"Constitution for the people"
"ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်သူ့အတွက်"
ဒိန်းမတ်နိုင်ငံ၊ မြို့နယ်အုပ်ချုပ်ရေးရုံးတစ်ခုရဲ့မြင်ကွင်းပါ။
မြို့နယ်ရဲ့အာဏာပိုင်လည်းအဲဒီမှာဘဲရုံးထိုင်ပါတယ်။
ပြည်သူတွေကြုံ တွေ့ရတဲ့ အထွေထွေအခက်အခဲ၊ ပြသနာတွေကို
သက်ဆိုင်ရာဝန်ထမ်းတွေက ကူညီ၊ ဖြေရှင်းလမ်းညွှန်မှုတွေနေ့စဉ်ပေးပါတယ်။
အကြီးဆုံးမှအောက်ခြေ၀န်ထမ်းအထိ လစာမှလွဲပြီး
အပိုဝင်ငွေမရှိကြပါဘူး။
အခန့်မသင့်ရင် ပြည်သူရဲ့အအော်အငေါက်ကိုပါခံရပါသေးတယ်။
အသက် ၃၀ ကျော်ထိမြင်တွေ့အသားကျခဲ့တဲ့မြင်ကွင်းနဲ့ဆန့်ကျင်ဘက်
မျက်နှာထားတင်းနေတာကပြည်သူဖြစ်ပြီး ချို ချို သာသာနဲ့ကျေနပ်အောင်
ဖြေရှင်းပေးနေရတာကအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းဖြစ်ပါတယ်။
"ငါတို့အခက်အခဲပြသနာတွေ ဖြေရှင်းပေးဖို့ ရွေးချယ်ထားတာ"
လို့ပြည်သူတစ်ယောက်ကပြောပါတယ်။
သူ့ဆန်စားတော့ ရဲကြရတဲ့ ဒီနိုင်ငံကအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်း
တွေရဲ့ဘ၀ တစ်စိတ်တစ်ဒေသပါခင်ဗျား။
မင်းမော်လှမြင့် ။ ၁၀၊၁၊၂၀၁၄ Facebook post.
No comments:
Post a Comment