်ကမ်းတွင် သက်ဿရဌ မည်သော တကောင်းပြည်ကြီးကို တည်ထောင်ခဲ့ပါတယ်။

ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သူမှာ အနော်ရထာမင်း (နန်းစံနှစ် ၁၀၄၄-၁၀၇၇ )ဖြစ်ပါတယ်။

ကုန်ဘောင်မင်းဆက်၏ ပထမဆုံးဘုရင်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (နန်းစံနှစ် ၁၇၅၂-၁၇၆၀) ဖြစ်ပါတယ်။

မြန်မာမြေပေါ်တွင် ပထမဆုံးခြေကုတ်စခန်း တည်ဆောက်သွားခဲ့သူမှာ ပေါ်တူဂီအမြောက်တပ်သား ငဇင်ကာ ခေါ် ဖိလစ်ဒီ-ဘရစ်တို (Philippe de Britto) ဖြစ်ပြီး ခရစ်နှစ် (၁၆၀၅) ခုနှစ်တွင် သံလျှင်မြို့တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာ့ပထမဆုံးနေပြည်တော်မှာ ဘီစီ (၃၀၀၀) က ပေါ်ပေါက်ခဲ့သော သုဝဏ်ဏဘုမ္မိ နေပြည်တော် ဖြစ်ပါတယ်။

မြန်မာပထမဆုံးမြို့လွှတ်တော်သည် သက္ကရာဇ် (၅၇၃) ခုနှစ် ဇေယျသိင်္ခမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာ့ပထဆုံးမြို့တော်မှာ အနော်ရထာမင်း (၁၀၄၄ အေဒီ) ကတည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ်။

ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက (၁၇၅၅) ခုနှစ်၊မေလ (၂) ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ပထမဆုံးအမည်မှာ ဥက္ကလာပ မြို့ပါ။

ရန်ကုန်မြို့ရဲ့ ပထမဆုံးမြေကွက်အကျယ်မှာ အကျယ်အ၀န်းနှစ်မိုင်ပတ်လည်ခန့်သာရှိပြီး ယနေ့ခေတ်အမှတ်အသားဖြင့်ဆိုလျှင် မြောက်ဘက်တွင် ဆူးလေစေတီတော်၊ တောင်ဘက်တွင်ရန်ကုန်မြစ်၊အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံးဝန်းကျင်၊ အနောက်ဘက်တွင် လမ်း (၃၀) ခန့်အထိဖြစ်ပြီး၊ (၁၇၅၅) ခုနှစ်၊ မေလ (၂) ရက်နေ့တွင် စတင်ခဲ့ပါတယ်။ မြို့တည်ဆောက်ရာတွင် လက်ဝဲသုန္ဒရ(ဦးနေ)နှင့် ဝေဌုရာဇာတို့ ပူးတွဲတာဝန်ယူခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့သော အနောက်နိုင်ငံမှနယ်ချဲ့များကို ပထမဆုံးချေမှုန်းခဲ့သူမှာ အနောက်ဘက်လွန် မင်းဖြစ်ပါတယ်။

မန္တလေးမြို့တွင် (၁၈၇၀) ပြည့်နှစ်၊ ဇူလိုင်လ(၃၀) ရက်နေ့က ပထမဆုံးခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဖွင့်လှစ်ခဲ့ရာ မင်းတုန်းမင်းကိုယ်စား ကင်းဝန်မင်းကြီး၊ ယောမင်းကြီးနှင့်ကုလားဝန်တို့ တက်ရောက်ကြပါတယ်။

ရန်ကုန်မြို့၏ပထမဆုံးမြို့တော်ဝန်မှာ ဦးဇေယျနန္ဒဖြစ်ပြီး၊ (၁၇၅၅)ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါတယ်။

မြန်မာဘုရင်အစိုးရနှင့် နိုင်ငံခြားအစိုးရတို့၏ ပစ္စည်းဝယ်ယူတင်သွင်းရေးရာဆိုင်ရာ ပထမဆုံးစာချုပ်မှာ (၁၈၆၇)ခုနှစ်၊ ဇူလှိုင်လ(၂)ရက်နေ့က (တော့ဖင်ဒလေ-အင်- C0)နှင့်စက်ပစ္စည်းဝယ်ယူရန် ချုပ်ဆိုသော စာချုပ်ဖြစ်ပါတယ်။

မန္တလေးမြို့အား မင်းတုန်းမင်းတရားကြီးက (၁၈၅၇) ခုနှစ်၊ ဇန၀ါရီလ(၂၈) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါတယ်။

မန္တလေးမြို့တော်အတွင်း စွယ်တော်စင်နှင့်ဗဟိုစင်တို့ကို(၁၈၅၇) ခုနှစ်၊ စက်တင်ဘာလ(၄) ရက်နေ့တွင်စတင်ဆောက် လုပ်ခဲ့ပါတယ်။

သင်္ကြန်အခါ၌ မဏ္ဍပ်များဆောက်ပြီး ရေပက်ကစားခြင်းသည် ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်မှစတင်ခဲ့ပါတယ် မြန်မာလူမျိုးတို့၏နေအိမ်တွင် နတ်အုန်းကိုချိတ်ဆွဲပြီးကိုးကွယ်ခြင်းဓလေ့သည် အနော်ရထာမင်းလက်ထက်မှစတင်ခဲ့ ပါတယ်။

မြန်မာ့အစောဆုံးစာကြည့်တိုက်မှာ (၁၁) ရာစုက အနော်ရထာမင်းကြီး သထုံမြို့မှပုဂံသို့ သယ်ဆောင်လာသောစာအုပ် များထားရှိရာ စာကြည့်တိုက်ဖြစ်ပါတယ်။

မြန်မာ့ပထမဦးဆုံးအခမဲ့လူထုစာကြည့်တိုက်မှာ (ဘားနက်) အခမဲ့စာကြည့်တိုက် (Bernard Free Library) ဖြစ်ပြီး၊ Sir Charles Edward Bernard က ရန်ကုန်မြို့ (ယခုရန်ကုန်ဆေးရုံကြီးရှေ့ အထက(၁)လသာကျောင်းနေရာ) တွင် (၁၈၈၃) ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဘုရင်နှင့်အတူ ပလ္လင်ပေါ်မှာထိုင်ပြီး ပထမဆုံးကန်တော့ခံခဲ့သည့် မိဖုရားခေါင်ကြီးမှာ နန်းမတော်မယ်နု (မသ ၁၁၄၆- ၁၂၀၂) ဖြစ်ပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ရှိ ခရစ်ယာန် ပုပ်ရဟန်းမင်းကြီးထံ မြန်မာဘာသာဖြင့်ပထမဆုံးစာရေးခဲ့သော မြန်မာလူမျိုးမှာ မြန်မာ့ပထမဆုံး ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ဂါလီဇီယာရောက်ရှိစဉ်က (ဂျွန်) အမည်ခံ မြန်မာလူမျိုးဖြစ်ပါတယ် 6 ကြိမ်မြောက်ပုပ်ရဟန်းမင်းကြီး ပိုင်းယပ်စ်ထံ (၁၇၇၂) ခုနှစ်လောက်က ပေရွက်ပေါ်ရေးခဲ့သော စာဖြစ်ပါတယ်။

မြန်မာ့ပထမဆုံး ရာဇ၀င်ကျမ်းမှာ ရှင်မဟာသီလ၀ံသ (၁၅၀၂) ခုနှစ်က ရေးသားခဲ့သော ရာဇ၀င်ကျော်ကျမ်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ စေလွှတ်ခဲ့သော ပထမဆုံး ပညာတော်သင်အဖွဲ့တွင် မောင်ရွှေအိုး၊ မောင်ရွှေဘင်၊မောင်ထွန်းအောင်နှင့် မောင်ညွှန့်တို့ ပါဝင်ပြီး၊ (၁၈၅၇) ခုနှစ်က အိန္ဒိနိုင်ငံ၊ ကာလကတ္တားမြို့သို့ ပညာတော်သင်ခရီးသွားရောက်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံးခဲစာလုံးများကို ဘိုးတော်ဘုရားမင်း လက်ထက် (၁၇၄၀) ပြည့်နှစ်တွင် သံလျင်မြို့သို့ ရောက်ရှိလာသော ဘုရင်ဂျီဘုန်းတော်ကြီး မက်ကော-ကာပါးနီး က အီတလီနိုင်ငံ၊ ရောမမြို့သို့ ပြန်အရောက်တွင် တီထွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာဘာသာဖြင့်ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့သောစာအုပ်မှာ (Alphabetum Barmanum) မြန်မာသင်ပုန်းကြီး ဖြစ်ပြီး၊ (၁၇၇၆) ခှုစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဘရင်ဂျီသာသနာပြု ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပုပ်ရဟန်းမင်း ကြီး (Pole Pius 6) ကိုအမူးပြုထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ စာမျက်နှာ(၁၁၅) မျက်နှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံတွင်ပထမဆုံး ရေမြုပ်ဗုံးကိုစတင်တီထွင်ခဲ့သူမှာကနောင်မင်းသားကြီးဖြစ်ပြီး အောင်ပင်လယ်ကန်တွင် သက္ကရာဇ် (၁၂၄၀) ပြည့်နှစ်က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။

မြန်မာအက္ခရာများနှင့် ဂဏန်းများပါသည့် မြန်မာ့ပထမဆုံးနာရီမှာ မြန်မာ့ပထမဆုံးခရစ်ယာန် ဂိုဏ်းခုပ်ဆရာတော်ဖြစ် ခဲ့သူ ဆရာတော် ပီယို-ဂါလီဇီယာမှ မွန်ဘုရင်သမိန်ထောထံ (၁၇၄၃) ခုနှစ်က ဆက်သခဲ့သော တိုင်ကပ်နာရီကြီးဖြစ်ပါ တယ်။ယင်းနာရီကြီးအား ရောမမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာပထမဆုံးပုံနှိပ်တိုက်မှာ မင်းတုန်းမင်းကြီး မန္တလေးမြို့၊ ရွှေနန်းတော်မြောက်ဥယျာဉ်တွင် တည်ခဲ့သော ပုံနှိပ်တိုက်ဖြစ်ပါတယ်။

မြန်မာ့ပထမဆုံးဒင်္ဂါးသွန်းစက်ရုံကို မင်းတုန်းမင်းလက်ထက် (၁၈၅၆)ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ထိုနေ့မှပင် မြန်မာပထမဆုံးဒင်္ဂါးများသော ဒေါင်းတံဆိပ်ဒင်္ဂါးပြားများကို သွန်းလုပ်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံးဒင်္ဂါးသွန်းစက်ရုံ မြန်မာ့ပထမဆုံးဒင်္ဂါးပြားများကို မင်းတုန်းမင်းလက်ထက်၊ (၁၈၆၅) ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့တွင် သွန်းလုပ်ထုတ်ဝေခဲ့ ပါတယ်။

မြန်မာလူမျိုးထဲမှ လော့ဂရစ်သမ် (Logarithm) ခေါ် ဂဏန်းတွက်ပုံကို ပထမဆုံးတက်မြောက်အသုံးပြုခဲ့သူမှာ ဘိုးတော်ဘုရား ၏ သားတော် မက္ခရာမင်းသားဖြစ်ပါတယ်။

မြန်မာ့ပထမဆုံးအင်္ဂလိပ်-မြန်မာအဘိဓာန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း) ၏သားတော် မက္ခရာမင်းသားက ပြုစုပြီး (၁၈၄၁) ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား (Calcutta) မြို့၌ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

မြန်မာလူမျိုးထဲမှ အင်္ဂလိပ်စွယ်စုံကျမ်းကို မြန်မာဘာသာသို့ ပထမဆုံးဘာသာန်ြဆိုခဲ့သူမှာ ဘိုးတော်ဘုရား၏သားတော် မက္ခရာမင်းသားဖြစ်ပြီး (ရီးစ်-စွယ်စုံကျမ်း) (Ree's Encyclopedia) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့သော ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးများမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှ ဘုန်းတော်ကြီး (Fr.Genoud) နှင့် (Fr.Joret) တို့ဖြစ်ကြပြီး သန်လျင်မြို့သို့ (၁၆၈၉) ခုနှစ်က ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကာတိုလိပ်သာသနာပြုအသင်းကို (ဘားနဘိုက်-ဘုန်းတော်ကြီးများ) (Barnabite Fathers) ကသန်လျင်မြို့တွင် (၁၇၂၁) ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။

မြန်မာပထမဆုံးခရစ်ယာန်ဂိုဏ်ချုပ်ဆရာတော်မှာ ကာသိုလိပ်ဂိုဏ်ချုပ်ဆရာတော် ပီယို-ဂါလီဇီယာ (Mgr. Pio Gallizia) ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ (၁၇၂၈) ခုနှစ်၊ မေလက ရောက်ရှိခဲ့ပါတယ်။

မြန်မာလူမျိုးထဲမှ ပထမဆုံးခရစ်ယာန်ဘာသာဝင်ဖြစ်လာသူမှာ (မောင်နော) ဖြစ်ပြီး၊ (၁၈၁၉)ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့ တွင် ဆရာယုဒသန် (Saya Judson) ၏ နှစ်ခြင်းကို ခံယူခဲ့ပါတယ်။ Picture ပထမဆုံးခရစ်ယာန်ဘာသာဝင်ဖြစ်လာသူ မောင်နော နှစ်ခြင်းခံနေစဉ်

မြန်မာလူမျိုးထဲမှ ပထမဆုံးခရစ်ယန်ဘာသာဝင်ဖြစ်လာသော အမျိုးသမီးမှာ (ဒေါ်မင်းလေး) ဖြစ်ပါတယ်။

မြန်မာပထမဆုံးခရစ်ယာန်စာသင်ကျောင်းကို ဒေါ်မင်းလေးက (၁၈၂၀) ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ပထမဆုံးနှစ်ခြင်းခရစ်ယာန်သာသနာပြုဘုရားရှိခိုးကျောင်းကို ဆရာယုဒသန်က မော်လမြိုင်မြို့တွင် (၁၈၂၇) ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ Picture
မြန်မာ့ပထမဆုံးနှစ်ခြင်းခရစ်ယာန်သာသနာ ဘုရားရှိခိုးကျောင်း။

တိုင်းတစ်ပါးဖြင့် ပထမဆုံးလက်မှတ်ရေးထိုးခဲ့သောစာချုပ်မှာ အီတလီနိုင်ငံနှင့်ဖြစ်ပြီး မန္တလေးမြို့တွင် (၁၈၁၇) ခုနှစ်၊ မတ်လ(၃) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ံသို့ ပထမဆုံးရောက်ရှိလာသောကင်မရာမှာ ဘိုးတော်ဘုရားလက်ထက် (၁၇၉၇)ခုနှစ်၊ မတ်လ (၂၁) ရက်နေ့က အရှေ့အန္ဒိယမှ (Captain Hiram Cox) ယူဆောင်လာသော (Camear obscura) ခေါ် သေတ္တာကင်မရာဖြစ်ပါတယ်။

မြန်မာလူမျိုးထဲမှ လူမှုဝန်ထမ်းအလုပ်ကို ပထမဆုံးမျိုးချပေးခဲ့သူမှာ ဒေါ်ဦးဇွန်း (သီလရှင် ဘွားသုမာလာ) (မသ ၁၂၃၀- ၁၃၀၆) ဖြစ်ပါတယ်။ Picture လူမှုဝန်ထမ်းအလုပ်ကို ပထမဆုံး မျိုးချပေးခဲ့သူ ဒေါ်ဦးဇွန်း။
မင်းကွန်းမြို့ရှိ မင်းကွန်းလူအိုရုံကို ရဟန်းအစ်မကြီး၊ ဒေါ်ဦးဇွန်းက (၁၉၁၅) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံး မြန်မာ-အဂ်လိပ်အဘိဓာန်ကို (ဒေါက်တာအဒိုနီရမ်-ဂျပ်ဆင်) (Dr Adoniram Judson) ခေါ် ဆရာယုဒ သန် (Saya Judson) က (၁၈၄၈) ခုနှစ်တွင်ပြုစုခဲ့ပါတယ်။

မြန်မာ့ပထမဆုံး မြန်မာ-အင်္ဂလိပ်အဘိဓာန်ပြုစုသူ ဆရာဂျပ်ဆင် နိုင်ငံခြားသို့ ပထမဆုံးသွားရောက်ခဲ့သော မြန်မာသံတမန်အဖွဲ့မှာ မင်းတုန်းမင်းလက်ထက် (၁၈၅၆) ခုနှစ်က အိန္ဒိယနိုင်ငံ၊ ကာလကတ္တား (Calcutta) မြို့သို့ သွားခဲ့သောအဖွဲ့ဖြစ်ပြီး၊ ဒီပဲယင်းဝန်ထောက်မင်း ဦးညမဲ၊ သူ၏ညီ ဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက်မြောင်းအတွင်းဝန် ဦးေ၇ွှအိုး၊ မြင်းဝန် ဦးအောင်သူတို့ပါဝင်ကြပါတယ်။ Picture နိုင်ငံခြားသို့ ပထမဆုံးသွားရောက်ခဲ့တဲ့ မြန်မာသံတမန်အဖွဲ့။

မြန်မာနိုင်ငံတွင် ဆည်ရေစပါးကို အနော်ရထာမင်းလက်ထက်က ကျောက်ဆည်ခရိုင်တွင် စတင်စိုက်ပျိုးခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ပထမဆုံး မီးသတ်စက်မှာ အိန္ဒိယနိုင်ငံရှိ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံမှ အိမ်ရှေ့မင်းသားတစ်ပါးအား လက်ဆောင်ဆက်သခဲ့သော မီးသတ်စက်ဖြစ်ပြီး (၁၈၁၀) ပြည့်နှစ်တွင်စတင်အသုံးပြုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာသင်ကျောင်းမှာ ဘကြီးတော်ဘုရားမင်းလက်ထက် အင်းဝနေပြည် တော်မှ ဥရောပတိုက်သား ဒေါက်တာပရိုက်စ် (Dr. Price) ၏ ကျောင်းဖြစ်ပါတယ်။ လူငယ်ကျောင်းသား (၄)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာလူမျိုးထဲမှ မြို့ပြအင်ဂျင်နီယာဘွဲ့ကို ပထမဆုံးရရှိခဲ့သူမှာ မောင်ရွှေအိုးဖြစ်ပြီး၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ဗဟိုဝိဇ္ဖာ နှင့် ထုတ်လုပ်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ကို (၁၈၆၆) ခုနှစ်၊သြဂုတ်လက ရရှိခဲ့ပါတယ်။ Picture မြို့ပြအင်ဂျင်နီယာဘွဲ့ ပထမဆုံးရရှိခဲ့သူ မောင်ရွှေအိုး။

မြန်မာ့ပထမဆုံး အမျိုးသားစာသင်ကျောင်းကို ရန်ကုန်မြို့(၂၃)လမ်းတွင် (၁၉၂၁)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့က စတင်တည်ထောင် ဖွင့်လှည်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံး ယက်ကန်းကျောင်းမှာ အရပငရညမို့မှ ဆောင်းဒါးစ် (Saunders) ယက်ကန်းကျောင်းဖြစ်ပါတယ်။

မင်းတုန်းမင်းလက်ထက် (၁၈၆၉)ခုနှစ်၊ ဇွန်လ(၉) ရက်နေ့တွင် ကျောက်စိမ်းဥပဒေတော်စာအုပ်ကို မြောက်ဥယျာဉ်တော် ပုံနှိပ်တိုက်မှ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်အား (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ံ၏ ပထမဆုံးကျောင်းသားသမဂ္ဂမှာ ကြည့်မြင်တိုင်ကျောင်းသားသမဂ္ဂဖြစ်ပြီး၊ (၁၉၁၆)ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ပါတယ်။ ပထမဆုံးကျောင်းသားသပိတ်သည် (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းခံခဲ့ရသော ပထမဆုံးမြန်မာအမျိုးသမှးမှာ မသိန်းတင်နှင့် အခြားအမျိုးသမီးလေးဦး တို့ဖြစ်ကြပါတယ်။ Picture နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းချခံခဲ့ရသော ပထမဆုံး မြန်မာအမျိုးသမီး မသိန်းတင်။

ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးပညာဆည်းပူးခဲ့သော အမျိုးသမီးနှစ်ဦးမှာ မန္တလေးမြို့မှ ဦးကျော်ရန်သမီး မထား နှင့် မော်လမြိုင်မြို့ စတီးလ်ဘရားသားစ် (Steel Brothers) စာရေးဆရာကြီး ဦးကောင်း၏ သမီး မမေစု တို့ဖြစ်ကြ ပါတယ်။

ရန်ကုန်တက္ကသိုလ်၏ပထမဆုံးအဓိပတိမှာ မြန်မာနိုင်ငံ၊ ဒုတိယဘုရင်ခံ (ဆာ-ရယ်ဂျီနယ်လ်xကာရက်ဒေါက်) (Sir Regin- ald Craddock) ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဘွဲ့နှင်းသဘင်ကို (၁၉၂၁)ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ (Jubilee Hall) အဆောက်အဦးကြီးတွင် ကျင်းပခဲ့ပါတယ်။ ထိုဘွဲ့နှင်းသဘင်ပွဲတွင် လယ်တီဆရာတော် အားဂုဏ်ထူးဆောင် ဥပဒေပါရဂှုဘွဲ့ ဆက်ကပ်ခဲ့ပါတယ်။ Picture ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးဘွဲ့နှင်းသဘင် ကျင်းပခဲ့သော ဂျူဗလီခန်းမ ရန်ကုန်တက္ကသိုလ်ဘွဲ့နျင်းသဘင်ခန်းမတွင် ပထမဆုံးဘွဲ့နှင်းသဘင် အခမ်းနားကို (၁၉၃၁)ခုနှစ်တွင် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ပထမဆုံးပါမောက္ခမှာ ဆရာကြီးဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) ဖြစ်ပါတယ်။ Picture မြန်မာနိုင်ငံ၏ ပထမဆုံးပါမောက္ခ ဦးဖေမောင်တင်

မြန်မာနိုင်ငံတွင် ပါဌိပထမပြန်စာမေးပွဲများကို (၁၈၇၅)ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့မှ စတင်ကျင်းပခဲ့ပါတယ်။ ရန်ကုန်သမ၀ါယမ ဒီဂရီကောလိပ်ကို (၁၉၉၇)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ် (Calcutta University) ၀င်တန်းစာမေးပွဲကို အောင်မြင်ခဲ့သော ပထမဆုံးမြန်မာ လူမျိုးမှာ တရားဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင် (၁၈၉၀-၁၉၇၅)ဖြစ်ပါတယ်။ Picture ကာလကတ္တားတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထမဆုံးအောင်မြင်ခဲ့သူ ဦးသိမ်းမောင်

မြန်မာနိုင်၏ပထမဆုံးအမျိုးသမီး မြန်မာစာပါမောက္ခမှာ ဒေါ်သန်းဆွေဖြစ်ပါတယ်။ မြန်မာ့ပထမဆုံး မြန်မာအမျိုးသမီးဥပဒေပြုလွှတ်တော်အမတ်မှာ မော်လမြိုင်မှာ ဒေါ်မြဖြစ်ပြီး၊ (၁၉၂၉)ခုနှစ်တွင် အရွေးခံ ရပါတယ်။ Picture ပထမဆုံး မြန်မာအမျိုးသမီးဥပဒေပြုလွှတ်တော်အမတ် ဒေါ်နှင်းမြ

ကိုလိုနီခေတ်ဦး အစိုးရအထက်တန်းကျောင်း အမြဲတမ်းကျောင်းအုပ်ရာထူးကို မြန်မာလူမျိုးထဲမှ ပထမဆုံးခန့်ထားခြင်းခံ ရသူမှာ ဦးစံရွှ (၁၈၈၂-၁၉၇၂) ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ပါမောက္ခဦးဖေမောင်တင်က (၁၉၂၅) ခုနှစ်တွင် စတင်ခဲ့ပါတယ်။

မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ပထမဆုံးတက်ေ၇ာက်ခဲ့ပြီး၊ ဂုဏ်ထူးယူခဲ့သူမှာ မောင်စိန်တင်ဖြစ်ပါသည်။ Picture မြန်မာစာဝိဇ္ဖာဂုဏ်ထူးတန်းကို ပထမဆုံးတက်ရောက် ပြီး ဂုဏ်ထူးယူခဲ့သူ မောင်စိန်တင်

မြန်မာလူမျိုးထဲမှ ပထမဆုံးစာကြည့်တိုက်ပညာဘွဲ့ရရှိခဲ့သူမှာ ဦးခင်ဇော် (ဆရာ K) ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးတက္ကသိုလ်ကျောင်းသားလူရွှင်တော်မှာ ကိုဘိုးကြွေ(ပုသိမ်)ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ပထမဆုံးစာပေးစာယူသင်တန်းကို ပညာရေးတက္ကသိုလ်၌ (၁၉၆၈) ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ ပြီး၊ကျောင်းသူ ကျောင်းသားများထံသို့ သင်ခန်းစာများကို (၁၉၆၈)ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင် စတင်ပေးပို့ခဲ့ ပါတယ်။

ရန်ကုန်အဝေးသင်တက္ကသိုလ် (ယခင် တက္ကသိုလ်စာပေးစာယူ) အား (၁၉၉၂)ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပြီး၊ပထမဆုံးပါမောက္ခမှာ ဦးမျိုးညွန့်ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ကို (၁၉၉၃)ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ (၁၉၉၅)ခုနှစ်က ဖွင့်လှစ်ခဲ့သော မြန်မာစာပါရဂူဘွဲ့၏ပထမဆုံးသင်တန်းသားမှာ ကိုအောင်မြင့်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဗုဒ္ဒသာသနာအဖွဲ့၏ ပထမဆုံး ပိဋကတ်မြန်မာပြန်စာမေးပွဲကို (၁၉၆၅)ခုနှစ်၊ မေလ(၉)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန(၁၁၂)ခုတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ပါတယ်။

ကြေးမုံသတင်းစာကို (၁၉၅၇)ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာစတင်ထုတ်ဝေခဲ့ပါတယ်။

မြန်မာပထမဆုံးကျောင်းသားသပိတ်အစည်းအဝေးကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရွှေကျင်တိုက်၊ ဦးအရိယဘုန်းတော်ကြီး ကျောင်းတွင် (၁၉၂၀)ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့က ကျင်းပခဲ့ပါတယ်။ Picture မြန်မာပထမဆုံးကျောင်းသားသပိတ်အစည်းအဝေး ကျင်းပခဲ့သော ကျောင်းတိုက်။

မြန်မာနိုင်ငံတွင်ဖွဲ့စည်းခဲ့သော ပထမဆုံးမြန်မာအမျိုးသမီးအသင်းမှာ ရန်ကုန်မြို့ မော်တင်လမ်းရှိ ဦးကြူးဖိနပ်ဆိုင်၏ အပေါ်ထပ်၌ (၁၉၁၉)ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့က ဖွဲ့စည်းခဲ့သော မြန်မာအမျိုးသမှး ကုမ္မာရီအသင်းဖြစ်ပါတယ် အသင်း၏ပထမဆုံးဥက္ကဌမှာ ဒေါ်စုစု (ရိက္ခာတော်ရ စည်ပင်သာယာရေးအရေးပိုင် ဦးဘိုးသောင်၏ဇနီး)ဖြစ်ပြီး၊အတွင်းရေး မှုးမှာ ဒေါ်စောတင် (ဖိနပ်ဆိုင်ပိုင်ရှင် ဦးကြူ၏ဇနီး) နှင့် ဒေါ်လှမေ (ဒီဒုတ်ဦးဘချို၏ဇနီး) တို့ဖြစ်ကြပါတယ်။

မြန်မာပထမဆုံးကျောင်းသားရန်ပုံငွေကပွဲကို (၁၉၂၃)ခုနှစ်က ဂျူဗလီခန်းမတွင် မြို့မအမျိုးသမီးအထက်တန်းကျောင်းမှ ကျောင်းသူလေးမျးက ကပြဖျော်ဖြေသွားခဲ့ပါတယ်။ Picture မြန်မာ့ပထမဆုံးကျောင်းရန်ပုံငွေကပွဲမှ ကျောင်းသူလေးများ။

ရန်ကုန်ဘူတာကြီးအား (၁၉၄၇)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၅၄)ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါတယ်။ Picture (၁၉၄၇)ခုနှစ်က ရန်ကုန်ဘူတာကြီး Picture ရန်ကုန်မြို့၊

ဗိုလ်တထောင်မြို့နယ်ရှိ စိန်ပေါလ်အမျိုးသားအထက်တန်းကျောင်း (ယခု အထက-၆- ဗိုလ်တထောင်)အား (၁၈၆၀)ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် ခရစ်ယာန်ဂိုဏ်ချုပ်ကြီး (ဘီဂန်းဒတ်) က စတင်တည်ထောင်ခဲ့ပါတယ် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ (ဗရင်ဂျီသာသနာပြု သီလရှင်များ၏လူအိုရုံ (Catholic Home for the Aged Poor) ကိုပြင်သစ် နိုင်ငံမှ ခရစ်ယာန်ဂိုဏ်းအုပ်ကြီး (ဘီဂန်းဒတ်) က (၁၈၈၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။ Picture ခရစ်ယာန်ဂိုဏ်းအုပ်ကြီး ဘီဂန်းဒတ် Picture ဗရင်ဂျီသာသနာပြုသီလရှင်များ၏ လူအိုရုံ။

အင်းစိန်ရဲစုံထောက်ကျောင်းကို (၁၉၂၆)ခုနှစ်၊ ဇွန်လတွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ပထမဆုံးအမျိုးသမီးပုလိပ်အဖွဲ့ကို (၁၉၃၉)ခုနှစ်ကအင်းစိန်ညမို့နယ်တွင် ဖွဲ့စည်းခဲ့ပါတယ်။ Picture မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးပုလိပ်အဖွဲ့။

ဆရာဝန်ဘွဲ့ကိုပထမဆုံးရရှိခဲ့သူမှာ Ambrose de Rosario ဖြစ်ပြီး၊ (၁၈၀၆) ခုနှစ်က ဆေးပညာကို အီတလီနိုင်ငံတွင် သွားရောက်လေ့လာဆည်းပူးခဲ့ပါတယ်။ မြန်မာပထမဆုံးဆရာဝန်မှာ မွန်လူမျိုး ဒေါက်တာရှောလူး (Dr. Shaw Lu) (၁၈၃၉-၁၉၂၉)ခုနှစ်က အမေရိကန်နိုင်ငံတွင် ဆေးပညာဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။ Picture မြန်မာ့ပထမဆုံးဆရာဝန် ဒေါက်တာရှောလူး

မြန်မာ့ပမဆုံးအမျိုးသမီးဆရာဝန်မှာ ဒေါက်တာဒေါ်စောဆ (Daw Saw Sa) ဖြစ်ပြီး၊ (၁၉၁၄)ခုနှစ်မှ (၁၉၂၁)ခုနှစ်အထိ ဗဟိုအမျိုးသမီးဆေးရုံ (ယခင် ဒပ်ဖရင် သားဖွားဆေးရုံ)တွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Picture မြန်မာ့ပထမဆုံးအမျိုးသမီးဆရာဝန် ဒေါ်စောဆ။

မြန်မာလူမျိုးထဲမှ ပထမဆုံးသွားစိုက်ဆရာဝန်ဖြစ်လာသူမှာ သွားစိုက်ဆရာဝန်ကြီး ဦးထောင်ဘို (၁၈၈၅-၁၉၆၄)ဖြစ်ပါ တယ်။ ရွှေတိဂုံစေတီတော်အနီးရှိ ဦးထောင်ဘိုလမ်းမှာ ဆရာကြီးအား ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ (အမ်-ဘီ-ဘီ-အက်စ်) (MBBS) ဆရာဝန်ဘွဲ့ကိုအင်္ဂလန်ဆေးကောင်စီမှ (၁၉၃၇) ခုနှစ်တွင် ပထမဆုံးအ ကြိမ်အသိအမှတ်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းများ ၀ါတွင်၌ တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင်ပိတ်ရန် (၁၉၅၃)ခုနှစ်၊ ဇူလိုင်လ(၂၄) ရက်နေ့တွင် စတင်သတ်မှတ်ခဲ့ပါတယ်။

မြန်မာပထမဆုံးတရားရုံးချုပ်ရှေ့နေမှာ (ဆာ-အာသာ-အဂ္ဂါ) (Sir Arthur Eggar) ဖြစ်ပြီး၊ (၁၉၃၇)ခုနှစ်တွင် တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်များဆေးရုံအား (၁၉၂၈)ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာပထမဆုံးသူနာပြုသင်တန်းကို ရန်ကုန်ဆေးရုံကြီးတွင် (၁၈၇၇)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်ပထမဆုံးအလုပ်သမားဆေးရုံကြီး (Worker's Hospital) အား (၁၉၆၄)ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသူနာပြုတက္ကသိုလ်အား (၁၉၉၁)ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး၊ ပထမဆုံးကျောင်းအုပ် ကြီးမှာ ဒေါက်တာဒေါ်ဝင်းမေ ဖြစ်ပါတယ်။

မြန်မာ အင်တာနက် (၀က်ဆိုဒ်) (Webside) ထဲတွင် ပထမဆုံး (MSN - Skype -Yahoo! - Gtalk - Facebook - AIM / ICQ-Jabber - Vkontakte - MySpace - Hyves - imo) ချက်များကို စတင်ထည့်ခဲ့သော (Webside) မှာ www.minnkoko.weebly.com (ကွန်နရှင်ရှိတဲ့နေရာ) ဖြစ်ပြီး (၂၀၁၁) ခုနှစ် မေလ (၂၃) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ ပါတယ်။ (webside) ပိုင်ရှင်အမည်မှာ မင်းကိုကို ဖြစ်ပြီး gmail အကောင့်မှာ- koko.minn783@gmail.com ဖြစ် ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဖလောရင့်စ်-နိုင်တင်ဂေးလ် (Florence Nightingale) ဆုကို ပထမဆုံးဆွတ်ခူးခဲ့သော မြန်မာအမျိုး သမီးမှာ ဆေးတပ်မှူး ဗိုလ်မှူးဒေါ်ခင်အုန်းမြ ဖြစ်ပါတယ်။ Picture လောရင်စ်-နိုက်တင်ဂေးလ်ဆု ပထမဆုံးဆွတ်ခူးခဲ့သူ ဗိုလ်မှူးဒေါ်ခင်အုန်းမြ။

မြန်မာနိုင်ငံတွင် မီးပုံးပျံကို ပထမဆုံးစီးခဲ့သူမှာ ထားဝယ်မြို့သား မီးပုံးပျံဦးကျော်ရင်ဖြစ်ပြီး၊ (၁၉၂၉)ခုနှစ်က ပထမဆုံး အကြိမ် မီးပုံးပျံကို စီးပြခဲ့ပါတယ်။ Picture မီးပုံးပျံကို ပထမဆုံးစီးခဲ့သူ ဦးကျော်ရင်။

ဗြိတိသျှခေတ်က မြန်မာတို့အား မည်သည့်အခါမျှ ခန့်အပ်ခြင်းမပြုခဲ့သည့် ယစ်မျိုးမင်းကြီးရာထူးကို မြန်မာလူမျိုးထဲမှ ပထမဆုံးခန့်အပ်ခြင်းခံရသူမှာ ဦးရွှေဇံအောင်ဖြစ်ပါတယ်။

Mary Chapman နားမကြားကလေးငယ်များကျောင်း၏ ပထမဆုံးကျောင်းသားမှာ ဟင်္သာတမြို့မှ ခုနှစ်နှစ်သားလေး မောင်ဘိုဘိုဖြစ်ပါတယ်။ ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ Mary Chapman နားမကြားကလေးငယ်များကျောင်းကို Miss Mary Chapman နှင့် Miss Walden တို့က (၁၉၂၀)ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပါတယ်။

(၁၉၉၅)ခုနှစ်က တည်ထောင်ခဲ့သော မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ မထမဆုံးဥက္ကဌမှာ ပညာမင်းကြီး ဦးကောင်း (၁၉၀၄-၁၉၅၇) ဖြစ်ပါတယ်။ Picture သမိုင်းကော်မရှင်၏ပထမဆုံးဥက္ကဌ ဦးကောင်း။

မြန်မာနိုင်ငံ၏ပထမဆုံးဘုရင်ခံချုပ်မှာ (ဆာ-ယာကုပ်-ဘတ္တလာ) (Sir Jacob Butler) ဖြစ်ပါတယ်။

မြန်မာ့မထမဆုံးးအမျိုးသမီးသံအမတ်ကြီးမှာ ဒေါ်ခင်ကြည်ဖြစ်ပြီး၊အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံများဆိုင်ရာ သံအမတ်ကြီး ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အင်္ဂလိပ်လက်ထက်က မြန်မာလူမျိုးထဲမှ ပထမဆုံးဘုရင်ခံဖြစ်ခဲ့သူမှာ (ဆာ-ဂျေ-အေ-မောင်ကြီး) (Sir Joseph Augustus Maung Gyi) ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏မထမဆုံးသမ္မတမှာ ရှမ်းလူမျိုး စပ်ရွှေသိုက်(၁၈၈၆-၁၉၆၂) ဖြစ်ပါတယ်။ Picture မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ စပ်ရွှေသိုက်

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်မှာ ဦးနု (၁၉၀၇-၁၉၉၅) ဖြစ်ပါတယ်။

မြန်မာ့ရုပ်သေးကို ဆင်ပေါက်ဝဲရွာသား စာတော်တော်ဦးကြင်ဥနှင့်သဘင်ဝန်ဦးသော်တို့က (၁၇၇၆)ခုနှစ်တွင် စတင်တီ ထွင်ခဲ့ပါတယ်။

မြန်မာ့ပထမဆုံးခေတ်သစ်ဇတ်ဆရာမှာ (ဂရိတ်-ဦးဘိုးစိန်) (မသ ၁၂၄၄-၁၃၁၅) ဖြစ်ပါတယ်။ Picture

မြန်မာ့ပထမဆုံးရုပ်ရှင်တီးဝိုင်းဆရာများမှာ န္ဒိယလူမျိုးတယောဆရာများဖြစ်ကြပါတဲ့ ကိုတင်၊ ကိုဘူဒါနှင့် ကိုမာမွတ်တို့ ဖြစ်ကြပါတယ်။

နိုင်ငံခြားသို့ သွားရောက်ဖျော်ဖြေသော မြန်မာ့ပထမဆုံးဆိုင်းဆရာမှာ ရွာစားကြီးစိန်ဗေဒါဖြစ်ပြီး (၁၉၁၁)ခုနှစ်က အိန္ဒိယ နိုင်ငံ၊ ရတနာဂီရိစံ၊ သီပေါမင်းရှေ့တော်၌ ဖျော်ဖြေခဲ့ပါတယ်။ Picture။

စန္ဒရားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီးခတ်သူမှာ ဆရာညွန့်ဖြစ်ပြီး (၁၉၁၀)ပြည့်နှစ်ဆွင် စတင်တီးခဲ့ပါတယ်။

မြန်မာ့ဆိုင်းလောကတွင် ဆိုင်းကို ပတ်စာပိုးတီးနည်းအား ရွာစာကြီးစိန်ဗေဒါက တီထွင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ဓာတ်စက်ဓာတ်ပြားများကို (၁၉၀၉)ခုနှစ်တွင် ပထမဆုံးအကြိမ်အသုံးပြုခဲ့ပါတယ်။

မြန်မာ့ဇတ်ခုံတွင် အောက်လင်းဓာတ်မီးများထွန်းသော ဇတ်ခုံမျိုးကို ပထမဆုံးတီထွင်ခဲ့သူမှာ မြန်မာ့ဇတ်သဘင်ဆရာ ကြီး ဂရိတ်-ဦးဘိုးစန် ဖြစ်ပါတယ်။ Picture။

ဒီခေတ်အကြောင်းတွေကိုလေ့လာ တာလဲလေ့လာပေါ့ဗျာ...... ဒါပေမယ့် နှောင်းအတိတ်မှာကျန် နေခဲ့တဲ့ အကြောင်းအရာတွေကို မှတ်သားထားကြပေါ့............... www.minnkoko.weebly.com widgeo.net
feeling special with Moe Thet Ngwe and 19 others. (39 photos)

No comments:

Post a Comment