မိသားစု ဘ၀လေးရယ်၊ မိမိ ရေးချင်မိတာလေးတွေရယ်ကို ဆွေမျိုး၊မိတ်ဆွေ များနဲ့ မျှဝေခံစားဘို့ ရည်ရွယ်ပြီး ဒီ ဓါတ်ပုံအယ်(လ်)ဘမ် ဘလော့(ဂ်) လေးကိုအစပျိုးပါတယ်။
Thursday, 16 January 2014
Danish Royal Family
"Danish Royal Family"
ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်ကကျွန်တော့်အမျိုးသမီးလောက်
Royal Family တွေအကြောင်းစိတ်ဝင်စားလေ့မရှိပါဘူး။
အခုတော့ ဒိန်းမတ်ကအိမ်ရှေ့စံရဲ့ကြင်ယာ အိမ်ရှေ့မင်းသမီးလည်း
မြန်မာပြည်သွားထားတယ်၊ ပေးချင်တဲ့ Message လည်းရှိနေတာမို့
ရေးဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ 1849 ကထဲကဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြဌာန်းခဲ့တာပါ၊ နိုင်ငံကို ပြည်သူတင်မြှောက်တဲ့ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရအဖွဲ့
ကအုပ်ချုပ်ပါတယ်၊ တော်ဝင်မိသားစုဟာနိုင်ငံရေးအာဏာကျင့်သုံးမှုမရှိပါဘူး။
အခါအားလျှော်စွာပြည်သူ့ဆန္ဒနဲ့အညီ အခြေခံဥပဒေ
ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ဥပမာ 1915 မှာအမျိုးသမီးတွေ
ဆန္ဒမဲပေးခွင့်အတွက်ပြင်ဆင်ခဲ့ပါတယ်။
အခုဘုရင်မဖြစ်တဲ့ မာဂရက်(Margrethe) ဟာလည်း အမျိုးသမီးဖြစ်တဲ့အတွက်အခြေခံဥပဒေအဟောင်းအရ
အဖေဘုရင်ရဲ့အရိုက်အရာကိုဆက်ခံခွင့်မရှိပါဘူး။
1953 နောက်ပိုင်းပြင်ဆင်ပြီးမှသာ ဘုရင်မအဖြစ်ဆက်ခံခွင့်ရရှိခဲ့တာပါ။
မင်းသမီးဟာ 1967 မှာပြင်သစ်နိုင်ငံသားနဲ့လက်ထပ်ခဲ့ပြီး 1972 မှာတော့
ဒိန်းမတ်နိုင်ငံရဲ့ဘုရင်မဖြစ်လာခဲ့ပါတယ်။
ဖရက်ဒရစ်(ခ်)(Frederik) နဲ့ ရော်ကင်း(Joachim)သား၂ယောက်ဖွားမြင်ခဲ့ပါတယ်။
အိမ်ရှေ့စံသားကြီးဖရက်ဒရစ်(ခ်)ကအခုမြန်မာပြည်ကိုရောက်တဲ့
Australia သြစတေးလျ သူ မေရီ(Mary) ကို2004မှာလက်ထပ်ခဲ့ပါတယ်။
ဒါကြောင့်မေရီဟာ Crown Princess of Denmark ဖြစ်ပါတယ်။
နောက်ဆုံးမွေးတဲ့အမွှာ၂ယောက်နဲ့ဆိုသားသမီး၎ဦးရှိပါပြီ။
ဘုရင်မရဲ့သားငယ်ရော်ကင်း(Joachim)ကတော့1995 မှာ
တရုတ်သွေးပါတဲ့ဟောင်ကောင်သူ Alexandra နဲ့လက်ထပ်ခဲ့ပါတယ်။
သား၂ယောက်ရပြီး 2005 မှာကွာရှင်းခဲ့ပါတယ်။
2008မှာပြင်သစ်သူ မာရီ(Marie)နဲ့ဒုတိယအကြိမ်လက်ထပ်ခဲ့ပြီး
သား ၁ သမီး ၁ ထပ်မံရရှိထားပါတယ်။
ဒီတော်ဝင်မိသားစုဟာသက်ဦးဆံပိုင်ဘုရင်တွေကဆင်းသက်လာတာ
ဖြစ်ပြီး ပဒေသရာဇ်အငွေ့အသက်တွေမရှိကြတော့ပါဘူး။
ဟိတ်ကြီးဟန်ကြီးလုပ်တာတွေမရှိကြတာတွေ့ရပါတယ်။
ပြည်သူ့ဆေးရုံမှာတက်ကြတယ်၊ ကလေးတွေကိုပြည်သူ့ကျောင်း
မှာဘဲထားတယ်၊ ပြည်သူနဲ့ကင်းကွာမှုမတွေ့ရပါဘူး။
လူသားတစ်ဦးရဲ့တန်ဘိုး၊ အခွင့်အရေးတွေကိုအလေးထားသလို
သူတို့ကိုယ်တိုင်လည်းလူသားတွေပီပီကျင့်သုံးကြပါတယ်။
စကားခပ်ရွှင်ရွှင်ပြောရရင် ဘုရင်မကိုယ်တိုင်လည်းသူကြိုက်ရာဆွဲထားသလို
မင်းသားတွေကလည်း သူတို့ကြိုက်ရာကောက်တုတ်ကြတာပါဘဲ။
မျိုးမစစ်တဲ့တော်ဝင်မိသားစု လို့ပြောကြအုံးမလားအတွေးဆန့်မိကြောင်းပါခင်ဗျား။
မင်းမော်လှမြင့်(YSO,PKU) 16.1.2014 facebook post.
Labels:
My Own
Subscribe to:
Post Comments (Atom)
No comments:
Post a Comment